Pages

Monday, October 29, 2012

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ နိုဝင်ဘာလတွင် ငွေလွှဲနိုင်တော့မည်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

Western Union Money Transfer အဖွဲ့နှင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် အချို့ ပူးပေါင်း ဆောင်ရွက် မှုကြောင့် နိုဝင်ဘာလမှ စတင်ကာ နိုင်ငံတကာ နှင့် အပြန်အလှန် ငွေလွှဲနိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

Western Union Money Transfer အဖွဲ့သည် မြန်မာနိုင်ငံနှင့် အဓိက ငွေလွှဲ လုပ်ငန်း များ ဆောင်ရွက်နေသော စင်ကာပူ ၊ မလေးရှား ၊ ထိုင်းနိုင်ငံ များအပြင် အမေရိကန် ၊ အင်္ဂလန် ၊ သြစတြေးလျ နှင့် အီးယူနိုင်ငံများ အပါအ၀င် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ ခန့်ဖြင့် ချိတ်ဆက် ကာ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့ ဖြစ်သည်။ လောလောဆယ် Western Union နှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ကြိုးပမ်း နေသော CB ဘဏ် ၊ နှင့် MOB ဘဏ်တို့မှ ၀န်ထမ်းများအား သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။

လတ်တလော ကာလတွင် ငွေလွှဲ လုပ်ငန်းများကို CB ဘဏ် အနေဖြင့် မလေးရှားနိုင်ငံရှိ May Bank , IME Money Express တို့နှင့် လည်းကောင်း ၊ စင်ကာပူ နိုင်ငံရှိ BKK Forex Pte , Ltd ငွေလွှဲ လုပ်ငန်း ၊ Singapore Post ငွေလွှဲလုပ်ငန်း များဖြင့် ချိတ်ဆက် ဆောင်ရွက် နေသကဲ့သို့ ထိုင်းနိုင်ငံရှိ Bangkok Bank တို့နှင့်လည်း ချိတ်ဆက် ဆောင်ရွက် နေကြောင်း သိရှိရသည်။

No comments:

Post a Comment