www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 14, 2016

KIA လက်နက်ကိုင်အဖွဲ့မှ ဖွင့်လှစ်သည့် ပြည်သူ့စစ်သင်တန်း တက်ရောက်ပြီး သင်တန်းဆင်းလာသူ များအား ဖမ်းဆီးရမိ


လွယ်ဂျယ်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိသည့် KIA ပြည်သူ့စစ်သင်တ်းဆင်း လာသူများကို တွေ့ရစဉ်

စိန်လုံ 0စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိသည့် KIA ပြည်သူ့စစ်သင်တ်းဆင်း လာသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၄-၁၀-၂၀၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ စိန်လုံကျေးရွာ၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ စိန်လုံ စစ်ဆေးရေးဂိတ် ၌ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပုံမှန် လူ/ယာဉ် ဝင်ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အူမားဘွမ် ယာဉ်လိုင်းမှ ဦးယော်ထုံ(ဘ) ဦးဘောက်ဝါ မောင်းနှင်သည့် ပါကျဲရိုး အမျိုးအစား မော်တော်ယာဉ် နှင့် ဦးရဲဇင်ကို(ဘ) ဦးကိုကိုလေး မောင်းနှင်သည့် အေဒီဗင် အမျိုးအစား မော်တော်ယာဉ် တို့အား ရပ်တန့် စစ်ဆေးရာ KIA လက်နက်ကိုင် အဖွဲ့မှ ဖွင့်လှစ်သည့် ပြည်သူ့စစ် သင်တန်း တက်ရောက်ပြီး သင်တန်းဆင်း လာသည့် အမျိုးသားကိုးဦး နှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၁၂ ဦးတို့ကို ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် လွယ်ဂျယ် စစ်ဆေးရေးဂိတ် ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် လူ/ယာဉ် ဝင်ထွက်မှုများအား စစ်ဆေးစဉ် အူမားဘွမ် ယာဉ်လိုင်းမှ ဦးနောင်ဆန်း (ဘ) ဦးထွယ်ရှောင် မောင်းနှင်သည့် ပရိုဘောက် အမျိုးအစား မော်တော်ယာဉ်၊ ဦးတူးအောင် (ဘ) ဦးဒါရှီနော် မောင်းနှင်သည့် အေဒီဗင် အမျိုးအစား မော်တော်ယာဉ်၊ ဦးအောင်ကိုလတ် (ဘ) ဦးသန်းအေး မောင်းနှင်သည့် မှန် လုံဟိုင်းအေ့ အမျိုးအစား မော်တော်ယာဉ်၊ ဦးအောင်ဝင်း (ဘ) ဦးလောလု မောင်းနှင်သည့် အေဒီဗင် အမျိုးအစား မော်တော်ယာဉ်၊ ဦးချန်တိန် (ဘ) ဦးဘွန်ချန် မောင်းနှင်သည့် ဂျိမ်းဖော-ဧရာ ယာဉ်လိုင်းမှ အိုင်ပီစန် အမျိုးအစား မော်တော်ယာဉ် နှင့် ဦးငွေမိုးကျော် (ဘ) ဦးစိုးတင့် မောင်းနှင်သည့် ဂျိမ်းဖော-ဧရာ ယာဉ်လိုင်းမှ ပရိုဘောက် အမျိုးအစား မော်တော်ယာဉ် များပေါ်တွင် စီးနင်းလိုက်ပါ လာသည့် KIA လက်နက်ကိုင် အဖွဲ့မှ ဖွင့်လှစ်သည့် ပြည်သူ့စစ် သင်တန်းဆင်း အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီးသုံးဦး၊ စုစုပေါင်း ၃၇ ဦးတို့ကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ များသည် KIA လက်နက်ကိုင် အဖွဲ့မှ လိုင်ဇာ၌ သင်တန်းသား ၇ဝ ဦးဖြင့် ဖွင့်လှစ်သည့် ပြည်သူ့စစ် သင်တန်းကို စက်တင်ဘာ ၁ဝ ရက်မှ အောက်တိုဘာ ၁ဝ ရက်အထိ တက်ရောက်ပြီး သင်တန်းဆင်း လာကြသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ ယာဉ်ရှစ်စီး အနက် လိုင်စင်မဲ့ယာဉ် တစ်စီးနှင့် ဖမ်းဆီးရမိသူ ယာဉ်မောင်းရှစ်ဦး အပါအဝင် စုစုပေါင်း ၅၇ ဦးအား မိုးမောက်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရန်နှင့် ဒေသခံ ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အတွက် သက်ဆိုင်ရာ နယ်မြေများ အလိုက် ရှောင်တခင် စစ်ဆေးခြင်းနှင့် လှည့်ကင်း ဆောင်ရွက်ခြင်းများကို နယ်မြေခံ တပ်မတော် စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူ့စစ်များ၊ ဘာသာရေး အသင်းအဖွဲ့များ အပါအဝင် ပြည်သူအားလုံး က ဝိုင်းဝန်း ပူးပေါင်း၍ လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger