Pages

Thursday, October 4, 2012

B.A (Tourism) လျှောက်ထားနိုင်




ရန်ကုန် ၊ ၄-၁၀-၂၀၁၂

ရန်ကုန်မြို့ အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ်သို့ ဟိုတယ်နှင့် ခရီးသွား ၀န်ဆောင်မှု B.A (Tourism) ဘွဲ့အတွက် အင်္ဂလိပ်စာ ဘာသာ၌ အနည်းဆုံး အမှတ် ၆၀ ရရှိထားပြီး ရမှတ်စုစုပေါင်း ၄၀၀ နှင့် အထက် ရရှိထားသူများ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ကျောင်းသား ကျောင်းသူများသည် အဆိုပါကောလိပ်၌ သတ်မှတ်လျှောက်လွှာ ပုံစံများ ထုတ်ယူ၍ အောက်တိုဘာလ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။ ထို့အပြင် ယခုနှစ် ကျောင်းဝင်ခွင့်အတွက် စီးပွားရေး စီမံခန့်ခွဲမှု (BBM) နှင့် အသက်မွေး ၀မ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ B.A (EPP)ဘွဲ့တို့ အတွက် တက္ကသိုလ် စာမေးပွဲရမှတ် ၄၄၀ နှင့် အထက် ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

စီးပွားရေး စီမံခန့်ခွဲမှုနှင့် ဟိုတယ်နှင့် ခရီးသွား ၀န်ဆောင်မှုဘွဲ့ တို့အတွက် ကျောင်းသား ၁၀၀ ဦးစီ နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အင်္ဂလိပ်စာဘွဲ့ အတွက် ကျောင်းသား ၅၀ ဦး လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး အချိန်ပြည့် ၄ နှစ် တက်ရောက်ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment