Pages

Monday, October 22, 2012

တီဘီရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲပြုလုပ်




မန္တလေး ၊ ၂၂-၁၀-၂၀၁၂

ကျန်းမာရေး ဦးစီးဌာန ၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း နှင့် The Union Program to TB Suspects တီဘီရောဂါ ရှာဖွေတွေ့ရှိမှု နှုန်းမြှင့်တင်နိုင်ရေး စီမံချက်ဖြင့် တီဘီရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် စလင်းဝိဘဇ္ဇ၀ါဒီ စာသင်တိုက် နှင့် သဒ္ဓမ္မပါလ သီလရှင် စာသင်တိုက်တို့ တွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် The Union (PICTS) မှ မြို့နယ် တီဘီရောဂါ ရှာဖွေရေး တာဝန်ခံ မှ သံဃာတော် ၂၂၆ ပါးနှင့် သီလရှင် ဆရာလေး ၁၅၃ ပါးတို့အား တီဘီရောဂါ နှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေး ပြောကြားရာတွင် တီဘီရောဂါပိုး တွေ့ရှိပါက ပျောက်ကင်းသည်အထိ အခမဲ့ ကုသနိုင်ကြောင်း ၊ တီဘီရောဂါ ဟု သံသယရှိသူ များကို သလိပ်ခွက်ယူ စစ်ဆေးပေးခြင်း ၊ အဆုတ်တွင် တီဘီရောဂါ ပိုးရှိ-မရှိ အခမဲ့ ဓာတ်မှန်ရိုက်ရန် ညွှန်းပို့ ပေးကြောင်း ၊ ကျန်းမာရေး ဌာနများနှင့် လက်တွဲ အကောင်အထည် ဖော်ဆောင်နေမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment