Pages

Saturday, October 13, 2012

အင်တာနက် အသုံးပြုသူ များလာ၍ ငွေကြေးကောက်ခံမှု လျော့ချရန် စီစဉ်လျက်ရှိ




ရန်ကုန် ၊ ၁၃-၁၀-၂၀၁၂

GSM, WCDMA, CDMA ၊ မိုဘိုင်း တယ်လီဖုန်း မှ အင်တာနက် အသုံးပြုဦးရေ သုံးသိန်းကျော်အထိ ရှိလာပြီး ADSL စနစ်ဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်မှာလည်း လက်ရှိအချိန်တွင် ၄၆၇၁၀ ဦး ရှိလာပြီး ငွေကြေး ကောက်ခံမှု နှုန်းထားများကို လျော့ချရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

ADSL စနစ်ဖြင့် အင်တာနက် သုံးစွဲမှုမှာ ၂၀၁၂ ခုနှစ်အတွင်းတွင် မြို့ကြီး ၆၄ မြို့တွင် လိုင်းအင်အား ၄၆၇၁ အထိ တိုးချဲ့ အသုံးပြုလာနိုင်ပြီး အင်တာနက် အသုံးပြုမှု မြန်ဆန်ရေး ဆက်ကြောင်း ရရှိမှု အပေါ် မူတည်၍ လက်ရှိ ငွေကြေး ကောက်ခံမှု နှုန်းထားများအတိုင်း အမြန်နှုန်းများအား တိုးမြှင့်ခဲ့ပြီ ဖြစ်ကာ ငွေကြေးကောက်ခံမှု နှုန်းထားများအား လျော့ချနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

International Internet Backbone Link စုစုပေါင်း ၂၀ Link ဖြင့် ဂျပန် ၊ အမေရိကန် ၊ ဥရောပ ၊ ထိုင်း ၊ စင်ကာပူ ၊ ဟောင်ကောင် နိုင်ငံများသို့ Sea Meule3, Satellite, Cross Border Fiber Link များဖြင့် ချိတ်ဆက် ထားက ၁၃ ဒသမ ၈၈ Gbps အထိ တိုးချဲ့မည် ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment