www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 15, 2019

မုံရွာမြို့နယ်၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

မုံရွာမြို့နယ်၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
-
မုံရွာ ဖေဖော်ဝါရီ  ၁၄ 
-
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ် လယ်တော်ကျေးရွာ၌ ယမန်နေ့ နံနက် ၇ နာရီတွင် ကျေးရွာတွင်း ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ မုံရွာခရိုင်နှင့် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ဦးစီးမှူးများက ကွန်ကရစ်လမ်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 
-
ထို့နောက် မုံရွာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ဒန်းပင်တဲ(ရွာသစ်)၊ ပုရစ်ကုန်း(မြောက်)နှင့်လယ်တော်ကျေးရွာတို့၌ နိုင်ငံတော်က ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မှထောက်ပံ့ သောငွေနှင့် ကျေးရွာနေပြည်သူများစုပေါင်းထည့်ဝင်ငွေများဖြင့်ကွန်ကရစ်လမ်းအရှည်  ၅၁၅၇  ပေကို ခင်းကျင်း ပြီးစီးမှုနှင့်စပ်လျဉ်း၍ ပြောသည်။ 
-
အဆိုပါလမ်းကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမှ  ထောက်ပံ့ငွေကျပ် ၁ဝ သန်းနှင့်  ကျေးရွာနေပြည်သူများစု ပေါင်းထည့်ဝင် ငွေကျပ် ၉ ဒသမ ၁၅ သန်း စုစုပေါင်းငွေကျပ်၁၉ ဒသမ ၁၅ သန်းဖြင့် အရှည် ၁၅၅၇ ပေ၊လမ်းအကျယ် ၁ဝ ပေရှိ ကွန်ကရစ် လမ်းကို ခင်းကျင်းခြင်းဖြစ်သည်။ မုံရွာမြို့နယ်အတွင်းရှိ ဒန်းပင်တဲ (ရွာသစ်)၌ ၂ဝ၁၈ ခုနှစ် ခြောက်လဘတ်ဂျက်ကာလအတွင်းလမ်းအရှည် ပေ ၁၃ဝဝ ကိုလည်းကောင်း၊ ပုရစ်ကုန်း (မြောက်)ကျေးရွာ၌ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လမ်းအရှည်ပေ  ၂၃ဝဝ ကိုလည်းကောင်း၊ လယ်တော် ကျေးရွာ၌ လမ်းအရှည် ၁၅၅၇ ပေ စုစုပေါင်း၅၁၅၇ ပေကို လည်းကောင်း  နိုင်ငံတော်မှချမှတ် အကောင်အထည်ဖော်ဆောင်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမှ ထောက်ပံ့သောငွေနှင့် ကျေးရွာနေ ပြည်သူ များ စုပေါင်း ထည့်ဝင်ငွေများဖြင့် ခင်းကျင်း ပြီးစီးကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger