www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 30, 2015

အသက်(၄၀)ကျော်လွန်ပြီး အ၀လွန်သူများ သွေးတွင်းသကြား ပမာဏကို ပုံမှန်စစ်ဆေးရန် လိုအပ်


နယူးယောက် ၊ ၃၀-၁၀-၂၀၁၅

အဝလွန် နေသူများသည် အသက် ၄ဝ မှ ၇ဝ အတွင်း ဆီးချိုဖြစ်နိုင်ခြေ မြင့်မားသောကြောင်း သွေးတွင်း သကြား ပမာဏကို ပုံမှန်တိုင်းတာ စစ်ဆေးနေရန် လိုအပ်ကြောင်း အမေရိကန် ပြည်ထောင်စု ရောဂါတားဆီး ကာကွယ်ရေး အထူးအဖွဲ့ မှ ပညာရှင်များက အကြံပြု ဆွေးနွေး ထားကြောင်း သိရသည်။

''အသက် ၄ဝ ကျော်လာရင် ဆီးချို လက္ခဏာတွေ မပေါ်လဲ သွေးတွင်း သကြားဓာတ်ကို ပုံမှန် တိုင်းတာဖို့ လိုအပ်ပါတယ်။ အဝလွန် နေတယ်ဆိုရင် အထူးကို လိုအပ်ပါတယ်။ သွေးတွင်းသကြား ပမာဏ များနေမယ်။ ဆီးချိုတော့ မဖြစ်သေးဘူး ဆိုရင် အချိန်မီ နေထိုင်မှုပုံစံ ပြုပြင်တာ၊ အစားအသောက် ဆင်ခြင် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ တို့ကို ဖိလုပ်ပေး နိုင်မယ်ဆိုရင် ဆီးချို မဖြစ်အောင် တားဆီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်''ဟု  ပညာရှင် များက ပြောပြသည်။

၂ဝဝ၈ ခုနှစ်က USPSTF သည် အစိုးရ ပံ့ပိုးမှုဖြင့် သွေးတိုးရှိသူ များတွင် သွေးတွင်းသကြား ပမာဏကို တိုင်းတာ စစ်ဆေးခဲ့ကြောင်း၊ သွေးတိုးနှင့် သွေးတွင်း သကြားပမာဏ မြင့်တက်မှုကြား ဆက်စပ်မှု ရှိသည့် အထောက်အထား ကို မတွေ့ရှိ ခဲ့ကြောင်း၊ သို့သော် အဝလွန် သူများတွင် ဆီးချိုရောဂါ မဟုတ်သော်လည်း သွေးတွင်း သကြားပမာဏ မြင့်နေ နိုင်ကြောင်း၊ အချိန်မီ ကာကွယ်နိုင်လျှင် ဆီးချို မဖြစ်အောင် ဟန့်တားထား နိုင်မည် ဖြစ်ကြောင်း သုတေသီ တစ်ဦးက ရှင်းပြသည်။

အမေရိကန် ပြည်ထောင်စုတွင် အရွယ်ရောက် လူလတ်ပိုင်း ၄ဝ ရာခိုင်နှုန်း ခန့်တွင် သွေးတွင်း သကြားပမာဏ လွန်ကဲ နေတတ်ပြီး ဆီးချိုဖြစ်ပွား နိုင်ခြေ မြင့်မားကြောင်း၊ ဆီးချိုကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ ကိုယ်လက် လှုပ်ရှားမှု မှန်မှန်ပြုလုပ် ခြင်းနှင့် အစားထိန်းခြင်း တို့ဖြစ်ကြောင်း ၊ အထူးသဖြင့် အဝလွန်သူ များသည် အခြားသူများ ထက် သတိနှင့်ဝီရိယ ပိုရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဆီးချို မဖြစ်သေး သော်လည်း သွေးတွင်း သကြား ပမာဏကို ပုံမှန်တိုင်းတာ စစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

#Yadanarpondaily

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိအဓိကကျသည့် ငလျင်ကြောတစ်ခု ပေါ်၌ တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေ



မန္တလေး ၊ ၃၀-၁၀-၂၀၁၅

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြော (Earthquakes Belt) နှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ကြောပေါ်၌ တည်ရှိနေပြီး ငလျင် ပြင်းထန်ဇုန်တွင် ပါဝင်ကြောင်း ကယ်ဆယ်ရေး နှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အယ်လ်ပိုက် ငလျင်ကြောသည် အနောက်ဘက် မက်ဒီဘာရေးနီးယမ် မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တာကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ ဟိမဝန္တာ ၊ မြန်မာနှင့် အင်ဒိုနီးရှားတို့ ထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံအနောက် မြောက်ဘက်ရှိ အမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့ နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကျန်း ပြတ်ရွေ့ တို့ဖြစ်သည်။

မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားနယ်မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း ၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်း ကိုဖြတ်၍ မုတ္တမပင်လယ်ဝ ထိ ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာ ခန့်ရွေ့လျား နေကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ငလျင်ဘေး အပါအဝင် သဘာဝဘေး အမျိုးမျိုး ဖြစ်ပွားပေါ်ပေါက် လာပါက လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ၊ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီ ၁၁ ခုဖြင့် သဘာဝ ဘေးကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို လျင်မြန် ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုနှင့် ဆင်ဆာဖြတ်ကျော်မှု အားပြိုင်ပွဲဖြစ်ပွား


အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုနှင့် ဆင်ဆာဖြတ်ကျော်မှု အားပြိုင်ပွဲဖြစ်ပွား

၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း လောက်ကစပြီး တရုတ်နိုင်ငံ အစိုးရက အင်တာနက် ထိန်းချုပ်မှုကို တိုးမြှင့်ဆောင်ရွက် ခဲ့တယ်။ ၀က်ဘ်ဆိုက် အတော်များများ ကို တရုတ်နိုင်ငံရဲ့  The Great Firewall နဲ့  ပိတ်ထားတယ်။ ဒီ Firewall ကို ကျော်ဖို့ နည်းပညာရှင် တွေကလည်း Proxy Tool အမျိုးမျိုး ထုတ်ပေးပါတယ်။ ဒါပေမယ့် အင်တာနက် ပုလိပ်တွေက အဲဒီ Tool ထုတ်လုပ်သူကို တွေ့ အောင်ရှာပြီး ချက်ခြင်း ပြန်ဖြုတ်ချ ခိုင်းပြီးတော့ ပြန်မတင် နိုင်အောင် စောင့်ကြည့်ကြ ပါတယ်။ 

ဒါ့အပြင် အစိုးရကလည်း အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကို ငွေကြေး ထပ်မံ ရင်းနှီးမြုပ်နှံပြီး တိုးတိုးပြီး လုပ်လာတာမို့  အစိုးရဲ့ ပြည်သူအကြား ၀က်ဘ်ဆိုက် တွေကို အစိုးရက ပိတ်လိုက်၊ လူထုက ကျော်ကြည့် လိုက်နဲ့  ခံစစ် ၊ ထိုးစစ် တစ်လှည့်စီ ကစားလာခဲ့ကြ ရာကနေ အခုဆိုရင် အစိုးရဘက်က အသာစီး ရသွားပြီ ဖြစ်ပါတယ်။ ရေရှည်မှာ အစိုးရရဲ့  အင်တာနက် ဆင်ဆာကို ဖြတ်ကျော်ဖို့  မလွယ်ဘူးဆိုတာ လူတွေကို ဆင်ဆာ ကျော်ဖြတ်နိုင်မယ့် Tool တွေ ရေးဆွဲ ထုတ်လုပ်ပေး နေသူတွေ ကိုယ်တိုင်လည်း သဘောပေါက် လာကြပါပြီ။ ဒီနှစ် အစောပိုင်း ကလည်း  တရုတ်နိုင်ငံ၊ အမျိုးသား ကွန်ဂရက်ကနေ ဆိုက်ဘာ လုံခြုံရေး ဥပဒေကြမ်း တင်သွင်းခဲ့တယ်။ ဒီ ဥပဒေကြမ်းသာ  အတည်ဖြစ်သွား ခဲ့ရင် တရုတ် အစိုးရဟာ အင်တာနက်နဲ့  အွန်လိုင်းသုံးစွဲမှု မှန်သမျှကို ထောင့်စေ့ နေအောင် ထိန်းချုပ်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံသား တွေရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့  တရုတ် အစိုးရရဲ့ အရေးကြီး သတင်း အချက်အလက်တွေ လုံခြုံရေး အတွက်၊ အင်တာနက် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ရေး၊ လုံခြုံရေးနဲ့  ဖွံ့ ဖြိုး တိုးတက်ရေး အတွက် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့  The Great Firewall ကြီးနဲ့  မသင်္ကာတဲ့ ၀က်ဘ်ဆိုက် မှန်သမျှကို လိုက်ပိတ်နေသူ ကြီးတွေက ပြောပါတယ်။ 

ဒါပေမယ့် တရုတ်နိုင်ငံသား စာရေးဆရာ တဖြစ်လဲ အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကို ဆန့်ကျင်ရေး လှုပ်ရှားသူ  Murong Xuecun က The Great Firewall ကြောင့် တရုတ်နိုင်ငံဟာ သတင်း အချက်အလက် အကျဉ်းထောင် ဖြစ်လာကြောင်း အဲဒီကန့် သတ်ချုပ်ချယ်မှု တွေကြောင့် လူတွေဟာ ပြင်ပလောက အကြောင်းကို အပြည့်အ၀ မသိနိုင်တော့ဘဲ အဲဒီ မသိ နားမလည်ခြင်းကို အခြေခံ တည်ဆောက် လာတဲ့ အတွေးအခေါ် အမျှော်အမြင် တွေကြောင့် အမုန်းတရား နဲ့ ရန်လိုမှုတွေကို မွေးထုတ်ပေး သလို ဖြစ်နေကြောင်း၊ Firewall သာ အမြဲရှိသွားမယ် ဆိုရင် တရုတ်နိုင်ငံ ဟာလည်း တစ်ချိန်တုန်းက လိုပဲ အတွေးအခေါ် အမျှော်အမြင် နည်းပါးလှသူ တွေကို နား ၊ မျက်စိ ပိတ်ဆို့ ထားရာ တံခါးပိတ် ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဘ၀ကို ပြန်ရောက်သွား လိမ့်မယ်လို့  ပြောပါတယ်။ 

တရုတ်နိုင်ငံရဲ့ အင်တာနက်ကို ဆင်ဆာ ဖြတ်တောက်ဖို့  ကြိုးမှုအပေါ် အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဘီလ်ကလင်တန် ကလည်း ဂျယ်လီကို နံရံပေါ် သံနဲ့ ရိုက်သလို ဘယ်လောက်မှ ကြာကြာ တည်မြဲလိမ့်မှာ မဟုတ်ဘူး လို့  သတိပေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့  The Great Firewall ကြီးကတော့ ပန်းပန်လျက် ဖြစ်ပြီး အခုဆိုရင် အရှိန်ဟုန်မြှင့် ဆောင်ရွက် ဖို့တောင် စီစဉ်နေကြပြီ ဖြစ်ပါတယ်။ 

Firewall ကို ကျော်ခွလို့ ရတဲ့ Proxy Tools တွေ ရှိတယ် ဆိုရင်တောင် ဒီ Tools တွေကိုသုံးပြီး ပိတ်ထားတဲ့ ၀က်ဘ်ဆိုက် တွေကိုသုံးဖို့ ကြိုးစားသူ ဦးရေဟာ ၁ ကနေ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သူတို့ ကတော့ Facebook နဲ့  Twitter အသုံးပြုချင် ကြတဲ့ မီဒီယာ သမားတွေ၊ တန်ပြန် မီဒီယာသမား တွေပဲ ဖြစ်ကြပါတယ်။ 

တရုတ်နိုင်ငံဟာ ဘာကြောင့်များ အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကို အောင်မြင်အောင် လုပ်နိုင် နေတာလည်းလို့  တွေးမိတဲ့အခါ နှစ်ပေါင်း ရှည်ကြာစွာ ကိုယ်တိုင် ထုတ်လုပ်တဲ့ နည်းပညာ ပစ္စည်းတွေကို အသုံးပြု ခဲ့တဲ့နောက် လူတွေဟာ လည်း တရုတ်အစိုးရ ပုံသွင်းထားတဲ့ ပုံစံခွက်ထဲ ရောက်ပြီး သွားတဲ့အခါ အင်တာနက် ဆိုတာလည်း ကမ္ဘာ့ အင်တာနက်နဲ့  တရုတ် အင်တာနက် ဆိုပြီး ခွဲခြား မြင်ပြီးတော့ တရုတ်နိုင်ငံ မှာနေပြီး တရုတ် အင်တာနက်ကို ကျေကျေနပ်နပ် ကြီး အသုံးပြု နေတာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် တရုတ် အစိုးရက သူပိတ်ဆို့  ထားတဲ့ ၀က်ဘ်ဆိုက် တွေနဲ့  ညီမျှတဲ့ တရုတ် ၀က်ဘ်ဆိုက် တွေကို ဖန်တီးပေး ပါတယ်။ ဥပမာ ကမ္ဘာကျော် လူမှုကွန်ရက စာမျက်နှာ Facebook နဲ့  Twitter ကို တရုတ်မှာ သုံးလို့ မရပါဘူး။ ဒါပေမယ့် အဲဒီအတွက် We Chat, Baidu, QQ အစရှိတဲ့ လူမှုကွန်ရက် စာမျက်နှာ တွေကို ထုတ်လွှင့်ပေး ထားပါတယ်။ Google အစား Baidu သုံးပါတယ်။ Twitter အစား Weibo သုံးပါတယ်။ Facebook အစား WeChat သုံးပါတယ်။ တရုတ်လူမျိုး အချင်းချင်းပဲ ပိုပြီးပြောဆို ဆက်ဆံကြတဲ့ တရုတ်နိုင်ငံသား တွေအဖို့  ဒီလောက်ဆိုရင် လုံလောက်တာ ထက်တောင် ပိုနေပါပြီ။ WeChat အသုံးပြုသူ ဦးရေဟာ အနည်းဆုံး သန်း ၆၀၀ ကျော် ရှိနေပါတယ်။ ဒီတော့လည်း world wide web ကြီးကို မလွှမ်းဘူးပေါ့။ China Net နဲ့ ပဲ လုံလောက် နေကြတာပဲ ဖြစ်ပါတယ်။ 

တရုတ်အစိုးရဟာ ဆင်ဆာ ဖြတ်တောက်မှုပေါင်း ၂ သန်း ကျော် ပြုလုပ်ထား ပါတယ်။ အဲဒီဆင်ဆာ ဖြတ်တောက်မှုကို ကျော်ခွ မ၀င်နိုင်အောင်လည်း ခေတ်မီ နည်းပညာ မျိုးစုံနဲ့  စောင့်ကြည့် နေပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ ကို နည်းပညာ သမားတွေကလည်း အံတုပါတယ်။ တရုတ်အစိုးရက The Great Firewall ကြီးနဲ့ ၀က်ဘ်ဆိုက်တွေ လိုက်ပိတ်တဲ့အခါ နည်းပညာ သမားတွေ ကလည်း GreatFire.org နဲ့  ဆင်ဆာ ဖြတ်ထားတဲ့ ၀က်ဘ်ဆိုက်တွေကို ပြန်လိုက်ဖွင့် ပါတယ်။ တရုတ်နိုင်ငံမှာ အင်တာနက် အသုံးပြုသူဦးရေ ၆၄၉ သန်း ရှိပါတယ်။ အဲဒီထဲက ၁ ရာခိုင်နှုန်းက အင်တာနက် ဆင်ဆာကို ကျော်ခွတယ် ဆိုရင်တောင် လူပေါင်း သန်းနဲ့ ချီတို့ က တရုတ်အစိုးရ မသိစေချင်တာ ကိုသိ၊ မမြင်စေချင် တာကို မြင်နေတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ 

ဒီတိုက်ပွဲဟာ ဘယ်လောက်အထိ ဆက်နေဦးမလဲ ဆိုတာ ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့် နေပါတယ်။ တရုတ် အစိုးရရဲ့  အင်တာနက် ဆင်ဆာဟာ နံရံပေါ်က ဂျယ်လီတုံးပဲ ဖြစ်မလား၊ နံရံမှာ စွဲမြဲနေတဲ့ ကျောက်တုံးပဲ ဖြစ်မလား ဆိုတာ စောင့်ကြည့်ရ ပါဦးမယ်လို့ လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ ပညာရှင်များအဖွဲ့က အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်



ရန်ကုန် ၊ ၃၀-၁၀-၂၀၁၅

ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review- CESR) ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ ပါဝင်သည့် အဖွဲ့များက အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပထမအဆင့် အနေဖြင့် အချိန်တို အတွင်း အကဲဖြတ်ခြင်း၊ ဒုတိယ အဆင့်တွင် အသေးစိတ် လေ့လာ ဆန်းစစ်ခြင်းနှင့် တတိယ အဆင့်တွင် ပညာရေးကဏ္ဍ စီမံကိန်း ရေးဆွဲခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး CESR ၏ ပညာရေးကဏ္ဍ ငါးနှစ် စီမံကိန်း (၂ဝ၁၆-၂ဝ၂ဝ) ကိုလည်း ပြုစုထားပြီး ဖြစ်ကြောင်း သိရသည်။

လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် သူငယ်တန်း၏ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားမည့် အစီအစဉ်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားခြင်းကို ပြဋ္ဌာန်းပြီးသည့် အမျိုးသား ပညာရေး ဥပဒေနှင့်အညီ ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အခမဲ့ ပညာရေး အတွက် စုစုပေါင်း ငွေကျပ် ၂၉ ဘီလီယံ သုံးစွဲခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား ငါးသန်းအတွက် တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်း ဝတ်စုံတစ်စုံစီ ကို လည်းကောင်း၊ အလယ်တန်း ကျောင်းသား ၂ ဒသမ ၈ သန်းကျော် အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် များကို လည်းကောင်း၊ အထက်တန်း ကျောင်းသား ရှစ်သိန်းကျော် အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များကို လည်းကောင်း အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို သဘာဝဘေးသင့်ဒေသ များတွင် လျာထားရက်ထက် နောက်ကျ၍ ပြုလုပ်သွားနိုင်ဖွယ်ရှိ


မန္တလေး ၊ ၃၀-၁၀-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ၏ တက္ကသိုလ်ဝင် စာမေးပွဲ ၂ဝ၁၆ ခုနှစ် မတ်လတွင် ဖြေဆိုရန် လျာထား သတ်မှတ်ထားပြီး ဖြစ်သော်လည်း ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးအန္တရာယ် များကြုံတွေ့ ခဲ့ရသော ဒေသများရှိ ကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲကို လျာထားရက်ထက် နောက်ကျ၍ ပြုလုပ်သွား နိုင်ဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ စာစစ်ဌာန မှ သိရသည်။

ယခု ပညာသင်နှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသော ဒေသများရှိ အခြေခံပညာ ကျောင်းများ ပိတ်ထားရမှု များကြောင့် သင်ခန်းစာ သင်ကြားခြင်း ပြီးဆုံးမှု မရှိနိုင်ခြင်းကို ထည့်သွင်း စဉ်းစားကြရ သဖြင့် ၄င်းဒေသများတွင် တက္ကသိုလ်ဝင် စာမေးပွဲကို လျာထားရက်ထက် နောက်ကျ၍ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ ဒေသများ အားလုံးရှိ အခြေခံပညာ ကျောင်းများတွင် သင်ခန်းစာများ ပြီးပြည့်စုံအောင် သင်ကြား နိုင်ခြင်းရှိ၊ မရှိနှင့် လျာထားသော စာမေးပွဲရက်များ အတိုင်း ဆောင်ရွက်ရန် သင့်၊ မသင့်၊ မသင့်ပါက မည်သည့် နေ့ရက်များတွင် စစ်ဆေးသင့် သည်ကို အကြံပြုနိုင်ရန် အခြေခံပညာ ဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူး များထံသို့ ပေးပို့ ထားသည်ဟု သိရသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ဘုန်တော်ကြီးသင် ကျောင်းများ အပါအဝင် နိုင်ငံတစ်ဝန်း လုံးရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူ ဦးရေမှာ မူလတန်း အဆင့် ၅၇ သိန်းကျော်၊ အလယ်တန်း အဆင့် ၂၈ သိန်းကျော်၊ အထက်တန်း အဆင့် ရှစ်သိန်းကျော် အထိရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲကို လာမည့် ၂ဝ၁၆ ခုနှစ် မတ် ၉ ရက်မှ ၁၈ ရက်ထိ ကျင်းပရန် လျာထားကြောင်း သိရသည်။ (၁၇၃)

#Yadanarpondaily

ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်သည့် ဆောက်လုပ်ရေးပစ္စည်းပြပွဲ ကျင်းပမည်


မန္တလေး ၊ ၃၀-၁၀-၂၀၁၅

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (မန္တလေးတိုင်း ဒေသကြီး) နှင့် စင်ကာပူ နိုင်ငံ Sphere Exhibits Pte, Ltd တို့ ပူးပေါင်း၍ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတို့ရှိ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်က ဆောက်လုပ်ရေး ဆိုင်ရာ ပစ္စည်းများ ပြပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက်ထိ မန္တလေး မြို့တော်ခန်းမ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

''မကြာမီ AEC ကာလကို ရောက်ရင် မန္တလေးမြို့က ကုန်သွယ်မှု လမ်းကြောင်းက အချက်အခြာ ကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံ တွေ အများကြီး လိုအပ် လာပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်က စပြီး ကမ္ဘာအဆင့်မီ ဆောက်လုပ်ရေး ပစ္စည်းတွေ အသုံးပြုလာမှာ ဖြစ်လို့ ကျွန်တော်တို့ Sphere ကုမ္ပဏီက နိုင်ငံပေါင်း များစွာမှာ ရှိတဲ့ ကုမ္ပဏီ ၁ဝဝ ကျော်နဲ့ ချိတ်ဆက်ပြီး မန္တလေး MECA အသင်းနဲ့ ချိတ်ဆက်ကာ ဆောက်လုပ်ရေး ပစ္စည်းတွေကို ပြသရောင်းချ သွားမှာ ဖြစ်ပါတယ်။ မန္တလေးမှာ ဒီပွဲဟာ ဆောက်လုပ်ရေး ပစ္စည်း အများဆုံး ပါဝင်ပြသတဲ့ ပွဲဖြစ်မှာပါ''ဟု Sphere ကုမ္ပဏီ၏ ကိုယ်စားလှယ် ဖြစ်သူ APEX PARTERS Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဦးအောင်ပြည့်ဖြိုး က ပြောပြ၍ သိရသည်။

အဆိုပါပြပွဲ ဖြစ်မြောက်ရေး အတွက် Sphere ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးနှင့် APEX PARTNERS Co., Ltd  မှ ဦးအောင်ပြည့်ဖြိုး တို့သည် အောက်တိုဘာ ၂၇ ရက် နံနက်က မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း MECA သို့ တာဝန်ရှိ သူများနှင့် လာရောက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

ပြင်ဦးလွင်မြို့ရှိ ရထားလုံးများကို အဆင့်မြှင့်တင်မှုအဖြစ် အလှမီးများ တပ်ဆင်ပြီး ဝတ်စားဆင်ယင်မှု သတ်မှတ်မည်



ပြင်ဦးလွင် ၊ ၃၀-၁၀-၂၀၁၅

ပြင်ဦးလွင်မြို့ရှိ ရထားလုံး (ဗီရိုမြင်းလှည်း) များကို ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်ရန် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြင်ဦးလွင်မြို့နယ် စည်ပင် သာယာရေး အဖွဲ့၏ သတင်းများအရ သိရသည်။

ရထားလုံးများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ပြင်ဦးလွင် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့က ရထားလုံး ပြေးဆွဲမောင်းနှင် သူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး ညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားလုံးများ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းအတွက် ရထားလုံးများတွင် စီးနင်းသူများ စိတ်ဝင်စားပြီး မျက်စိပသာဒ ရှိစေရန် ညအလှမီးများ တပ်ဆင်မည် ဖြစ်ကြောင်း ထို့ပြင် ရထားလုံးပြေးဆွဲ မောင်းနှင်သူများ ကိုလည်း ဝတ်စားဆင်ယင်မှု သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

''ဒီရထားလုံးလေး တွေက ပြင်ဦးလွင်မြို့ရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ သုံးဘီးယာဉ်တွေ ပေါ်လာတော့ ရထားလုံး ပြေးဆွဲမှု လျော့နည်း ကျဆင်းပြီး အရေအတွက်လဲ လျော့နည်း သွားပါတယ် ဒါတွေကို ထိန်းသိမ်းနိုင်ဖို့ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာက ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အလှမီးတွေ တပ်ဆင်မယ်။ ရထားလုံး မောင်းနှင်သူ တွေကို ဝတ်စား ဆင်ယင်မှု သတ်မှတ်ပေးမယ်။ ဥပမာ ကောင်းဘွိုင် ဝတ်စုံမျိုး တွေလို ဖြစ်ပါတယ်။ ဒါတွေအတွက် ရထားလုံး ပိုင်ရှင်တွေက ငွေကြေး ကုန်ကျခံစရာ မလိုပါဘူး။ သက်ဆိုင်ရာက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင် အရာရှိက ပြောပြသည်။

လက်ရှိအနေဖြင့် ရထားလုံးများတွင် ညအလှမီး တပ်ဆင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ယခုနှစ် ပြင်ဦးလွင်မြို့တွင် ကျင်းပမည့် မီးပုံးပျံပြိုင်ပွဲတွင် ညအလှမီး တပ်ဆင်ထားသည့်  ရထားလုံးများကို သတ်မှတ်ဝတ်စုံ ဝတ်ဆင်ထားသော ရထားလုံး မောင်းနှင်သူ များဖြင့် ဖွင့်ပွဲ အခမ်းအနားတွင် အစီအစဉ် တစ်ရပ်အဖြစ် ပါဝင်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၄၃)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၄၃)

Download Link = Zippyshare

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၅) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၅) သောကြာနေ့

Download Link = Zippyshare

Thursday, October 29, 2015

ဂရိနိုင်ငံတွင် ကြေးခေတ်စစ်သည် တစ်ဦး၏ အရိုးစုနှင့် အသုံးအဆောင် ပစ္စည်းများတွေရှိ



အေသင် ၊ ၂၉-၁ဝ-၂ဝ၁၅

စင်စင်နတီ တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင်များသည် ဂရိနိုင်ငံ တောင်ပိုင်းရှိ နက်စ်တာနန်းတော် ၌ ရှေးဟောင်း ပစ္စည်းများ တူးဖော်ရာမှ လွန်ခဲ့သော နှစ်ပေါင်း ၃၅ဝဝ ခန့်က ကြေးခေတ် စစ်သည် တစ်ဦး၏ အုတ်ဂူကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအုတ်ဂူ အတွင်းမှ အသက် ၃ဝ နှင့် ၃၅ နှစ်ကြားရှိ အမျိုးသား တစ်ဦး၏ အရိုးစုအပြင် ၄င်း၏ ညာဘက်တွင် ယင်း အမျိုးသား အသုံးပြုခဲ့သော အသုံးအဆောင် ပစ္စည်းများ နှင့် ဘယ်ဘက်တွင် လက်နက်များ ထည့်သွင်း သင်္ဂြိုဟ် ထားသည်ကို ရှေးဟောင်း သုတေသန ပညာရှင် များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းလက်နက် ပစ္စည်းများကို အဖိုးတန် သတ္တုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အသုံးအဆောင် ပစ္စည်းများမှာ ရွှေလက်စွပ်များ၊ ရွှေနှင့် ငွေခွက်များ၊ ဆင်စွယ် တစ်ချောင်းနှင့် အဖိုးတန် ကျောက်များဖြင့် ပြုလုပ်ထားသည့် ပုတီးစေ့ ၁ဝဝဝ ကျော်တို့ ဖြစ်သည်။

ထို့ပြင် ယင်းပစ္စည်း များသည် အဆိုပါ အမျိုးသား၏ ပိုင်ဆိုင်မှုနှင့် ကြွယ်ဝချမ်းသာမှု တို့ကို ညွှန်းဆိုခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

အဆိုပါ အမျိုးသားသည် အသက်ရှင်စဉ် အချိန်က စွမ်းရည် ပြည့်ဝသော စစ်သည်တစ်ဦး သို့မဟုတ် ဘုရင်တစ်ပါး ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ၄င်းသည် အသက် ၃ဝ နှင့် ၃၅ ကြားတွင် သေဆုံးသွားခြင်း ဖြစ်သော်လည်း ကြေးခေတ် ယဉ်ကျေးမှုကို ရှာဖွေ စူးစမ်းမှုများ ပြုလုပ်နေသည့် ယခုခေတ် ပညာရှင်များ၏ ဆန္ဒကို ဖြည့်ဆည်းပေး နိုင်ကြောင်း စင်စင်နတီ တက္ကသိုလ် မဂ္ဂဇင်းက ၄င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။

အနက် ၅ ပေ၊ အကျယ် ၄ ပေနှင့် အရှည် ၈ ပေရှိသည့် အဆိုပါ အုတ်ဂူကို ပညာရှင်များက အချိန်နှစ်ပတ်ခန့် ယူကာ တူးဖော်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ဂရိရာဇဝင် ထဲတွင်ပါဝင် ခဲ့သည့် နက်စ်တာ နန်းတော်သည် ဘီစီ ၁၂ဝဝ ခန့်က မီးရှို့ဖျက်ဆီးခံ လိုက်ရခြင်း ဖြစ်ပြီး မကြာသေးမီ ကမှ ရှေးဟောင်း သုတေသန ပညာရှင် များက ပြန်လည်ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ယင်း နန်းတော်သည် ဂရိနိုင်ငံ၏ ကြေးခေတ်လက်ရာ များကို အကောင်းဆုံး ပြသနိုင်သည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၁)

#Themyawadydaily

မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား


သီတင်းကျွတ်လပြည့် ( အဘိဓမ္မာ အခါတော်နေ့) တွင် မန္တလေးမြိုက မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ၌ ဘုရားဖူးလာ ပြည်သူများ စည်ကားလျက် ရှိသည်ကို တွေ့ရစဉ်


မန္တလေး ၊ ၂၉-၁၀-၂၀၁၅

ယမန်နေ့သည် သီတင်းကျွတ် လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည်နှင့် အညီ ဗုဒ္ဓ ဘာသာဝင်တို့၏ ထူးမြတ်သည့် နေ့ထူးနေ့မြတ် အခါသမယ နေ့တစ်နေ့ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင် နုစဉ်က မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီနတ်သား အား ကျေးဇူးဆပ်သော အားဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလ ဟောကြား တော်မူပြီး မဟာ သက္ကရာဇ် ၁ဝ၉ ခုနှစ် သီတင်းကျွတ် လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည် ကြွဆင်း တော်မူသည့်နေ့ ဖြစ်သည်။

သီတင်းကျွတ် လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဗုဒ္ဓမြတ်စွာ ဘုရားအား ပူဇော်သည့် အနေဖြင့် မန္တလေးမြို့ အတွင်းရှိ တန်ခိုးကြီး ဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ ဘုရားကျောင်းကန် စေတီပုထိုး များ၌ ကုသိုလ်ပြုကြ သူများဖြင့် အထူး စည်ကားလျက် ရှိသည်။

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီးတွင် ဘုရားဖူးလာ ပြည်သူများက ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူခြင်း၊ ဖယောင်းဆီမီး ပူဇော်ခြင်း၊ ဆွမ်းတော်ကြီး တင်လှူခြင်းနှင့် ဝတ်အသင်း အဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဖတ် ပူဇော်ခြင်းဖြင့် စည်ကားလျက် ရှိသည်။

ထို့ပြင် ရွှေကျီးမြင်ဘုရား၊ ဝါခင်းဘုရား၊ ဘုရားနီဘုရား၊ တဝဂူဘုရား၊ ချမ်းသာကြီး ချမ်းသာရဘုရား၊ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနှင့် အောင်တော်မူ အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် ဘုရားတို့၌ ရွှေသင်္ကန်း ကပ်လှူ  ပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ခြင်း၊ မြို့နယ်များမှ ရပ်ကွက်ဓမ္မာရုံ အသီးသီး တို့တွင် ပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော်ကြ သူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုကြ သူများဖြင့် စည်ကား လျက်ရှိသည်။

အလားတူ မန္တလေး တောင်တော် ဆုတောင်းပြည့် ဘုရား၊ စွယ်တော်မြတ် စေတီတော် (မန္တလေး)၊ မဟာမုနိ ဘုရားကြီး၊ အောင်တော်မူ ဆုတောင်းပြည့် ဘုရား၊ ရွှေကျီးမြင် ဘုရား အပြင် မန္တလေး ချမ်းအေးသာစံ မြို့နယ်ရှိ သမိုင်းဝင် ဆုတောင်းပြည့် ချမ်းသာရ မြတ်စွာဘုရား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ ရွှေထီးတော် တင်လှူခြင်းနှင့် (၂၁)ကြိမ်မြောက် ချမ်းသာရ ဘုရား ဆွမ်း ၉ဝဝဝ၊ ရေတော် ၉ဝဝဝ၊ ပန်း ၉ဝဝဝ၊ ဆီမီး ၉ဝဝဝ၊ သစ်သီး ၉ဝဝဝ ကပ်လှူ ပူဇော်ပွဲများသို့ လာရောက် ကြည်ညိုပူဇော် သူများဖြင့် စည်ကားလျက် ရှိသည်။

ထို့ပြင် မန္တလေးနန်းမြို့ရှိ ရပ်ကွက်များ၊ လမ်းများ၌လည်း ဖယောင်းမီးများ၊ အလှဆင် မီးများ ထွန်းညှိကာ လမ်းအလိုက် နိဗ္ဗာန်ဈေးများ စည်ကားစွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

တင်မောင်

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

Preparations going on for Pyin Oo Lwin flower festival


Yangon October 29

Kandawgyi, the landmark park in floral town of Pyin Oo Lwin, will host the annual flower festival of the town in December, said the lake conservation team.

Preparations, such as selecting of flower species for display and nurturing of them, are being made for the 10th edition of December festival, said Ko Wai Myo Aung, manager of the lake conservation team.

“We have no plan to hold any special event in Kandawgyi in Tazaungdaing (November) because there will be Pyi Chit Pagoda Festival during that time. There will only be normal events in the park as the visitors are more interested in lighting festival,” said Ko Wai Myo Aung.

The flower festival will be held from the second to the last week of December with music festival scheduled on December 25-26. “Usually, we plan the flower festival not to coincide with Pyi Chit pagoda festival. So, we are just making preparations for the December festival,” said Ko Wai Myo Aung.

The annual festival has been held since 2005 and draws enthusiasts not only from surrounding areas but from four corners of the country.

The Myawady Daily, Page(19)

#Themyawadydaily

လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ဂျပန်နိုင်ငံမှ လာရောက်သင်တန်းပေးပြီး နိုဝင်ဘာ ၃ ရက်တွင် စတင်စမ်းသပ် ပြေးဆွဲမည်


ရန်ကုန် ၊ ၂၉-၁၀-၂၀၁၅

မြန်မာနိုင်ငံ၌ နှစ်ပေါင်း တစ်ရာကျော် အတွင်း လျှပ်စစ်ရထားကို ပထမဆုံး အကြိမ် ပြန်လည် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ လာရောက် သင်တန်း ပေးသွားမည် ဖြစ်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်၌ နိုဝင်ဘာ ၃ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း ၏ ပြောကြားချက် အရ သိရသည်။

လျှပ်စစ်ရထား စီမံကိန်းအတွက် သံလမ်းနှင့် ရထားဘီးများ ကိုက်ညီမှု ရှိစေရန် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ကမ်းနားလမ်း တစ်လျှောက် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းလမ်း အထိ အရန် လျှပ်စစ်ရထား စက်ခေါင်းတွဲကို လျှပ်စစ်ဓာတ်အား မပါဘဲ ရထားစက်ခေါင်း အကူအညီဖြင့် ကနဦး စမ်းသပ် မောင်းနှင်ခဲ့ပြီး အောက်တိုဘာ လကုန်တွင် လျှပ်စစ် နှင့် စမ်းသပ် မောင်းနှင်မည် ဖြစ်ကြောင်း သိရသည်။

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် နိုဝင်ဘာလတွင် ဝါးတန်းလမ်းမှ ပန်းဆိုးတန်း လမ်းအထိ လျှပ်စစ်ရထား သုံးစင်းဖြင့် အလှည့်ကျ ပြေးဆွဲပေးမည် ဖြစ်ပြီး ဒီဇင်ဘာလတွင် ပန်းဆိုးတန်းမှ လင်းစဒေါင်း အထိကိုပြေးဆွဲပေးမည် ဖြစ်သည်။

အဆိုပါ လျှပ်စစ်ရထား ပြေးဆွဲရန် ဂျပန်နိုင်ငံမှ နည်းပညာများ ပံ့ပိုးပေးပြီး နိုင်ငံတော် မှ ငွေကြေး စိုက်ထုတ်မှု များကို တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ကာ လျှပ်စစ်ရထား မိုင်နှုန်းကိုလည်း နိုင်ငံတကာ တွင် ပြေးဆွဲနေသည့် မိုင်နှုန်းအတိုင်း ၁၅ မိုင် သို့မဟုတ် မိုင် ၂ဝ နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းနှင့် ညှိနှိုင်းထားပြီး ဖြစ်သော်လည်း လျှပ်စစ်ရထား လက်မှတ်ခ နှုန်းထားများကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။ 

လျှပ်စစ်ရထား ပြေးဆွဲမှုကြောင့် ခရီးသွား ပြည်သူများနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် အချိန်ကုန် သက်သာစေမည့် အပြင် လက်ရှိ ရန်ကုန်မြို့၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ရန်ကုန်မြို့သို့ ရောက်ရှိ



နေပြည်တော် ၊ ၂၉-၁၀-၂၀၁၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် BNS Abu Bakr သည် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ယမန်နေ့ ညနေ ၄ နာရီ ၂ဝ မိနစ်တွင် ရောက်ရှိလာရာ တပ်မတော်(ရေ ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများမှ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေတပ်မှ Captain Mohammad Mahmudul Malekု ဖြစ်သူ ဦးစီး၍ အရာရှိ ၈၃ ဦး၊ အခြားအဆင့် ၁၄ဝ ဦး၊ စုစုပေါင်း ၂၂၃ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်အထိ လေးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၅) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၅) ကြာသပတေးနေ့

Download Links



Wednesday, October 28, 2015

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၅)ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၅)ဗုဒ္ဓဟူးနေ့

Download Links


Tuesday, October 27, 2015

ကမ္ဘာ့မျိုးစေ့ဘဏ် သို့မဟုတ် ကမ္ဘာ့ဒုတိယ နှလုံးခုန်သံ


ကမ္ဘာ့မျိုးစေ့ဘဏ် သို့မဟုတ် ကမ္ဘာ့ဒုတိယ နှလုံးခုန်သံ

ကမ္ဘာ့ မြောက်ဝင်ရိုးစွန်း နှင့် မိုင်ပေါင်း ၈၁၀ သာ ကွာဝေးတော့သည့် ဝေးလံသီခေါင် လှသော Artic Svalbard ကျွန်းစုရှိ နော်ဝေ အစိုးရပိုင် Spitsbergen ကျွန်းပေါ်တွင် လျှို့ ဝှက် လုံခြုံစွာ ထိန်းသိမ်း ထားရှိသော ကမ္ဘာ့ မျိုးစေ့ဘဏ် Svalbard Global Seed Vault တည်ရှိသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် သဘာဝအရ ပေါက်ရောက်သော၊ လူတို့ စိုက်ပျိုးသော ကောက်ပဲသီးနှံ နှင့်အပင်တို့ ၏ မျိုးစေ့ကို သက်ဆိုင်ရာ နိုင်ငံက မျိုးစေ့ဘဏ် ဖွင့်လှစ် ထားရှိရ၏။ နိုင်ငံပေါင်း ၂၅၀ ကျော်တို့ ၏ မျိုးစေ့ဘဏ် တို့မှ မျိုးစေ့အမျိုး နမူနာ အားလုံးကို ဤ ကမ္ဘာ့မျိုးစေ့ဘဏ် တွင် စုဆောင်း သိုလှောင် ထိန်းသိမ်း ထားရှိရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသန အတိုင်ပင်ခံ အဖွဲ့ ၏ အကူအညီဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား ကယ်ရီဖောင်လာ က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 





ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံ များသည် သဘာဝ ဘေးအန္တရာယ် ကြောင့်ဖြစ်စေ၊ လူလုပ် ဘေးအန္တရာယ် ကြောင့်ဖြစ်စေ ပျက်စီးသွားပါက ယင်းနိုင်ငံ၏ မျိုးစေ့ဘဏ် များမှ မျိုးစေ့များကို ထုတ်ယူ စိုက်ပျိုးကာ ယင်းနိုင်ငံ၏ အစာရေစာ ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်၏။ ဘေးအန္တရာယ် ကျရောက်ချိန်တွင် မျိုးစေ့ဘဏ် လည်း ပျက်စီးသွားလျှင် အခြားနိုင်ငံ များ၏ မျိုးစေ့ဘဏ်မှ ချေးယူသုံးစွဲကာ အသက်ဆက်ရန် ဖြစ်သည်။ သို့ သော် ကမ္ဘာတစ်ဝန်းလုံး ပျက်စီးနိုင် လောက်သည့် ဘေးအန္တရာယ် ဆိုးကြီးများ ကျရောက်ကာ ကမ္ဘာတစ်ဝန်းရှိ မျိုးစေ့ဘဏ်များ ပျက်စီးဆုံးရှုံး သွားခဲ့သော် ကမ္ဘာကြီး၏ နောက်ဆုံးအဆင့် အသက်ကယ်ဆေး အနေဖြင့် ဤ ကမ္ဘာ့ မျိုးစေ့ဘဏ်မှ မျိုးစေ့များကို ထုတ်ယူဖြန့် ဝေ စိုက်ပျိုး စားသောက် ရှင်သန်ရန် ရည်ရွယ်စီစဉ် ထားခြင်းဖြစ်သည်။ 

ဤ ကမ္ဘာ့ မျိုးစေ့ဘဏ် ကြီးကို နေဝေအစိုးရ၊ ကမ္ဘာ့ ကောက်ပဲသီးနှံ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့  GCDT နှင့် NordGen ဗီဇဓာတုပစ္စည်း အရင်းအမြစ်ဌာန တို့  ၃ ဖွဲ့ က ပူးပေါင်း ဆောင်ရွက်၊ ထိန်းသိမ်း စောင့်ရှောက် ထားခြင်း ဖြစ်သည်။ ဤမျိုးစေ့ ဘဏ်ကြီးအတွက် နော်ဝေ အစိုးရက ငွေကြေး အပြည့်အ၀ ထောက်ပံ့ထားရာ ဘဏ် ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၉ သန်း ဖြစ်၏။ မည်သည့် နိုင်ငံမှ မျိုးစေ့ကို မဆို ဤ ဘဏ်ကြီးတွင် အခမဲ့ လာရောက် အပ်နှံထား နိုင်သည်။

ယင်းကဲ့သို့ အပ်နှံရန် အခြား ကုန်ကျမှု များကို GCDT နှင့် နော်ဝေ အစိုးရက ထပ်မံကျခံ၏။ ယင်း ကုန်ကျမှုများ အတွက်  Microsoft ဖခင်ကြီး တည်ထောင် ထားသော Bill & Melinda Gates Foundation ကဲ့သို့  အလှူရှင် များက ဆက်လက် ထောက်ပံ့ပြီး နိုင်ငံတကာ အစိုးရ အဖွဲ့ များ ကလည်း တတ်အားသရွေ့ ပါဝင် လှူဒါန်းကြသည်။ 

NordGen သည် ၁၉၈၄ ခုနှစ် ကတည်းက Svalbard ရှိ ကျောက်မီးသွေး တွင်းအဟောင်း တစ်ခု၌ မျိုးစေ့များကို အအေးခံ သိုလှောင်ခြင်းကို စတင် လုပ်ကိုင်ခဲ့ရာ ကောက်ပဲသီးနှံ အမျိုးပေါင်း ၃၀၀ ကျော်၏ ထွန်ယက် စိုက်ပျိုးနိုင်သော အဆင့်ရှိ မျိုးစေ့ အမျိုးပေါင်း ၂၀၀၀ ကျော်အတွက် မျိုးစေ့ပေါင်း ၁၀၀၀၀ ကျော်ကို စုဆောင်း နိုင်ခဲ့၏။ NordGen သည် အာဖရိက တောင်ပိုင်းဖွံ့ ဖြိုး တိုးတက်ရေး အသိုက်အ၀န်း ထံမှလည်း မျိုးစေ့များကို ပွားယူ၏။ နောက်ပိုင်းတွင် NordGen က စုဆောင်းထားသော မျိုးစေ့များနှင့် အာဖရိက တောင်ပိုင်းမှ စုဆောင်း ထားသော မျိုးစေ့များ အားလုံးကို ကမ္ဘာ့ မျိုးစေ့ဘဏ်တွင် ထည့်သွင်း ထားခဲ့ခြင်း ဖြစ်သည်။ 

ကမ္ဘာ့မျိုးစေ့ ဘဏ်ကြီးကို စတင် တည်ဆောက်ရန် အုတ်မြစ်ချခြင်း အမှုကို ၂၀၀၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်တွင် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ် နှင့် အိုင်စလန် နိုင်ငံတို့ မှ ၀န်ကြီးချုပ်များ ကိုယ်တိုင် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ ကြသည်။

ကမ္ဘာ့မျိုးစေ့ ဘဏ်ကြီးသည် Spitsbergen ကျွန်းရှိ သဲကျောက်တောင် ကြီးတစ်ခုကို ထွင်းကာ ဆောက်လုပ် ထားခြင်းဖြစ်ပြီး အရှည် ၃၉၀ ပေ ရှိပြီး လုံခြုံရေး အဆင့်အတန်း မြင့်မားစွာဖြင့် စီမံထားရှိ၏။ မျိုးစေ့များကို အထူး ပြုလုပ်ထားသော ထုပ်ပိုးပစ္စည်း များဖြင့် (၄) ထပ် ထုပ်ပိုး၏။ စိုစွတ်ပျက်စီးမှု မရှိစေရန် အထုပ်အတွင်း၌ ရေငွေ့ အားလုံး ထွက်အောင် အပူ ပေးပြီးမှ အလုံပိတ် ထားသည်။ ဘဏ်၏ လုံခြုံရေးစနစ် မြင့်မားမှုကြောင့် လူသား အစောင့်အရှောက် များ အမြဲထားရှိရန် မလိုအပ် သော်လည်း NordGen က အစဉ် စောင့်ကြည့်လျက် ရှိသည်။

Spitsbergen သည် မြေအောက် ကျောက်သား ဆက်ကြောင်း ပေါ်တွင် မရှိသဖြင့် ငလျင်လှုပ်မည့် ဒဏ်ခံရနိုင်ခြေ အနည်းဆုံး ဖြစ်ခြင်း၊ အစဉ်သဖြင့် ရေခဲနေသော ဒေသ ဖြစ်သည့်အတွက် ရေခဲခန်း အထွေအထူး ပြုလုပ်ရန် မလိုအပ်ခြင်း၊ ပင်လယ် ရေမျက်နှာပြင် အထက် အမြင့် ၄၃၀ ပေ ရှိသဖြင့် ရေခဲတောင်များ အရည်ပျော် လျှင်လည်း ဘဏ်ထဲသို့ ရေ၀င်ရောက် နိုင်မည့် အလားအလာ မရှိခြင်း၊ ယင်းဒေသ၌ ကျောက်မီးသွေး ပေါများပြီး ရေခဲသေတ္တာ များအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လောင်စာ လွယ်ကူခြင်း၊ ပတ်ဝန်းကျင် အပူချိန်သည် အနုတ် ၃ ဒီဂရီ စင်တီဂရိတ် သာ ရှိသဖြင့် ရေခဲ သေတ္တာများ ရပ်ဆိုင်း သွားလျှင်လည်း ရက်သတ္တပါတ် နှင့်ချီ မျိုးစေ့များ မပျက်မစီး တည်ရှိနိုင်ခြင်း အစရှိသည့် အားသာချက် များကြောင့် Spitsbergen ကို ကမ္ဘာ့မျိုးစေ့ဘဏ် ဆောက်လုပ်ရန် နေရာအဖြစ် ရွေးချယ်ထားခြင်း ဖြစ်၏။ 

ဤ မျိုးစေ့ဘဏ်ကြီး ကို ၂၀၀၈ ခုနှစ်တွင် တည်ဆောက် ပြီးစီးကာ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ တွင် စတင်ဖွင့်လှစ် ခဲ့သည်။ စတင် ဖွင့်လှစ်ခဲ့သော အချိန်တွင် မျိုးစေ့ဘဏ် အတွင်း၌ မျိုးစေ့နမူနာ ၁ ဒသမ ၅ သန်း ရှိခဲ့၏။

နိုင်ငံတကာ က ပူးပေါင်းပါဝင် သိုလှောင်လေ၊ သိုလှောင်နိုင်သည့် မျိုးစေ့ အမျိုးအစားနှင့် ပမာဏများလေ ဖြစ်မည်။ ဤဘဏ်တွင် မျိုးစေ့ပေါင်း ၄ ဒသမ ၅ သန်းအတွက် နေရာရှိ၏။ မျိုးစေ့ တစ်မျိုးအတွက် နမူနာ မျိုးစေ့ ၅၀၀ ပေးရသည်။

ဤမျှ ဂရုတစိုက် စီစဉ်ထားရှိသော ကမ္ဘာ့မျိုးစေ့ ဘဏ်မှ မျိုးစေ့များကို ပထမဆုံး အကြိမ် ထုတ်ယူသုံးစွဲ ခဲ့ရသည်မှာ မကြာလှသေး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ ၌ ဆီးရီးယား နိုင်ငံအား ငတ်မွတ် ခေါင်းပါးမှု ဘေးမှ ကယ်တင်နိုင်ရန် ကမ္ဘာ့မျိုးစေ့ ဘဏ်မှ မျိုးစေ့များကို ပထမဆုံး အကြိမ် ထုတ်ယူသုံးစွဲ ခဲ့ရသည်။

မိမိကိုယ်ကျိုး စီးပွားအတွက် အခြားသူ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အပြင် ကမ္ဘာ့လူသား မျိုးနွယ်စု တစ်ရပ်လုံး ကိုလည်း ထိခိုက် စေနိုင်သည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုအား ဖြစ်စေသည့် ၀ိသမ လောဘသား များ၏ရန်ကို အံတုရန်၊ ပြင်းထန်သည်ထက် ပြင်းထန်လာသည့် မုန်တိုင်း ၊ ငလျင် ၊ မိုးခေါင်ရေရှား သည့်ဒဏ်များကို အံတုရန်၊ အဆုံးမသတ် နိုင်သော စစ်ဘေးဒဏ် များကြောင့် ပျက်စီးဆုံးရှုံးကာ ထွန်ယက် စိုက်ပျိုးရန် မဖြစ်နိုင် တော့သည့် ပြဿနာများကို အံတုရန် အရှည်ကို မျှော်တွေးကာ စီမံထားရှိသော ကမ္ဘာ့မျိုးစေ့ဘဏ် ကြီးအကြောင်း လေ့လာရေးသား တင်ပြလိုက်ရ ပါသည်။

#Yadanarpondaily

ပျူခေတ်ယဉ်ကျေးမှုထွန်းကားရာ ဟန်လင်းမြို့ဟောင်းသို့ လေ့လာရေး လာရောက်သူ ခရီးသွားဧည့်သည်များပြားလာ



စစ်ကိုင်း ၊ ၂၇-၁၀-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ပျူခေတ် ယဉ်ကျေးမှု ထွန်းကားရာ ဟန်လင်း မြို့ဟောင်းသို့ လေ့လာရေး လာရောက်သည့် ခရီးသွား ဧည့်သည် အရေအတွက်မှာ ယခင်နှစ်ကထက် ယခုနှစ်တွင် ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်၊ မန္တလေး- ရွှေဘိုကား လမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက်သို့ ၁၁ မိုင်၊ ရွှေဘိုမြို့၏ အရှေ့တောင် ဘက်သို့ ၁ဝ မိုင်၊ ငါးဖာလုံခန့် နေရာတွင် ရှိသည်။

ထို့ပြင် အလျားနှစ်မိုင် ငါးဖာလုံ၊ အနံ တစ်မိုင်ခန့်ရှိ စတုဂံပုံ သဏ္ဌာန် ရှိ ဟန်လင်း မြို့ဟောင်းကို ရှေးဟောင်း မြို့ရိုးကြီးများဖြင့် ယနေ့ ထိတိုင် မြင်တွေ့နိုင်သည်။

ထို့ပြင် အဆိုပါ ဟန်လင်း မြို့ဟောင်းကို ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ဦးစီးဌာနရှိ ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ပညာရှင် များနှင့် ပြည်ပ သုတေသန ပညာရှင်တို့ ပူးပေါင်း၍ သုတေသန ဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ရာတွင် တူးဖော်တွေ့ရှိ ရသော အနုပညာ လက်ရာမြောက် ရွှေထည်၊ ငွေထည်ပစ္စည်းများ၊ ကျောက်စာများ၊ အရိုးစုများ၊ မြို့ရိုးမြို့တာများ၊ ရှေးဟောင်း အဆောက်အအုံ အကြွင်းအကျန် များသည် ဟန်လင်း မြို့ဟောင်း၏ ထင်ရှားသော အမှတ်လက္ခဏာ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို လေ့လာသိရှိ လိုသော လူငယ်များသည် နွေရာသီ ကျောင်းပိတ်ရက် များတွင် ထိုဒေသသို့ ညအိပ်ညနေ လာရောက်၍ လေ့လာ လည်ပတ်ကြ ခြင်း ဖြစ်သည်၊

''သာမန် ကျောင်းပိတ်ရက် နဲ့ ရုံးပိတ်ရက် တွေမှာ တစ်ရက်ကို ပျှမ်းမျှအားဖြင့် လေ့လာသူ နှစ်ရာကျော် လောက်ရှိရာ ကနေ ဒီနှစ်မှာ လာရောက် လေ့လာသူ တစ်ဆ တိုးမြင့် လာပါတယ်'' ဟု အဆိုပါ ဒေသရှိ ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ဝန်ထမ်းတစ်ဦး က ပြောပြသည်။ ဟန်လင်း မြို့ဟောင်းသည် မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပျူယဉ်ကျေးမှု မြို့ဟောင်းကြီး သုံးခုအနက် တစ်ခု အပါဝင် မြို့ဟောင်းကြီး ဖြစ်ကြောင်း သိရသည်။ 

#Yadanarpondaily

ပြုပြင်ထားသော အသားများကို စားသုံးခြင်းက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်



ငြိမ်းချမ်း

ပြုပြင်ထားသော အသားများ ဥပမာ-ဝက်ဆားနယ် ခြောက်၊ ဝက်အူချောင်း နှင့် ဝက်ပေါင်ခြောက် တို့ကို စားသုံးခြင်းသည် ကင်ဆာရောဂါ များကိုဖြစ်ပွား စေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က တရားဝင် ထုတ်ပြန် ထားသည်။ အဆိုပါ အသားများကို တစ်နေ့လျှင် ၅ဝ ဂရမ် စားသုံးခြင်းသည် colorectal cancer (အူမကြီး၊ စအို၊ အူသိမ်) ကင်ဆာ ဖြစ်ပွားမှုကို ၁၈ ရာခိုင်နှုန်း ပိုမိုမြင့်တက် စေကြောင်း WHO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ပမာဏသည် ဝက်ဆားနယ်ခြောက် နှစ်ပြားခန့်နှင့် ညီမျှသည်။

ထို့ပြင် အနီရောင် အသားများကို စားသုံးခြင်း သည်လည်း ကင်ဆာ ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိကြောင်း၊ သို့သော် ထိရောက်သော သက်သေပြမှု ရရှိနိုင်ရန် အတွက် စူးစမ်း လေ့လာမှုများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း WHO က ပြောကြား ထားသည်။ 

WHO ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ဗြိတိန်ကင်ဆာ သုတေသန ဌာနက ထောက်ခံထားပြီး အဆိုပါ တွေ့ရှိမှုသည် ပြုပြင်ထားသော အသားများနှင့် အနီရောင် အသားများ စားသုံးမှုကို လျှော့ချရန် အကြောင်းပြချက် တစ်ခုပင် ဖြစ်ကြောင်း ပြောကြား ထားသည်။ အဆိုပါ အသားများကို စားသုံးရာတွင် အရသာ ရှိစေရန်အတွက် ကျပ်တင်ခြင်း၊ ပြုပြင်ထားခြင်း၊ ဆားနယ် ထားခြင်း သို့မဟုတ် တာရှည်ခံ ဆေးဝါးများ အသုံးပြု ထုတ်လုပ် ထားခြင်း ဖြစ်သည်။

ထို့ပြင် အသားကင် ကဲ့သို့သော အစားအစာများ သည်လည်း ကင်ဆာရောဂါ ဖြစ်ပွားစေ နိုင်သော ဓာတုပစ္စည်းများကို ထုတ်လုပ် ပေးကြောင်း WHO က ထုတ်ပြန်ချက်တွင် ဆက်လက် ပြောကြား ထားသည်။ 
အဆိုပါ ပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် အရက် သောက်ခြင်းနှင့် ဆေးလိပ် သောက်သုံးခြင်း တို့ကြောင့် ကင်ဆာရောဂါ ဖြစ်ပွား စေသကဲ့သို့ ဖြစ်သော်လည်း ဝက်ဆားနယ် ခြောက် အသားညှပ် ပေါင်မုန့်တစ်ခု စားသုံးခြင်းသည် ဆေးလိပ် သောက်သုံးခြင်း လောက် အန္တရာယ် မရှိကြောင်း WHO က ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် colorectal cancer ကိုဖြစ်ပွား စေသော်လည်း အနည်းငယ်သော ပမာဏသာ ဖြစ်ကြောင်း၊ သို့သော် ထို အသားများကို လွန်ကဲစွာ စားသုံးပါက ကင်ဆာဖြစ်ပွား နိုင်မှုသည်လည်း မြင့်တက်လာမည် ဖြစ်ကြောင်း WHO မှ ဒေါက်တာ ကာ့တ်စထရိတ် က ပြောကြား ထားသည်။

ကမ္ဘာပေါ်တွင် ဆေးလိပ် သောက်သုံးခြင်း ကြောင့် ရရှိသော ကင်ဆာရောဂါဖြင့် နှစ်စဉ် သေဆုံးသူ အရေအတွက်မှာ တစ်သန်းခန့် ရှိပြီး အရက် သောက်သုံးခြင်း ကြောင့် နှစ်စဉ်သေဆုံး သူမှာ ခြောက်သိန်းခန့် ရှိသည်။ 

သို့သော် ပြုပြင်ထားသော အသားများနှင့် အနီရောင် အသားများကို လွန်ကဲစွာ စားသုံးခြင်းကြောင့် နှစ်စဉ် သေဆုံးသူ အရေအတွက်မှာ ၃၄ဝဝဝ သာ ရှိသည့် အတွက် ယင်း ပြုပြင်ထားသော အသားများ စားသုံးမှုကို လျှော့ချပါက နှစ်စဉ် လူသေဆုံးမှုနှုန်း သည်လည်း လျော့ကျ သွားမည်ဟု WHO က အကြံပြု ပြောကြား ထားကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

#Themyawadydaily

ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကို စက်ယန္တရားများဖြင့် လုပ်ကိုင်သောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာ



ဖားကန့် ၊ ၂၇-၁၀-၂၀၁၅

ကချင်ပြည်နယ် ဖားကန့် ဒေသ၌ ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို စက်ယန္တရား များဖြင့် လုပ်ကိုင် လာသောကြောင့် နယ်မြေဒေသ အတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။

ဖားကန့်နယ်မြေကို ကချင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကုမ္ပဏီ အမည်ခံ၍ နေရာ အနှံ့အပြား၌ ဘက်ဟိုးကား အစီးရေ ၁ဝဝဝ ဖြင့် မြေပေါ် မြေအောက် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက် နေလျက်ရှိသည်။

အဆိုပါ ဒေသတွင် ဒေသ ဖွံ့ဖြိုးရေး အထောက်အကူ ပြုသည့် လမ်းတံတား ချောင်းမြောင်း ကာကွယ်မှု အားနည်းပြီး လူမှုဘဝ တိုးတက်ရေး အခြေပြု စာသင်ကျောင်းများ၊ ကျန်းမာရေး ဆေးရုံးများ၊ ဆက်သွယ်ရေး လုပ်ငန်းများ လိုအပ်လျက် ရှိသည်။

ပေ ၅ဝဝ ခန့် သတ္တု ကျောက်စိမ်း တူးဖော် ရှာဖွေရာတွင် ဘက်ဟိုး မြေတူးကော်ယူ ကားများ အသုံးပြု၍ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းအတွက် ဘက်ဟိုးကား တင်သွင်းမှုသာ အားကောင်းလျက် ရှိကြောင်း၊ အဆိုပါ မြေတူးမြေကော် စက်များဖြင့် တူးဖော် ထားသော မြင့်မားသည့် တောင်ပို့များ၊ ကျယ်ဝန်း လှသည့် တွင်းနက်များကို မြေပြန်မဖို့ သောကြောင့် မြေပြိုပိ၍ လူအသေ အပျောက်များ ရှိနေကြောင်း ဒေသခံများက ပြောပြ၍ သိရသည်။

ထို့ပြင် ဖားကန့်မြို့နယ် သည် ကျောက်စိမ်း ထွက်ရှိရာ ဒေသဖြစ်၍ ကုန်ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူစားသုံး ရခြင်းများ၊ ကုန်စည် စီးဆင်းမှုကို ထိန်းချုပ် နိုင်သည့် အနေအထား မရှိခြင်းကြောင့် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာ ငွေများ နစ်နာပြီး ဒေသ အကျိုးပြု အားနည်း နေမှုများကို ကြပ်မတ် စစ်ဆေး ဆောင်ရွက်ပေး၍ အနာဂတ် ကာလကို ထိခိုက်ပျက်စီးမှု မရှိစေရန် ဆောင်ရွက် ပေးသင့်ကြောင်း ဒေသခံများထံမှ သိရသည်။

ငွေအိုး(ကသာ)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

Lovejoy ကြယ်တံခွန်က တစ်စက္ကန့်လျှင် ၀ိုင်ပုလင်း ၅၀၀ နှင့် ညီမျှသော အယ်လ်ကိုဟောများ ထုတ်လွှတ်




ပဲရစ် ၊ ၂၇-၁၀-၂၀၁၅

ကမ္ဘာကို နှစ်ပေါင်း ၈ဝဝဝ တွင် တစ်ကြိမ် ဖြတ်သန်းလေ့ ရှိသည့် ကြယ်တံခွန် Lovejoy သည် တစ်စက္ကန့်လျှင် ဝိုင်ပုလင်း ၅ဝဝ နှင့်ညီမျှသော အယ်လ်ကိုဟော ကို ထုတ်လွှတ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် ပဲရစ်နက္ခတ် တာရာကြည့် မျှော်စင်မှ သုတေသီ နီကိုးလပ်ဘိုင်ဗာ က ပြောပြသည်။

အဆိုပါ အယ်လ်ကိုဟော သည် အီသိုင်း အယ်လ်ကိုဟော ဖြစ်ပြီး သကြားဓာတ် တစ်မျိုးဖြစ်သော ဂလိုင်ကို လယ်ဒီဟိုက် ကိုလည်း ထုတ်လွှတ်ကြောင်း၊ ၄င်းဓာတ် နှစ်ခုသည် အဆိုပါ ကြယ်တံခွန်ရှိ ရေခဲထုအတွင်း တည်ရှိ နေကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

''ကမ္ဘာကြီးရဲ့ သယံဇာတ တွေကို တူးဖော်သုံးစွဲ နေထိုင် နေကြတဲ့ လူသားတွေဟာ အင်္ဂါဂြိုဟ်ကိုလဲ နယ်ချဲ့ပြီး နေထိုင်ရှင်သန် နိုင်ဖို့ ကြိုးစားနေသလို ကမ္ဘာ့ပြင်ပ ဂြိုဟ်တွေပေါ် မှာလဲ သတ္တုတွင်းထွက် တွေကို တူးဖော်နိုင်ဖို့  အကြံကြီးကြီး နဲ့ ရည်ရွယ် ဆောင်ရွက် နေကြပါတယ်။ ဂြိုဟ်တွေအပြင် ကြယ်တံခွန်နဲ့ ဥက္ကာပျံ တွေကိုလဲ စူးစမ်းလေ့လာ နေတာဖြစ်ပြီး အခုဆိုရင် အယ်လ်ကိုဟော နဲ့ သကြားကို ထုတ်လွှတ်နေတဲ့ ကြယ်တံခွန်ကြီး ကိုလဲ တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ တစ်နေ့နေ့ မှာတော့ ကမ္ဘာ့ပြင်ပ အာကာသ ထဲကနေ လူသားတွေ အတွက် အသုံးပြုနိုင်မယ့် ဓာတ်သတ္တု ပစ္စည်းတွေ ယူဆောင် လာနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ကြယ်တံခွန် အများစုသည် ကျောက်သား၊ ရေခဲ၊ ရေနှင့်ဖုန်မှုန့် များဖြင့် ဖွဲ့စည်း ဖြစ်တည်ရာတွင် အခြားသော ဓာတ်ပေါင်း အများအပြား လဲ ပါဝင်နိုင်ကြောင်း ၊ သို့သော် အယ်လ်ကိုဟောနှင့် သကြားပါဝင်သည့် ကြယ်တံခွန်မှာ Lovejoy ကြယ်တံခွန် တစ်ခုတည်းသာ ရှိသေးကြောင်း၊ ကြယ်တံခွန် များတွင် ပါရှိသော ဓာတုပစ္စည်း များကို လေ့လာပြီး ဂြိုဟ်များစတင် ဖြစ်ပေါ်လာပုံနှင့် သက်ရှိဘဝ စတင်တည်ရှိ ရှင်သန် ကြီးထွားလာပုံ တို့၏ အစကို ဖော်ထုတ်သိရှိ နိုင်မည်ဟု သုတေသီ များက ယုံကြည် ထားကြသည်။

Lovejoy ကြယ်တံခွန် ကို ကမ္ဘာပေါ်မှာ ယခုနှစ် ဇန်နဝါရီ ၃ဝ ရက်က နောက်ဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကြယ်တံခွန်ကို ကြည့်ရှုခွင့် ရရန် သုတေသီ များက စပိန်နိုင်ငံ၊ Institute de Radioastronomie Milllimetrique ရှိ မီတာ ၃ဝ ရေဒီယို အင်တာနာကို အသုံးပြုကာ ဖမ်းယူကြည့်ရှု ခဲ့ရကြောင်း၊ Lovejoy ကြယ်တံခွန် သည် ကမ္ဘာကို ၁ဝဝ၁၅ ခုနှစ်တွင် နောက်ထပ် တစ်ကြိမ် ဖြတ်သန်းမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

အင်းဝမြို့ရိုးအား မူလလက်ရာမပျက် တူးဖော်မှုများ ပြီးစီးသွားပါက ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အောင် လုပ်ဆောင်သွားမည်



မန္တလေး ၊ ၂၇-၁၀-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် ဥတည်ကျေးရွာ အနီးရှိ အင်းဝမြို့ရိုးအား တူးဖော်မှု များကို မူလလက်ရာ မပျက်စေရန် အုတ်ခုံ၏ မူလလက်ရာ အတိုင်း အစားထိုး စနစ်ဖြင့် လုပ်ဆောင်လျက် ရှိပြီး ပြီးစီးသွား ပါက UNESCO မှ သတ်မှတ်ထားသော အချက်အလက် များဖြင့် ရှေးဟောင်း အမွေအနှစ် စာရင်းဝင် စေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ သိရသည်။

ထို့အပြင် အင်းဝမြို့ရိုးအား အရပ် လေးမျက်နှာ ပြည့်အောင် တူးဖော်ရေး လုပ်ငန်းများ ပြီးစီးပါက ရှေးမူမပျက် ထားရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ခရီးသွား ဧည့်သည်များ လေ့လာ နိုင်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ သိရသည်။

အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး အတွင်းရှိ အင်းဝနန်းတော် အုတ်ခုံများ ပြန်လည် တူးဖော်မှု များကို စက်တင်ဘာလ မှစတင်ခဲ့ပြီး အောက်တိုဘာ လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ လက်ရှိ တူးဖော်နေသော အုတ်ချပ်များမှာ ကုန်းဘောင် ခေတ်ဦးနှင့် ကုန်းဘောင် ခေတ်လယ်ပိုင်းမှ အုတ်ချပ် လက်ရာများ ဖြစ်ပြီး ကျင်းရှည် စနစ်ဖြင့် တူးဖော်ခြင်း ဖြစ်ကာ တူးဖော်ပြီးသော အုတ်ရိုးအမြင့်မှာ သုံးပေမှ ရှစ်ပေခွဲအထိ ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့ရိုး တူးဖော်မှုများ ပြီးစီးသွားပါက အင်းဝနန်းတွင်း ထဲရှိ အဆောင်များကို သန့်ရှင်းရေး ပြုလုပ်သွားမည် ဖြစ်ပြီး အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ရှိ ရေကန်များ ကိုလည်း သန့်ရှင်းရေး ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းဝမြို့ရိုး အတွင်း၌ ရှေးဟောင်း အဆောက်အအုံ ပေါင်း ၇၈ ခုရှိပြီး လူနေ အဆောက်အအုံ ၂ဝဝ နှင့် ဘုန်းကြီးကျောင်း ခုနစ်ကျောင်း ရှိကာ အင်းဝနန်းတော် အုတ်ခုံ၏ အကျယ်အဝန်းမှာ အရှေ့ အနောက် အရှည်ပေ ၁၄၈ဝ နှင့် တောင် မြောက် အရှည်ပေ ၁၁ဝဝ ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Festival Of Lights ( Thadingyut )


Festival Of Lights ( Thadingyut )

<< Khin Myo Chit >>


Thadingyut, the seventh month of the Mayanmar calendar, marks the end of lent. Monsoon is on the way out and the skies are clearing. Sunny days are here to stay.

The austerity, sobriety and restraint of the lenten season together with the damp murky gloom of the monsoon all these have given way to fun and festivities. With the ban on weddings lifted, there is the scent of eugenia leaves and lilies in the air. The soft breeze whispers the music of flutes and harps.

The tree day lights festival, namely the day before the full moon, the full moon day and the day after, will be those of music, dances and fun. Illuminations are there to celebrate the anniversary of the Buddha’s return from the celestial abode where he had spent the lent teaching the gods above His Law.

Among the gods was the one who was the mother of the Buddha reborn there. It was on the full moon day of Thadingyut month that the Buddha descended to the abode of humans. He and His disciples were attended by a heavenly host of celestials who created a pathway of stars. Humans on earth illuminated the homes and streets to welcome the Buddha and His disciples.

Although the anniversary is on the full moon day, the Myanmar way of celebrating such an event is to have a festival on the eve, to welcome the day and the actual day and then the day after to give a grand send-off. So the three festival days instead of one. The more the merrier.

Streets, houses and public buildings are illuminated and festooned with coloured electric bulbs. One feature of the festival in small towns and villages is see-mee lighting; small earthen bowls are filled with sessamum oil and a piece of cotton is soaked in each bowl and Lighted.

These lighted oil bowls are placed on the terraces of pagodas. The lights last longer than candles and the little tongues of flame quivering in the breeze lent and uncanny beauty to the scene steeped in silvery moonlight. Such lights are sometimes seen on the pagodas in Yangon city.

The scene of the Buddha’s descent from the celestial regions is often recreated in the streets or pagoda precincts, all done up in paper mache and poster paintings and of course, lights. The festival is often called the Tawadaintha feast: Tawadaintha, being the name of the celestial abode where the Buddha spent the lenten season.

Thadingyut is not only a season of festivals and rejoicings, but also a time for remembering those to whom we owe respect and gratitude. The Buddha’s visit to the celestial regions was to teach the great Truth he had found through rigorous striving for many many lives, to his own mother. It was a gesture of gratitude, and example for all to follow. The Buddha made the greatest gift of all, namely the gift of Dhamma(the Law) that would deliver her from suffering once and for all.

According to the Buddhist teaching, there are Five Revered Ones, namely the Buddha, His Law, His Order of Monks, Parents and Teachers. During the Thadingyut season Myanmar Buddhists go round paying respects to parents, teachers, elderly relatives and friends.

It is quite usual for the senior citizens in the street or residential quarter to receive gifts and respects from the younger people of the community. Sometimes it is an organized affair, but this does not prevent them from going to older people individually to pay respects. This way, it is more intimate and pleasant.

On the third day of the festival, people go round paying calls. It is ‘‘open house’’for many homes. Older people have light refreshments ready for the young visitors.They give away sweets and small change to children.Young people bring small gifts like candles, fruits and cakes, but it is not compulsory. Paying respects is accomplished by the act of kadaw,genuflection.


The word kadaw is an everyday expression in Mynamar life.When you have to say something indelicate or impolite, you say it with the word kadaw; the same word is used as an apology for any transgression like, bumping into someone or stepping on another’s feet.On such occasions the word is synonymous with ‘‘sorry’’, but with a deeper feeling.

When you have the necessity to touch someone’s hair, like brushing away a wisp of dust, you do not do so without first saying kadaw, even though the person concerned may not be an older person.

The custom of doing the act of kadaw is rooted in the Buddhist acceptance of the samsara, the round of rebirths, being born and reborn; all beings, humans and others go round the cycle, meeting one another in amicable or hostile relationships. Consequently, among people meeting one another in this present existence there would be love and kindness as there would be hate and enmity as well. There might be wrongful actions committed consciously or unwittingly to one another throughout the unending journey of samsara.

When Buddhists do the act of kadaw to anyone, their parents, teachers or elders, they not only pay respects as a gesture of gratitude,but they also ask forgiveness for any wrongful action they might have done in this life and many many lives before.

The elders, even as they accept the kadaw from young people, ask forgiveness in their turn for any wrongful action or hurt they themselves might have been guilty of. This reciprocal action is called the ‘‘erasing of the slate’’, which is the same as ‘‘burying the hatchet’’. After this act of ‘‘erasing the slate’’, friends and kinsmen can start with a ‘‘clean slate’’ with nothing but love and kindness.

Paying respects or kadaw ceremonies are organized and held in schools. Paying respects to teachers, one of the Five Revered Ones, is still practised. Buddhist parables illustrate the good influence of teachers on their students, even though the latter might have become ruling kings.

Once, a short time after the demise of the Buddha, the kings of India assembled to claim their share of the Buddha’s relics. It was a goodly company of crowned heads, each attended by the Four Elements of War, namely, infantry, cavalry, chariots and war elephants. Swords and spears and shields burned in the sunlight as the caparisoned steeds and elephants dug their heels impatiently, as they waited for action.

Then came the dispute over who should get how much of the relics. Tempers rose and angry voices rang through the air and the steel clanged as the warriors made ready their weapons. 

Horses neighed and reared, elephants let forth a fearful trumpeting. A havoc of blood and destruction was imminent .

At that crucial moment , an authoritative voice rang out above the din: “Silence, all of you!” The kings turned their heads towards the voice they knew so well, the voice that had dared to command them. There stood Dona the brahman, who was their teacher, who had taught them the princely arts, in their student days.

There was silence, as the king bowed down to the one who had been their teacher. Without so much as a word of dissent, the kings accepted their share of the relics handed out by Dona the brahman, and went away in peace.

So this is the spirit of Thadingyut season.... paying respects to those to whom respect is due and remembering those to whom we owe gratitude 

The Myawady Daily, Page(18)

#Themyawadydaily

အပူပိုင်းဒေသတွင်သာ တွေ့ရသော မန္တလေးမြွေဟောက် ကို ကမ္ဘာ့မြွေမျိုးစိတ်သစ် အဖြစ် ကြေညာထားကြောင်း သိရ


မန္တလေး ၊ ၂၇-၁၀-၂၀၁၅

မြန်မာနိုင်ငံ အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် တွေ့ရှိရသော မန္တလေး မြွေဟောက် ကို အခြား မြွေဟောက်များ ကဲ့သို့ ခေါင်းတွင် အကွက်မပါ သောကြောင့် လည်းကောင်း၊ အပူပိုင်းဒေသ ဖြစ်သော အဆိုပါ တိုင်းဒေသကြီး တို့တွင်သာ တွေ့ရသော ကြောင့်လည်းကောင်း၊ ထူးခြားသည့် ကမ္ဘာ့မြွေ မျိုးစိတ် အသစ်အဖြစ် ၂ဝဝ၄ ခုနှစ်က ကြေညာ ထားကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် မြွေမျိုးစိတ် ၂၇၃ဝ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် မြွေမျိုးစိတ် ၁၁ဝ ခန့်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ အရွယ်အစား အသေးဆုံးမြွေမှာ အရှည် ၂ ပေ x ၅ လက်မ ခန့်သာ ရှိသော မျက်မမြင် မြွေဖြစ်ပြီး ၄င်းတို့သည် တီကောင်များကဲ့သို့ မြေကြီးအတွင်း တိုးဝင်နေထိုင် ကြကြောင်း ၊ အကြီးဆုံးမြွေမှာ စပါးကြီးမြွေနှင့် စပါးအုံးမြွေ တို့ဖြစ်ကြောင်း သိရသည်။

မြွေဟောက်သည် အရှည် ငါးပေထိရှိပြီး အဆိပ်ရှိသော မြွေမျိုးဖြစ်သည်။ အရှည် ၄ပေ x ၄လက်မ ရှိသော မြွေဟောက် တစ်ကောင်တွင် ကိုယ်အလေးချိန် ၃ဝ ကျပ်သားရှိသည်။ မြွေဟောက်သည် သစ်တောအတွင်း နေထိုင်သကဲ့သို့ ကွင်းပြင် နှင့် လယ်တော များတွင်လည်း နေထိုင်လေ့ ရှိသည်။

အဓိက အစားအစာမှာ ကြွက်၊ ငှက်ငယ်၊ ဖား၊ ငါးနှင့် ငှက်ဥများ ဖြစ်သည်။ ဧပြီနှင့် မေလတို့တွင် မိတ်လိုက် ကြသည်။ အမများသည် တစ်ကြိမ်လျှင် ဥအလုံး ၃ဝ မှ ၄၅ လုံးထိ ဥလေ့ရှိပြီး အနီးအနားတွင် စောင့်ရှောက်ကြ သော်လည်း မဝပ်ကြပေ။ ၄၇ ရက်မှ ၉၃ ရက် အကြာတွင် ၇ လက်မမှ ၁၁ လက်မရှိ အကောင်များ ပေါက်သည်။ မြွေပွေးသည် အောက်တိုဘာလနှင့် နိုဝင်ဘာလ တို့တွင် အကောင် ၂ဝ မှ ၄ဝ ထိ အကောင်လိုက် မွေးသည်။

''မန္တလေး မြွေဟောက်ကို အပူပိုင်းဒေသမှာ တွေ့ရပြီး ထူးခြားလို့ မြွေမျိုးစိတ်သစ် အဖြစ် ကမ္ဘာ့ မှတ်တမ်းဝင် ကြေညာထား ပါတယ်'' ဟု သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပြ၍ သိရသည်။ (၁၅၆)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးဝါးများညွှန်ကြားခြင်း ၏ ထက်ဝက်ခန့် ဆေးညွှန်းအတိုင်း မသောက်သုံးဘဲ အသုံးပြုလျက်ရှိ


မန္တလေး ၊ ၂၇-၁၀-၂၀၁၅

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ လေ့လာချက်များ အရ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဆေးဝါးများ ညွှန်ကြားခြင်း၏ ထက်ဝက်ခန့်သည် ဆေးညွှန်းအတိုင်း မသောက်သုံးဘဲ မိမိသဘော အလျောက် သောက်ချင်သလို သောက်သုံးကြ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ပဋိဇီဝဆေးများ ကိုလည်း မလိုအပ်ဘဲ အသုံးပြု နေကြသည့် အတွက် Anti Microbial Resistance အဖြစ်များသည်ဟု သိရသည်။

ကြောင်းကျိုးညီစွာ ဆေးဝါးများ အသုံးပြုတတ် စေရန် ဆေးညွှန်းသူများ ဘက်မှ ရောဂါ၊ ကျန်းမာရေး ပြဿနာများကို တိကျ မှန်ကန်စွာ ဖော်ထုတ်နိုင်ပြီး အသုံးပြုရမည့် ဆေး အမျိုးအမည်၊ ဆေး၏ပြင်းအား၊ ဆေးသောက်ရမည့်အကြိမ်၊ အရေအတွက်၊ ဆေးသောက်ရမည့် ကာလနှင့် လိုက်နာရမည့် အချက်တို့ကို နားလည် သဘောပေါက်ရန် လိုအပ်ကြောင်း သိရသည်။

ဆေးသောက်သုံးမည့် သူကိုလဲ ဆေးတစ်မျိုးချင်း စီ၏ အာနိသင်၊ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုး များနှင့် အသုံးပြုပြီး ဆေးဝါး သောက်သုံးသူများ ကလဲ ဆေးညွှန်း သူများ၏ မှာကြားချက် အတိုင်း အတိအကျ လိုက်နာ သုံးစွဲရန် ဖြစ်ကြောင်း ဆေးကျောင်းသူများ၊ ဆေးကုမ္ပဏီ များ၏ အရောင်း မြှင့်တင်ရေး ကြော်ငြာများ၏ ဆွဲဆောင်မှုများ ကလည်း များစွာ အဟန့်အတား ဖြစ်စေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း တို့နှင့် ပတ်သက်၍ စနစ်တကျ ဖြစ်စေရန်၊ နိုင်ငံတကာ အဆင့်မီစေရန် ကျန်းမာရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတော်အတွက် အရေးကြီးသည့် အမျိုးသား ဆေးဝါးမူဝါဒ ပေါ်ထွက်လာပြီး ကြောင်းကျိုး ညီညွတ်စွာ ဆေးဝါးများကို အသုံးပြုခြင်း အားဖြင့် ပြည်သူ့ ဆေးရုံကြီးများ သာမက ပုဂ္ဂလိက ဆေးရုံကြီးများပါ ကုသမှု အရည်အသွေး မြင့်မား လာစေခြင်း၊ ပမာဏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေး နိုင်ခြင်းတို့အပြင် ဆေးဝါးများ ညွှန်းရာတွင် စံညွှန်းကုထုံး အတိုင်း ညွှန်းခြင်းဖြင့် ဆေးသုံးစွဲမှုများ လျော့နည်းလာကာ ငွေကုန်ကျမှု သက်သာလာပြီး ပြည်သူလူထု၏ ကျန်းမာရေး အတွက် အကျိုးကျေးဇူးများ ရှိစေမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၅)



#Yadanarpondaily

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၁၂)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၁၂)
Download Links


မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁၀-၂၀၁၅) အင်္ဂါနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁၀-၂၀၁၅) အင်္ဂါနေ့

Download Links


Monday, October 26, 2015

ပဲခူးရိုးမအတွင်းရှိ တောဆင်ရိုင်းများကို လေ့လာစောင့်ကြည့် နိုင်ရန် GPS ကိရိယာများ တပ်ဆင်မည်


၂၀၁၄ ခုနှစ်က ပဲခူးရိုးမအတွင်းရှိ တောဆင်ရိုင်းများကို GPS ကိရိယာ တပ်ဆင်ပေးစဉ်

ရန်ကုန် ၊ ၂၆-၁၀-၂၀၁၅

ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းမှ ကာကွယ်ရန်နှင့် ဆင်များ၏ လှုပ်ရှားမှု သဘာဝကို လေ့လာ စောင့်ကြည့်နိုင်ရန် ရေဒီယို ကော်လာ (လှုပ်ရှားမှုကို စောင့်ကြည့်သည့် GPS ကိရိယာ) များကို ဒီဇင်ဘာလ အတွင်း တပ်ဆင်၍ စောင့်ကြည့် မှတ်တမ်းတင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်း များကို ရေဒီယိုကော်လာ တပ်ဆင်ခြင်းသည် ဒုတိယအကြိမ် တပ်ဆင်ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ကလည်း ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း လေးကောင်ကို တပ်ဆင် ပေးခဲ့ကြောင်း၊ ယင်း ကိရိယာကို တောဆင်ရိုင်းများ ၏ လည်တွင် တပ်ဆင်၍ ဆင်များ၏ လှုပ်ရှားမှုကို ဂြိုဟ်တုမှ တစ်ဆင့် စောင့်ကြည့် လေ့လာမည် ဖြစ်ရာ တောဆင်ရိုင်း များ၏ သဘာဝ လှုပ်ရှားမှု အခြေအနေ များကို သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း များတွင် ရေဒီယိုကော်လာ တပ်ဆင်ခြင်းကို မြန်မာ့ သစ်လုပ်ငန်းနှင့် အမေရိကန် နိုင်ငံ Smithsonian Conservation and Biology Institute တို့ပူးပေါင်း၍ တိုက်ကြီးမြို့နယ် ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း ငါးကောင်ကို ဒီဇင်ဘာလတွင် စတင် တပ်ဆင်မည် ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း ရုံးချုပ်မှ သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်း အကောင်ရေ ၅ဝဝဝ ခန့်ရှိမည်ဟု ၂ဝဝ၃ ခုနှစ်က ခန့်မှန်းခဲ့ သော်လည်း လက်ရှိတွင် သစ်တော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော များနှင့် သဘာဝနယ်မြေ အတွင်း တောဆင်ရိုင်း အကောင်ရေ ၃ဝဝဝ ခန့်သာ ကျန်ရှိတော့ မည်ဟု နိုင်ငံတော်မှ ခန့်မှန်း ထားသည်။

ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့မှာ လူနှင့်ဆင် ပဋိပက္ခ ဖြစ်မှုနှင့် တရားမဝင် သတ်ဖြတ်မှု အများဆုံး ခံရသောနေရာများ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

မွန်ပြည်နယ်အတွင်း ငါးခြောက်ထွက်ရှိမှု လျော့ကျလာခြင်းကြောင့် ထိုင်းငါးခြောက်များ အစားထိုးဝင်ရောက်



မော်လမြိုင် ၊ ၂၆-၁၀-၂၀၁၅

မွန်ပြည်နယ် အတွင်း ငါးခြောက် ထွက်ရှိမှု လျော့ကျ လာခြင်းကြောင့် ထိုင်းနိုင်ငံမှ ငါးခြောက်များကို စက်တင်ဘာ လဆန်းပိုင်းမှ စတင်ရောင်းချ နေကြောင်း မွန်ပြည်နယ် ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်
သူများထံမှ သိရသည်။

''ထိုင်းကလာတဲ့ ငါးခြောက်က ဆားပေါ့တယ်။ အပြင်ပန်း ကကြည့်ရင် လှတယ်။ ဒါပေမဲ့ ဓာတ်ကင် ထားတဲ့ ငါးခြောက်တွေပါ။ နေလှန်းထားတဲ့ ပြည်တွင်း ငါးခြောက်တွေကို ကျန်းမာရေး အရ ပိုစားသုံး သင့်တယ်။ ဒါပေမဲ့ အခုချိန် မှာတော့ ပြည်တွင်း ငါးခြောက် အထွက်နည်းတော့ ထိုင်းကမှာယူ နေရတယ်'' ဟု မော်လမြိုင် မြို့နယ် အမှတ်(၁) ဈေးမှ ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ် အတွင်း မိုးတွင်းကာလ ဖြစ်၍ ငါးခြောက် အရောင်မလှ ခြင်း၊ အပျက်အစီး များခြင်းကြောင့် ဈေးများကျဆင်း လျက်ရှိပြီး ထိုင်းနိုင်ငံမှ ငါးဝိုင်းလေး၊ ငါးလိပ်ကျောက်၊ ငါးရောင် စသည့် ငါးခြောက် အမျိုးအစားများ ကို ကုန်သည်များက ဝယ်ယူရောင်းချ နေကြကြောင်း သိရသည်။

''ထိုင်းကဝင်တဲ့ ငါးခြောက် တွေက တာရှည် မခံဘူး။ ဒါကြောင့် အရောင်းဆိုင် တချို့က ပြည်နယ်တွင်းက ထွက်တဲ့ ငါးခြောက်ကိုပဲ ဝယ်ယူရောင်းချ နေတာတွေ ရှိပါတယ်။ အခုလို ထိုင်းကဝင်တာ တွေကြောင့် ပြည်တွင်း ငါးခြောက် ဈေးကွက်ကိုတော့ ထိခိုက်မှု မရှိနိုင်ပါဘူး '' ဟု မော်လမြိုင် မြို့နယ် ကမ်းနားလမ်းမှ ငါးခြောက် အရောင်း အဝယ်ဒိုင် ဦးမောင်လှ က ပြောသည်။

မွန်ပြည်နယ်၌ ကျိုက္ခမီ၊ သံဖြူဇရပ်၊ ပင၊ ရေး၊ အစင်၊ ဇီးဖြူသောင်၊ ကရုပ္ပိဒေသ များသည် ပင်လယ်နှင့် နီးစပ်သည့် အတွက် ငါးခြောက် အများဆုံး ထွက်ရှိပြီး အဆိုပါ ငါးခြောက် များကို ရန်ကုန်မြို့၊ တခြား တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့သို့ တင်ပို့လျက် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

ပြည်သူလူထု ကျခံသုံးစွဲရသည့် ကျန်းမာရေး ကုန်ကျစရိတ်ကို လျှော့ချရန် တိုးမြှင့်ဆောင်ရွက်နေ


ရန်ကုန် ၊ ၂၆-၁၀-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာနသည် နိုင်ငံတော် ဘတ်ဂျက်ငွေ များကို တစ်နှစ်ထက် တစ်နှစ်တိုးမြှင့် သုံးစွဲကာ ပြည်သူလူထု ကျခံသုံးစွဲ ရမည့် ကျန်းမာရေး ကုန်ကျစရိတ်ကို လျှော့ချရန် တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် လူနာများ၏ စိုက်ထုတ် ကုန်ကျငွေ များသည် ၂ဝ၁၁ ခုနှစ်တွင် ၈ဝ ရာခိုင်နှုန်းမှ ၂ဝ၁၄ ခုနှစ်တွင် ၆ဝ ရာခိုင်နှုန်း အထိ လျှော့ချနိုင် ခဲ့ရာ ယခုနှစ်တွင် ဆက်လက် လျှော့ချနိုင်ရန် တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ဆေးဝါး ပစ္စည်းတွေ ထောက်ပံ့တဲ့ အပိုင်းကို နိုင်ငံတော် ဘတ်ဂျက်နဲ့ အသုံးပြု နေတာ ဖြစ်ပါတယ်။ လူနာ တစ်ဦးစီရဲ့ ငွေကြေး စိုက်ထုတ် အသုံးပြုခြင်းကို အရင်ကထက် လျှော့ချ လာပါတယ်''ဟု ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည်။

ထို့အပြင် ဆေးဝါးများ ဝယ်ယူ ဖြန့်ဖြူးရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတကာ အဆင့်မီ ဖြန့်ဖြူးရေး စနစ်များကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက် ရှိသည့်အပြင် ကင်ဆာရောဂါ များ အပါအဝင် ခွဲစိတ် ကုသမှု အသီးသီးကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့ရှိ ဆေးရုံကြီး များ၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အတွက် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၇၅၃ဝဝ၁ ဒသမ ၃၇၈ သန်းကို နိုင်ငံတော်မှ ဘတ်ဂျက် ချထားပေးခဲ့ရာ ဆေးရုံသစ်များ၊ ဆေးဝါးများ၊ အခမဲ့ခွဲစိတ် ကုသမှုများ အပြင် အဆောက် အအုံပိုင်း၊ စက်ပစ္စည်းများ အပိုင်း အပါအဝင် လူနာများ၏ ငွေကြေး စိုက်ထုတ် အသုံးပြုခြင်း များကို လျှော့ချ ပေးလျက် ရှိကြောင်း သိရသည်။ (နေနေ)

အင်္ဂါဂြိုဟ်ပေါ်သို့ လူလိုက်ပါနိုင်မည့် ဒုံးပျံဒီဇိုင်း ကို နာဆာ အတည်ပြု


နယူးယောက် ၊ ၂၆-၁၀-၂၀၁၅

အမေရိကန် အာကာသ စူးစမ်း လေ့လာရေး အေဂျင်စီ (NASA) သည် အင်္ဂါဂြိုဟ်သို့ လူလိုက်ပါ နိုင်မည့် ဒုံးပျံဒီဇိုင်းကို အတည်ပြု လိုက်ကြောင်း Techradar သတင်းဌာနမှ ဖော်ပြသည်။

အဆိုပါဒုံးပျံမှာ ကမ္ဘာပေါ်တွင် တည်ဆောက် ခဲ့သော အာကာသယာဉ် များနှင့် ဒုံးပျံများ ထဲတွင် စွမ်းအား အကြီးဆုံး ဖြစ်လာမည် ဟု သိရသည်။ ဒုံးပျံကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး တည်ဆောက်ရန် ပြင်ဆင်ထားပြီး
အစိတ်အပိုင်း လေးပိုင်းဖြင့် တည်ဆောက် သွားမည် ဖြစ်သည်။ ဒုံးပျံ၏ အမြင့်မှာ ပေ ၂ဝဝ ရှိမည်ဖြစ်ပြီး ဒုံးပျံကိုယ်ထည်မှာ ၂၇ ဒသမ ၆ ပေရှိမည်ဟု သိရသည်။ အင်ဂျင် နှစ်လုံးဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး
ဟိုက်ဒရိုဂျင် အရည်များနှင့် အောက်ဆီဂျင် အရည်များ သယ်ဆောင် သွားနိုင် ရန်လည်း ဒီဇိုင်း ရေးဆွဲ ထားသည်ဟု နာဆာ မှ အတည်ပြု ထားသည်။ 

အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ နေထိုင် ခဲ့သည်ဟု ယူဆနိုင်သော အထောက်အထား များ တွေ့ရှိထားပြီး ယခင် စူးစမ်း လေ့လာရေး ယာဉ်များသာ စေလွှတ်လေ့လာ နိုင်ခဲ့သည်။ လူလိုက်ပါက စူးစမ်းလေ့လာ မှုများ ပြုလုပ်လျှင် ပိုမိုအကျိုးရှိ နိုင်သည်ဟု ယုံကြည် သောကြောင့် နာဆာသည် လူလိုက်ပါ နိုင်သော ဒုံးပျံဖြင့် အင်္ဂါဂြိုဟ်သို့ သွားရောက် လေ့လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger