Pages

Wednesday, October 17, 2012

မန္တလေး စွယ်တော်မြတ် စေတီတော် ဥယျာဉ်တော် (၁၈)ရပ် တည်ဆောက်မှု စီမံကိန်း




မန္တလေး ၊ ၁၇-၁၀-၂၀၁၂

မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ တောင်စလင်းတိုက်သစ် ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ (အဂ္ဂမဟာ ပဏ္ဍိတ) ဦးဆောင်သော နယ်စပ် တောင်တန်း နှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေး အသင်းချုပ်နှင့် မန္တလေး စွယ်တော်မြတ် စေတီတော် ဂေါပက အဖွဲ့တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် ဥယျာဉ်တော် (၁၈)ရပ် တည်ထောင်မှု စီမံကိန်းတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ဗောဓိပင် အမျိုးအစားထဲတွင် ပါဝင်သော ဘုရားရှင်များ အမှီပြု ပွင့်ထွန်းတော်မူရာ အင်ကြင်းပင် ၊ ညောင်ဗုဒ္ဓဟေပင် ၊ လင်းလွန်းပင် ၊ ကံ့ကော်ပင် ၊ သရက်ဖြူပင် ၊ စန္ဒာကူးပင် ၊ ပိတောက်ပင် အစရှိသည့် အပင် (၂၀)မျိုး ၊ အပင်အရေအတွက် (၂၀၃၇)ပင် အား စိုက်ပျိုးပြီး ဗောဓိပင်တို့၏ ပင်ခြေတွင် ဗုဒ္ဓဆင်းတုတော် များကို တည်ထား ပူဇော်သွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ လှူဒါန်းမှုတွင် ဗောဓီပင် (၁) ပင် နှင့် ရုပ်ပွားတော် (၁)ဆူ အတွက် ငွေကျပ် ငါးသောင်းဖြင့် ကုသိုလ်ပြု လှူဒါန်းနိုင် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment