Pages

Wednesday, October 31, 2012

ထိုင်းနိုင်ငံ Princess Srinagarindra Award ကို မြန်မာသူနာပြု ရရှိ


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၂

ထိုင်းနိုင်ငံ Princess Srinagarindra Award Foundation မှ ချီးမြှင့်သော Princess Srinagarindra Award ချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် ထိုင်းဘုရင့် နန်းတော် ခန်းမဆောင် ကြီး၌ ကျင်းပရာ မြန်မာနိုင်ငံမှ အငြိမ်းစား သူနာပြုအုပ် အငြိမ်းစား သူနာပြုနှင့် သားဖွား အသင်းဥက္ကဋ္ဌ ဒေါ်အီးဘာဘရို ဆုရွေးချယ်ခြင်း ခံရကြောင်း သိရသည်။

ယင်း Princess Srinagarindra Award သည် ထိုင်းနိုင်ငံ ဘုရင်၏ မယ်တော် H.R.H the Late Princess Srinagarindra Mahidol ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် စတင်ပေးအပ် ခဲ့ရာ ထိုင်းဘုရင့် သမီးတော် H.R.H Princess Maha Chakri Sirindhorn တက်ရောက် ဆုချီးမြှင့် ခဲ့ရာ ဒေါ်အီးဘာဘရိုက ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

Princess Srinagarindra Award ဆုရှင် ဒေါ်အီး ဘာဘရိုအား ထိုင်းနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း နှင့် ထိုင်းနိုင်ငံ သူနာပြု နှင့် သားဖွားကောင်စီ တို့က ဂုဏ်ပြု စားပွဲများဖြင့် တည်ခင်း ဧည်ခံခဲ့သည်။ ဒေါ်အီး ဘာဘရိုသည် အဆိုပါ ဆုလက်ခံ ရယူရန် အတွက် အောက်တိုဘာ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment