Pages

Sunday, October 21, 2012

ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများအတွက် အင်တာနက် စနစ်သစ်ထပ်မံတပ်ဆင်




ရန်ကုန် ၊ ၂၀-၁၀-၂၀၁၂

ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသား ခရီးသွားများအတွက် အင်တာနက် စနစ်သစ် ထပ်မံ ပြုလုပ်ထားကြောင်း ရွှေတိဂုံ စေတီတော်ရုံး အဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားကြောင်း သိရသည်။

"ကျွန်တော်တို့ ရွှေတိဂုံ စေတီတော ပေါ်မှာ နိုင်ငံခြားသား ဧည့်သည်တွေ အတွက် WiFi စနစ်ကို သုံးစွဲဖို့ အတွက် ဆောင်ရွက်ထားတာ တော့ ရှိပါတယ်။ ဒါပေမယ့် တချို့ ဧည့်သည်တွေက အင်တာနက် သုံးစွဲဖို့ အတွက်ကို သုံးဖို့ ပစ္စည်းတွေ ပါမလာတာတွေ ရှိပါတယ်.. ။ ဒါတွေကို အဆင်ပြေစေဖို့အတွက် နိုင်ငံတကာမှာလိုပဲ အင်တာနက် သုံးလို့အောင် ကွန်ပျူတာတွေကို ပေါပက ရုံးရှေ့မှာ ချထားပေး သွားမှာ ဖြစ်ပါတယ် ...။ " ဟု ပြောကြားသည်။

ရွှေတိဂုံ စေတီတော်ပေါ်တွင် WiFi စနစ်ကို သြဂုတ်လ ၁၅ ရက်မှ စတင် သုံးစွဲနိုင်ခဲ့ပြီး အောက်တိုဘာ လလယ်အထိ သုံးစွဲသူ ၁၅၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment