Pages

Friday, October 5, 2012

မက်စ်ကုမ္ပဏီမှ ဓာတ်ဆီအရောင်းဆိုင် ဖွင့်လှစ်မည်


ရန်ကုန် ၊ ၅-၁၀-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မက်စ်ကုမ္ပဏီမှ အမှတ်(၂၇)ရပ်ကွက် ၊ ပြည်ထောင်စုလမ်း၌ ဓာတ်ဆီနှင့် စက်သုံးဆီ အရောင်းဆိုင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ယင်းအရောင်းဆိုင်အား မြို့တော်စည်ပင် သာယာရေးအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း မက်စ်ကုမ္ပဏီ အရောင်းဆိုင်အား ဆိုင်အဆောက်အအုံ အချောသတ် လုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) လမ်းဆုံ ၊ မြို့ဦးစေတီ အနီး တည်ရှိ၍ ပြည်ထောင်စုလမ်းမကြီး တွင် ဘတ်စ်ကားလိုင်း ပေါင်းစုံ ပြေးဆွဲလျက်ရှိရာ စက်သုံးဆီများ အလွယ်တကူ ၀ယ်ယူရရှိနိုင် သည့် နေရာကောင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment