Pages

Tuesday, October 30, 2012

လေယာဉ်ကွင်းဟောင်းများ ပြန်လည် အသုံးပြုနိုင်ရး စိစစ် ဆောင်ရွက်သွားမည်




ဟဲဟိုးလေဆိပ်

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

အသုံးမပြုဘဲ ထားသော လေယာဉ်ကွင်း ၃၆ ကွင်းအနက်မှ မာန်အောင် လေယာဉ်ကွင်း နှင့် ကချင်ပြည်နယ် ရှိ နောင်မွန်း လေယာဉ်ကွင်း နှစ်ကွင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် အသုံးပြု နိုင်ရန် ပြင်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက် တွင် လေယာဉ်ကွင်း ပေါင်း ၆၉ ကွင်း ရှိသော်လည်း ၃၃ ကွင်းသာ လုပ်ငန်း လုပ်နိုင်ပြီး ကျန် ၃၆ ကွင်းမှာ လုပ်ငန်း လည်ပတ် နိုင်မှု မရှိကြောင်း သိရသည်။ လောလော ဆယ်တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ အဖြစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ် နှင့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တို့ကို သတ်မှတ်ထားပြိး နိုင်ငံခြားသား  အ၀င်အထွက် များသော လေယာဉ်ကွင်း များမှာ ဟဲဟိုးလေဆိပ် ၊ ပုဂံ - ညောင်ဦး လေဆိပ် ၊ သံတွဲလေဆိပ် ၊ မြစ်ကြီးနား လေဆိပ် ၊ ကော့သောင်း လေဆိပ်တို့ ဖြစ်ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးမှု အပေါ် မူတည်၍ လေယာဉ်ကွင်း ဟောင်းများကို အသုံးပြုနိုင်ရန် ပြင်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရှိရသည်။

No comments:

Post a Comment