Pages

Monday, October 8, 2012

မြန်မာနိုင်ငံသဘင်သမဂ္ဂ ဖွဲ့စည်းပြီးဖြစ် မြန်မာ့သဘင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရေး ဆောင်ရွက်မည်




ရန်ကုန် ၊ ၈-၁၀-၂၀၁၂

မြန်မာ့သဘင်ကို ကမ္ဘာ အရပ်ရပ်မှ ယဉ်ကျေးမှုအဖွဲ့များ နှင့် မြန်မာ့သဘင် မျိုးဆက်သစ်တို့ ရင်းနှီး ကျွမ်းဝင်စွာ ရှိစေရေးအတွက် မြန်မာနိုင်ငံသဘင် သမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံသဘင် သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ယာယီဖွဲ့စည်းခြင်း နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ သဘင်သမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသဘင်သမဂ္ဂကို မြန်မာ့သဘင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး ၊ သဘင်လောကသား များ၏ လုပ်ငန်းခွင်နှင့် လူမှုဘ၀ ပတ်ဝန်းကျင် တိုးတက်စေရေး အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ၊ မြန်မာ့ သဘင် အင်အားစုများ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရန်နှင့် သဘင်လုပ်ငန်ျးား တွင် ဖြစ်ပေါ်လေ့ရှိသော အလုပ်ရှင် / အလုပ်သမား ၊ ပွဲရှင် / ပွဲငှား ပြဿနာများတွင် ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ဖြစ်စေရေးအတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသဘင်သမဂ္ဂ နှင့် ညီနောင် အဖွဲ့အစည်းများ ဖြစ်သော စာပေ ၊ ရုပ်ရှင် ၊ ဂီတ ၊ ပန်းချီ အနုပညာ အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသဘင်သမဂ္ဂ တွင် ယာယီ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် စာရေးဆရာ ချစ်ဦးညို ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးနန်းဝင်း ၊ ဒါရိုက်တာ မောင်သီ နှင့် အတွင်းရေးမှူး အဖြစ် ဦးသိန်းဇော် တို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရှိရသည်။

No comments:

Post a Comment