Pages

Saturday, October 27, 2012

မောတောင် Check Point နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်




မြိတ် ၊ ၂၇-၁၀-၂၀၁၂

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ၊ တနင်္သာရီ မြို့နယ် ၊ မောတောင် ကျေးရွာတွင် တည်ဆောက်မည့် မောတောင် Check Point နယ်စပ် ကုန်သွယ်ရေး စခန်း မြေနေရာ အား မြေပုံ ကြမ်း ရေးဆွဲရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မောတောင် Check Point နယ်စပ် ကုန်သွယ်ရေးစခန်း မြေနေရာ မြေပုံကြမ်း ရေးဆွဲရန် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဦးစီးဌာန ၊ ညွှန်ကြားရေး မှူးချုပ် နှင့် အဖွဲ့ဝင်များ ၊ မြိတ်ခရိုင် စက်မှု လက်မှု ကုန်သည်ကြီးများ အဖွဲ့ နာယက နှင့် တာဝန်ရှိသူများ ၊ တနင်္သာရီ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် မြေစာရင်း ဦးစီးမှူး နှင့် တာဝန်ရှိသူများ တနင်္သာရီ ၊ ညောင်ပင်ကွင်း ၊ ကြိမ်ချောင်း ၊ သဲဖြူ ၊ မောတောင် လမ်းအတိုင်း သွားရောက်ခဲ့ပြီး မောတောင် Check Point နယ်စပ် ကုန်သွယ်ရေး စခန်း မြေနေရာ ကွင်းဆင်းတိုင်းတာပြီး မြေပုံကြမ်း ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment