Pages

Thursday, October 18, 2012

ဘုရင့်နောင် လမ်းမကြီးအပိုင်း အမြန်ဆုံး ပြုပြင်ပေးစေလို




ရန်ကုန် ၊ ၁၈-၁၀-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် အရှေ့ပိုင်း(ခရိုင်) ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ဘုရင့်နောင် လမ်းသည် တောင်နှင့်မြောက်ကို သွယ်တန်း ဖောက်လုပ်ထားသော မြို့၏ အဓိက လမ်းမကြီး တစ်ခုဖြစ်ပြီး မြို့နေ လူထု၏ နေ့စဉ် အသုံးပြု သွားလာနေသည့် လမ်းကြောင်း လည်း ဖြစ်ပါသည်။ ယခုအခါ ဘုရင့်နောင် လမ်းမကြီးတွင် အမှတ်(၃၀) ရပ်ကွက် ၊ အမှတ်(၃၁) ရပ်ကွက် နှင့် အမှတ်(၃၂) ရပ်ကွက် များကို ဖြတ်သန်းသွားသည့် လမ်းအပိုင်းမှာ ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း ၊ ရာသီဥတု ဒဏ်ကြောင့် လမ်းပခုံးများ ပျက်စီးခြင်း ၊ လမ်းသားပေါ်တွင် ချိုင့်ခွက်များဖြင့် ယိုယွင်း ပျက်စီးမှု အခြေအနေ အလွန် ဆိုးရွားနေပါသည်။

အဆိုပါ ပျက်စီးနေသည့် ဘုရင့်နောင် လမ်းမကြီး အပိုင်းတွင် နေ့စဉ် သွားလာနေကြသည့် ရဟန်း ၊ ရှင်လူ နှင့် မော်တော်ယာ် ၊ အနှေးယာဉ်များမှာ စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေကြပြီး ယခုကဲ့သို့ လမ်းသား ကောင်းမွန်မှု မရှိသဖြင့် အနှေးယာဉ်များ မကြာခဏ တိမ်းမှောက်ခြင်း ၊ မော်တော်ယာဉ် များ မတော်တဆ ယာဉ်အန္တရာယ်များ ပေါ်ပေါက်နေခြင်း တို့ကြောင့် ၄င်းလမ်းကို နေ့စဉ် အသုံးပြု နေသည့် အများပြည်သူတို့က သက်ဆိုင်ရာမှ အမြန်ဆုံး ပြုပြင် ဆောင်ရွက်ပေး စေလိုကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment