Pages

▼

Tuesday, October 30, 2012

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တတိယအဆင့် စိစစ်အကဲဖြတ်ရေး အဖွဲ့ဖွဲ့စည်း




ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

ပြန်ကြားရေး ၀န်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အတွက် နှစ်စဉ် ချီးမြှင့်လျက် ရှိသော အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်နိုင်ရန် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တတိယအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့ကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

အဆိုပါ စိစစ် အကဲဖြတ်ရေး အဖွဲ့တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်းမှ တစ်ဦး ၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တစ်ဦး ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ ၈ ဦး ကိုပါ ထည့်သွင်း ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ စာရေးဆရာ အသင်းမှ ဦးတင်ခ (တက္ကသိုလ် တင်ခ) ၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ ဟင်္သတ ဦးမြင့်ငွေ ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဦးကြည်စိုးထွန်း ၊ ဦးမင်းနိုင် ၊ တက္ကသိုလ် ယဉ်ယဉ်လဲ့ ၊ ဦးဆန်နီတင် ၊ ဦးဖိုးထောင် ၊ ဦးလှဆန်းဦး ၊ ဦးအောင်ကိုလတ် နှင့် ဒေါ်မြင့်မြင့်ခင် တို့ ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment