Pages

Tuesday, October 9, 2012

အခြေခံပညာအလယ်တန်း အဆင့်ရှိသူများအတွက် လုပ်ငန်းခွင် သင်တန်း တက်ရောက်နိုင်




ရန်ကုန် ၊ ၉-၁၀-၂၀၁၂

အခြေခံပညာ အလယ်တန်း အဆင့်ရှိသူများ အတွက် လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းခွင် သင်တန်းကို မလေးရှား နိုင်ငံရှိ SEGI Education Group ၌ တက်ရောက် နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ဆောက်လုပ်ရေး ၊ လူမှုဖူလုံရေး ၊ လျှပ်စစ် ၊ ဟိုတယ် ၀န်ဆောင်မှု ၊ မော်တော်ယာဉ် ၊ ကျန်းမာရေး နှင့် အလှအပ ရေးရာတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။


သင်တန်းအတွက် စာတွေ့ ၃ လ နှင့် လက်တွေ့ ၉ လ သင်ကြားရမည် ဖြစ်ကာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အနိမ့်ဆုံး ပညာအရည်အချင်း အဋ္ဌမတန်းအောင် (သို့မဟုတ်) ပဉ္စမတန်း အောင်မြင်ပြီး တက်ရောက်လိုသည့် ဘာသာရပ် နှင့် နှီးနွှယ်၍ လုပ်ငန်း အတွေ့အအကြုံ ၃ နှစ် ရှိသူများ တက်ရောက်နိုင်ကာ သင်တန်းကြေး အမေရိကန်ဒေါ်လာ ၄၀၀၀ နီးပါး ကျသင့်မည်ဟု သိရသည်။ ယင်းသင်တန်းများ ပြီးဆုံးပါက မလေးရှား အစိုးရ၏ ကျွမ်းကျင်မှု အောင်လက်မှတ် အပြင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ဖြစ်သော City & Guild UK နှင့် သြစတြေးလျ ATES လက်မှတ်တို့ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment