Pages

Wednesday, October 10, 2012

(၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၀-၁၀-၂၀၁၂

အားကစား ၀န်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော (၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြေးခုန်ပစ် ပြိုင်ပွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှစ၍ အောင်ဆန်း ကစားပြိုင်ဝင်း၌ လည်းကောင်း ၊ ရေကူးပြိုင်ပွဲကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီတွင် ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန် နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် အမျိုးသား ရေကူးကန်ရှိ စားပွဲတင် တင်းနစ် အားကစားခန်းမ၌ လည်းကောင်း ၊ ဘော်လီဘော ပြိုင်ပွဲအား အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီတွင် ကျုံးကြီးလမ်းရှိ အမျိုးသား ကြက်တော် အားကစားခန်းမ၌ လည်းကောင်း ၊ မျက်မမြင် စစ်တုရင် ပြိုင်ပွဲအား အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ နေ့စဉ် နံနက် ၇ နာရီ၌ အောင်ဆန်း ကစားပြိုင်ဝင်း မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်၌ လည်းကောင်း ၊ ဂေါက်သီးပြိုင်ပွဲအား အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီခွဲတွင် တပ်မတော် ဂေါက်ကလပ် ၌လည်းကောင်း အသီးသီး ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment