Pages

Friday, October 5, 2012

ကွန်ပျူတာ နှင့် ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်သူ မည်သူမဆို လုပ်ငန်းရှင်အသင်း ၀င်ရောက်နိုင်




ရန်ကုန် ၊ ၅-၁၀-၂၀၁၂

ကွန်ပျူတာနှင့် ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် မည်သူမဆို ရန်ကုန်တိုင်းဒေသကြီး လုပ်ငန်းရှင်အသင်းသို့ အသင်းဝင်အဖြစ် ၀င်ရောက်နိုင်ကြောင်း သိရသည်။ အသင်းဝင်ရောက် လိုပါက ၀င်ကြေး ကျပ် ၂၀၀၀၀ နှင့် နှစ်စဉ်ကြေး ကျပ် ၁၀၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။ အသင်းဝင် ဖြစ်ပြီးပါက အသင်းမှ ပြုလုပ်သော Exhibition များတွင် အသင်းဝင်များ အနေဖြင့် ဦးစားပေးအဖြစ် ၀င်ရောက် ပြသခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ကွန်ပျူတာ လုပ်ငန်းရှင် အသင်းသည် တစ်နှစ်လျှင် Exhibition ၅ ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီများ ပါဝင်ပြသသည့် နိုင်ငံတကာ Exhibition တစ်ပွဲကို နှစ်စဉ် ကျင်းပသွားမည် ဖြစ်သည်။ အသင်းဝင် အရေအတွက်မှာ တစ်နိုင်ငံလုံးတွင် အသင်းဝင် ၆၀၀ ကျော်ထိ ရှိနေပြီဖြစ်ကြောင်း ၊ နောက်ပိုင်းတွင် အသင်းဝင်များ၏ အခွန်နှုန်းများကို ၁ ဒသမ ၅ မှ ၂ ဒသမ ၅ အထိ လျော့ကျသွားအောင် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment