Pages

Saturday, October 13, 2012

ကနေဒါနိုင်ငံရှိ Royal Roads University မှ ပညာရေး ဆွေးနွေးပွဲ ကျင်းပမည်




ရန်ကုန် ၊ ၁၃-၁၀-၂၀၁၂

ကနေဒါနိုင်ငံရှိ Royal Roads တက္ကသိုလ်မှ ချီးမြှင့်သည့် MA (Tourism Management) ဘွဲ့သင်ယူခွင့် လျှောက်ထားခြင်း နှင့် ပတ်သက်၍ ပညာရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း Crown Education မှ သိရသည်။

မြန်မာနိုင်ငံတွင် ကနေဒါ သံရုံး မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ရာ လျှောက်ထားသူ ကျောင်း သား  ကျောင်းသူ များအတွက် ဗီဇာ လေဆာက်ထားမှု ပိုမို အဆင်ပြေ လာမည် ဖြစ်ကြောင်း ၊ အဆိုပါ MA (Tourism Management) ဘာသာရပ်အတွက် စာသင်ချိန် ၁၂ လနှင့် လုပ်ငန်း လက်တွေ့ အတွေ့အကြုံအတွက် ၆ လကြာမြင့်မည် ဖြစ်ကြောင်း ၊ လျှောက်ထားလိုသူများ အနေဖြင့် မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခု ရရှိထားပါက လျှောက်ထားနိုင်ကြောင်း Crown ပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။

No comments:

Post a Comment