www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 31, 2015

အမြန်လမ်းမကြီး အသုံးပြုခွင့် မှတ်ပုံတင်ဆောင်ရွက်ပြီး မော်တော်ယာဉ် ၂၅ စီးကို အသုံးပြု သွားလာခွင့်ပြုထားပြီးဖြစ်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပန်းမန်၊ သား၊ ငါး၊ ကဏန်း နှင့် စာနယ်ဇင်း ကုန်စည်တင် ဝန်းရိုးသုံးခုပါ ၁ဝ ဘီးအထိ ကုန်စည်တင်ယာဉ် များကို မတ် ၁ဝ ရက်မှစ၍ စမ်းသပ်ကာလ သုံးလအဖြစ် အင်ဂျင်နီယာမှူး ကြီးရုံး၊ ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၊ နေပြည်တော် (စီလမ်းဆုံ) တွင် မှတ်ပုံတင် ဆောင်ရွက်စေပြီး အသုံးပြု သွားလာခွင့်ပြု ထားခဲ့ရာ မတ် ၂၈ ရက်အထိ မှတ်ပုံတင် ဆောင်ရွက်ပြီး မော်တော်ယာဉ် စုစုပေါင်း ၂၅ စီးကို အသုံးပြု သွားလာခွင့်ပြု ပေးထားပြီး ဖြစ်ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

အမြန်လမ်းမကြီး အသုံးပြုရန် အတွက် ခွင့်ပြု ကုန်စည်တင်ယာဉ် များသည် Traffic Information Center မှ ယာဉ်စည်းကမ်း လိုက်နာမှုနှင့် Traffic Data အတွက် စောင့်ကြည့် ထိန်းချုပ်နိုင်ရန် Telematic  စနစ်ကို ဝန်ဆောင်ခ တစ်လ ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် တစ်နှစ်စာ အတွက် ငွေကျပ် ၂၄ဝဝဝဝ ကြိုတင်ပေးဆောင် ရမည် ဖြစ်သည်။

Telematic စနစ် တပ်ဆင်ပြီးသည့် ခွင့်ပြုကုန်စည် တင်ယာဉ် များသည် အမြန်လမ်းမကြီး ပေါ်တွင် မောင်းနှင်နေစဉ် အဆိုပါ မော်တော်ယာဉ် ၏ တည်နေရာပြ စနစ်၊ ခြေရာခံ စနစ်၊ စက်နှိုးထားချိန် ကြာမြင့်မှု၊ သတိပေး စနစ်၊ ခရီးစဉ် တစ်ခုချင်း၏ မှတ်တမ်း၊ ယာဉ်မောင်း၏ အမူအကျင့် မှတ်တမ်း၊ ယာဉ်မောင်းနှင်ပုံ၊ အကဲဖြတ် မှတ်တမ်း၊ မတော်တဆမှု ဖြစ်ခဲ့ပါက Black Box မှတ်တမ်း စသည့်အချက် များကို ယာဉ်ပိုင်ရှင် ကလည်း စောင့်ကြည့် သိရှိနိုင်မည် ဖြစ်သည်။

အမြန် လမ်းမကြီး အသုံးပြုခွင့် အတွက် မတ်၂၈ ရက်အထိ မှတ်ပုံတင် ဆောင်ရွက်ပြီး မော်တော်ယာဉ် စုစုပေါင်း ၂၅ စီးရှိနေပြီး ၁ဝ ဘီး ၂၃ တန်ယာဉ် လေးစီး၊ ခြောက်ဘီး ၁၆ တန်ယာဉ် သုံးစီး၊ ခြောက်ဘီး ၁၂ တန်ယာဉ် ငါးစီး၊ ခြောက်ဘီး ကိုးတန်ယာဉ် ၁၂ စီး၊ ငါးတန်ယာဉ် တစ်စီး တို့ဖြစ်သည်။

အဆိုပါ အမြန်လမ်း အသုံးပြုခွင့် နှင့်ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့ ဖုန်းနံပါတ် ဝ၆၇- ၈၁ဝဝ ၁၄၆ သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

တရုတ်နိုင်ငံ၏ Google ဟုခေါ်သော Baidu သမိုင်းတစ်လျှောက် အကြီးဆုံး DDOS တိုက်ခိုက်မှုခံရ


ပေကျင်း ၊ ၃၁-၃-၂၀၁၅

အမည်မသိ ဟက်ကာ တစ်စုက တရုတ်နိုင်ငံ၏ Googel ဟုခေါ်ကြသော Baidu Search Engine ကို သမိုင်း တစ်လျှောက် အကြီးဆုံး DDOS တိုက်ခိုက်ခဲ့ သဖြင့် အဓိက အသုံးပြု ကြသော နာမည်ကြီး Tools များဖြစ်သည့် Great Fire နှင့် GitHub တို့မှာ ခေတ္တရပ်နား ခဲ့ရကြောင်း သိရသည်။

ဟက်ကာများက တရုတ် ဝက်ဘ်ဆိုက်များ ပေါ်တွင် ကြော်ငြာများ ထုတ်လွှင့်ရန် အသုံးပြုသော Baidu ၏ Tools များတွင် ဗိုင်းရပ်စ်များ ထည့်သွင်းရန် တရုတ်နိုင်ငံ ပြင်ပမှ ၄င်း Tools များကို အသုံးပြုသည့် User များကို အသုံးချ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုင်းရပ်စ်များ ဝင်ရောက်သည့် ကွန်ပျူတာ များက ဝက်ဘ်ဆိုက် တစ်ခုနှင့် တစ်ခုကို ချိတ်ဆက်ကာ ဆော့ဝဲဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ဆောင်သော Great Fire, GitHub အစရှိသည့် နာမည်ကြီး ဝက်ဘ်ဆိုက်များမှ ပေးထားသည့် ပိတ်ပင်ထားသော ဝက်ဘ်ဆိုက် များကို ကျော်လွှားသော Tools များကို အလုပ်မလုပ် နိုင်ရန် အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံတွင် လူသုံးများသည့် Tools များအနက် New York Times သတင်းစာကို ဘာသာပြန် ဖတ်နိုင်သော Tools တစ်ခုမှာလည်း တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း၊ ကမ္ဘာ တစ်ဝန်းရှိ ပရိုဂရမ်မာ များနှင့် အမေရိကန် အစိုးရ အဖွဲ့ဝင်များပါ အသုံးပြုသော GitHub မှာ တိုက်ခိုက်ခံ ရသောကြောင့် ခေတ္တရပ်နား ခဲ့ကြောင်း သိရသည်။

GitHub မှာ ၂ဝ၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ အတွင်း ခေတ္တပိတ်ပင်ခြင်း ခံခဲ့ရပြီး ပရိုဂရမ်မာ များ၏ တောင်းဆိုမှုကြောင့် ပြန်လည် ဖွင့်လှစ်ခဲ့ရာ GitHub သည် ၄င်းတို့၏ ဝက်ဘ်ဆိုက်များကို သိမ်းဆည်းရန် Code များသို့ ပြောင်းလဲ သိမ်းဆည်းသည့် စနစ်ကို အသုံးပြုသဖြင့် အစိုးရက ပိတ်ပင်မည် ဆိုပါက GitHub ၏ တစ်စိတ်တစ်ပိုင်း ကို ပိတ်ပင်၍ မရဘဲ ဝက်ဘ်ဆိုက် တစ်ခုလုံးကိုသာ ပိတ်ခဲ့ရသည်။

သို့သော်လည်း GitHub မှာ နည်းပညာ လောကသားများ အတွက် မရှိမဖြစ် လိုအပ်သည့် အတွက် GitHub ကို ပိတ်ပင်လျှင် တရုတ်နိုင်ငံ၏ စီးပွားရေးကို သွယ်ဝိုက်၍ ထိခိုက်စေနိုင် သဖြင့် ပြန်လည် ဖွင့်ခဲ့ရကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီများအား ပစ္စည်းများ ထောက်ပံ့ပေးမည့် ဆိပ်ကမ်းတည်ဆောက်ရန် စီစဉ်



ရန်ကုန် ၊ ၃၁-၃-၂၀၁၅

မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခုက စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် ဆောင်ရွက် နေသည့် ကမ်းလွန်ရေနံ တူးဖော်ရေး ကုမ္ပဏီများ အတွက် လိုအပ်သော အရန် ပစ္စည်းများ ပံ့ပိုးပေးသည့် ကုမ္ပဏီများမှာ ထိုင်းနှင့် စင်ကာပူနိုင်ငံ ဆိပ်ကမ်းများတွင်ရှိပြီး မြန်မာနိုင်ငံ၌ မရှိသည့်အတွက် မြန်မာနိုင်ငံတွင် ထိုကဲ့သို့ လာရောက် တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ( MOGE ) မှ သိရသည်။

အဆိုပါ ဆိပ်ကမ်းကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သဲသောင်ပြင်နှင့် ကျိုက္ခမီတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် အစိုးအရအဖွဲ့မှ သိရသည်။ အဆိုပါ ဆိပ်ကမ်းသစ် သည် ၁၉၃ ဧကနှင့် မြစ်ကမ်းအကျယ် ၄၆ ဧကရှိမည်ဖြစ် ပြီး မွန်ပြည်နယ် အစိုးရထံမှ နှစ် ၅ဝ ငှားရမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်း အကောင်အထည် ပေါ်လာပါက ၄င်းဆိပ်ကမ်းသည် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးမည့် ပထမဦးဆုံး ဆိပ်ကမ်း ဖြစ်မည်ဟု သိရသည်။

အဆိုပါ ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးမည့် ဆိပ်ကမ်း တည်ဆောက်မည့် ကုမ္ပဏီသည် စင်ကာပူ အခြေစိုက် 2 fish ကုမ္ပဏီ၏ ကုမ္ပဏီခွဲ Myanmar Off shore Supply Base (MOSB) ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Myanmar houses larges number of bird species in South East Asia



Myanmar has 1,114 recorded bird species—the amount which is 36.4% of 2,900 bird species in South East Asia and 11% of 9,600 bird species worldwide, making the country topping the list of bird owners in South East Asia.

Possessing vast areas of forests and rich flora and fauna, Myanmar has been focusing on biodiversity conservation, taking such actions as establishing forest reserves, sanctuaries, national parks, enacting forest law and bylaws, wildlife and natural habitat law and bylaws. To ensure effective biodiversity conservation, bodies concerned also take such measures on a regular basis as patrolling around the sanctuaries, compiling the list of wildlife and flora and fauna and making researches.

Before 2009, there were only 2088 bird species in Myanmar. Then, Wildlife Conservation Society (WCS) Myanmar, Biodiversity and Nature Conservation Association (BANCA), Flora and Fauna International (FFI), Myanmar Bird and Environmental Conservation Association, and birdwatchers found 26 more new species between 2009 and 2014.

Seven of those 26 species are never-recorded-before species not only in Myanmar but in South East Asia and 19 others were found for the first time in Myanmar.

Forest Department under Environmental Conservation and Forestry Ministry in collaboration with WCS and National University of Singapore made fi eld trips to Kanpetlet, Mindat and Matupi in Chin State to conduct research on local bird species.

The research team identified 251 species of birds during the research tour and could take the blood sample of 59 species. The team found most species belonging to Parakeet, Barbet and Hill Myna between Bagan and Kanpetlet and found horn bill species in forests between Saw and Kanpetlet. The team even discovered eight of Darkrumped Swift Apusacuticauda, one of only two rare species of swallow at Bongtala Waterfall in Matupi.

The team also discovered birds of rare species which are believed to be on the verge of extinction apart from collar doves and black falcons which only inhabit in tropical zone and a falcon species which make the hilly region their homes.

The team will examine the blood sample through DNA test if the bird species habiting in different in ecological environments in Rakhine and Chin State have genetic links. (447)

#Themyawadydaily
#မြ၀တီနေ့စဉ်

တက္ကသိုလ်များဆေးရုံ (ရန်ကုန်)၌ ကျန်းမာရေး စောင့်ရှောက်ခြင်း ၀န်ဆောင်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ်တွင် ဖွင့်လှစ်ထားသော တက္ကသိုလ်များ ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန(အောက်မြန်မာပြည်) မှ သိရသည်။

ထိုသို့ အဆင့်မြှင့်တင် ဆောင်ရွက် ရာတွင် ခုတင် ၁ဝဝ ဆံ့ ဆေးရုံများ စံနှုန်းအတိုင်း ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ခြင်း၊ ဆေးပစ္စည်း၊ ဆေးဝါးနှင့် ဝန်ထမ်း အင်အားများ ပြည့်စုံမှု ရှိစေရန် ဖြည့်ဆည်း ပေးခြင်းတို့ကို လုပ်ဆောင်၍ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည်။

ထို့အပြင် ဓာတ်မှန် ရိုက်စက်၊ အီးစီဂျီစက်၊ အောက်ဆီဂျင် ပေးစက်၊ တခြား လိုအပ်သော ဆေးရုံသုံး ပစ္စည်းများနှင့် ဝန်ထမ်းအင်အား ကိုလည်း ထပ်မံတိုးမြှင့် ခန့်အပ် သွားမည် ဖြစ်သည်။ ထို့နောက် လိုအပ်ပါက အသေးစား ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရန် ခွဲစိတ်ခန်း အသစ်တစ်ခု တည်ဆောက်ကာ ခွဲစိတ်ခန်းသုံး ပစ္စည်း ကိရိယာများ အဆင်သင့် ဖြည့်ဆည်း ပေးထားမည် ဖြစ်သည်။ 

အဆိုပါ တက္ကသိုလ်များဆေးရုံ အဆင့်မြှင့် တင်ခြင်းကို ပညာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမည် ဖြစ်သည်။

တက္ကသိုလ်များ ဆေးရုံ (ရန်ကုန်) ကို ၁၉၂၈ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၄င်းဆေးရုံ၌ ဆရာဝန် ရှစ်ဦး၊ သူနာပြု ခြောက်ဦးနှင့် တခြားသော ကျန်းမာရေး ဝန်ထမ်း ၃၆ ဦးတို့ တာဝန် ထမ်းဆောင်လျက် ရှိကာ နေ့စဉ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပလူနာ များအား အခမဲ့ ဆေးကုသ ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

ရန်ကုန်တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခများ လာရောက်သင်ကြား ပို့ချပေးလျက်ရှိ


ရန်ကုန် ၊ ၃၁-၃-၂ဝ၁၅

ရန်ကုန်တက္ကသိုလ် နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားသည့် နိုင်ငံတကာ တက္ကသိုလ် များမှ ဧည့် ပါမောက္ခများ ရန်ကုန်တက္ကသိုလ် ၌ လာရောက် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ သိရသည်။

ယခု ပညာသင်နှစ်မှ စ၍ ရန်ကုန်တက္ကသိုလ် သို့ နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခ ၁ဝ ဦး လာရောက် ပညာသင်ကြား ပို့ချပေးနေပြီး အဆိုပါ ပါမောက္ခများ နေထိုင်ရေး အတွက် ရန်ကုန်တက္ကသိုလ် ၌ စီစဉ်ပေးရပြီး စရိတ်နှင့် လစာငွေများကို သက်ဆိုင်ရာ တက္ကသိုလ်နှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ပံ့ပိုးပေးကြောင်း သိရသည်။ 

ထို့အပြင် ဂျာမနီနိုင်ငံမှ ပါမောက္ခ တစ်ဦးကို ယခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ် ၌ သုံးနှစ်ကြာ လာရောက် သင်ကြားပို့ချ ပေးသွားရန် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

''လာသင်ပေး နေတဲ့ ပါမောက္ခ တွေက တက္ကသိုလ်တွေနဲ့ MoU ထိုးထားတာကြောင့် လာရောက် သင်ကြားပို့ချ ပေးနေတာပါ။ ပညာရေး ဝန်ကြီးဌာနနဲ့ Open Society အဖွဲ့အစည်းနဲ့ MoU ထိုးထားတာကြောင့် လာသင်ပေးတဲ့ ပါမောက္ခ တွေလည်း ရှိတယ်။ တချို့ ပါမောက္ခ တွေက MoU ထိုးမထားဘဲနဲ့ Volunteer လာသင်ပေးတာ မျိုးလည်း ရှိတယ်'' ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပါမောက္ခများမှာ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ရှိ တက္ကသိုလ်များမှ ဖြစ်ပြီး အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ နိုင်ငံတကာ ဆက်ဆံရေး (IR)၊ ဂျပန်စာ၊ စိတ်ပညာ
နှင့် Molecular Biology ဘာသာရပ်များကို ပို့ချပေး နေကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

အရှေ့တောင်အာရှနိုင်ငံများ၌ ကျက်စားသည့် ရေဗလုံငှက်များ မျိုးသုန်းမှုအန္တရာယ် နှင့် ရင်ဆိုင်နေရ


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

မြန်မာနိုင်ငံ၌ နေထိုင် ကျက်စားသည့် ရေဗလုံငှက်
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံများ ဖြစ်သည့် နိုင်ငံပေါင်း ကိုးနိုင်ငံ၌ နေထိုင် ကျက်စားသည့် ရေဗလုံ  ငှက်မျိုးစိတ် များမှာ တဖြည်းဖြည်း ရှားပါးလာပြီး မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရကြောင်း မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များ အသင်းမှ သိရသည်။

အဆိုပါ ငှက်မျိုးစိတ်များ ကျင်လည် ကျက်စားသည့် နေရာများမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများ ဖြစ်ပြီး တခြားသော ဒေသများ၌ အဆိုပါ ငှက်မျိုးစိတ် များကို မတွေ့ရှိ ရကြောင်း သိရသည်။

လက်ရှိ ရေဗလုံ ငှက်မျိုးစိတ်များ ထဲတွင် အရွယ်ရောက်ပြီး အကောင်ရေမှာ ၆ဝဝ မှ ၁၇ဝဝ ကြားသာ ရှိတော့ကြောင်း၊ အဆိုပါ အကောင် အရေအတွက်မှာ အရှေ့တောင်အာရှ ဒေသ ကိုးနိုင်ငံလုံး ၌ တွေ့ရှိရသည့် ငှက်များကို စာရင်းပြုစု ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နေထိုင် ကျက်စားသည့် ရေဗလုံငှက်များမှာ ချင်းတွင်းမြစ် အထက်ပိုင်းဒေသ နှင့် တနိုင်းဒေသ များတွင် နေထိုင်ကြပြီး တခြားသော ဒေသများ၌ အဆိုပါ ငှက်များကို တွေ့ရှိနိုင်မှုမှာ နည်းပါးကြောင်း သိရသည်။

ကမ္ဘာပေါ်၌ အီကွေတာ နှင့်နီးသော ဒေသများတွင် ဇီဝမျိုးစုံ မျိုးကွဲများ အများဆုံး တွေ့ရပြီး ဝင်ရိုးစွန်းဘက်သို့ ရောက်သွားပါက ရှားပါးသွားလေ့ ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ငှက်ကောင်ရေ ၁ဝဝဝ နီးပါး ရှိသော်လည်း ဥရောပတိုက် တစ်ခုလုံးတွင် ငှက်ကောင်ရေ ၅ဝဝ ခန့်သာ ရှိကြောင်း သိရသည်။

ကံထူး

#Themyawadydaily
#မြ၀တီနေ့စဉ်

ဧရာဝတီမြစ်အတွင်း ပထမဆုံးသော ရေလမ်း အကောက်စခန်း မကြာမီ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ဧရာဝတီမြစ် အတွင်း ပထမဆုံးသော အခွန်ကောက် စခန်းကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ ရှိ ဧရာဝတီ မြစ်ကမ်းအနီး ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသခွဲ ၃ ရုံး၌ တွဲဖက်၍ ဧပြီ ၁ ရက်မှစတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလမ်း အကောက်စခန်း မှ နိုင်ငံတော်၌ ပြဋ္ဌာန်းထားသော ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း ဧရာဝတီမြစ် အတွင်း၌ ရေယာဉ် ဖြတ်သန်း သွားလာခများ သတ်မှတ် ကောက်ခံသွားရန် စီစဉ်ထားသည်။ ထိုမှ ရရှိလာသော အခွန်ငွေ များကို ရေလမ်းကြောင်း များတွင် ရေယာဉ်များ အဆင်ပြေ ချောမွေ့စွာ ခုတ်မောင်း သွားလာနိုင်ရန် မြစ်ကြောင်းများ ပြုပြင် ထိန်းသိမ်းရာတွင် ပြန်လည် အသုံးပြု သွားမည် ဖြစ်ကြောင်း ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရေလမ်းကြောင်း ဖြတ်သန်းခများ သတ်မှတ် ကောက်ခံရာတွင် အလျား ၃၉ ပေနှင့်အောက် စက်တပ်ရေယာဉ် ကို ငွေကျပ် ၂ဝဝ၊ အလျား ၃၉ ပေနှင့် အထက် စက်တပ် ရေယာဉ်များကို တစ်တန်မှ တန်ချိန် ၁ဝဝ အထိ တစ်တန်လျှင် ငွေကျပ် ၅ဝ၊ တန်ချိန် ၁ဝဝ နှင့်အထက် တစ်တန်လျှင် ၃၅ ကျပ် စသည်ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ စက်မဲ့ ရေယာဉ်များ ကိုလည်း တစ်တန်မှ တန်ချိန် ၁ဝဝ အထိ တစ်တန်လျှင် ငွေကျပ် ၅ဝ၊ တန်ချိန် ၁ဝဝ နှင့်အထက် တစ်တန် လျှင် ၃၅ ကျပ်၊ သစ်လုံး တစ်လုံးလျှင် ငွေကျပ် ၃ဝ အစရှိသော နှုန်းထားများ သတ်မှတ်၍ စနစ်တကျ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အနေဖြင့် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် အတွင်း၌ ရေလမ်း အကောက်စခန်း ၁ဝ ခုအထိ ဖွင့်လှစ် သွားရန် အစီအစဉ် ရှိကြောင်း လည်း သိရသည်။ အဆိုပါ အကောက် စခန်းများကို ဧရာဝတီမြစ် အတွင်း၌ ပြည်၊ ဟင်္သာတ၊ မကွေး၊ မန္တလေး၊ ပခုက္ကူ၊ ကသာနှင့် ဗန်းမော်မြို့ တို့၌ လည်းကောင်း၊ ချင်းတွင်းမြစ် အတွင်း၌ မုံရွာ၊ ကလေးဝနှင့် ဟုမ္မလင်းမြို့ တို့၌ လည်းကောင်း အသီးသီး ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

အီလက်ထရွန်နစ် ငွေကြေးစနစ် တွင်ကျယ်စွာ အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြိုးပမ်း ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

Central Bank of Myanmar ( CBM )
မြန်မာနိုင်ငံ၌ လက်ရှိ အသုံးပြုနေသော International Debit Card ၊ International Credit Card ၊ Mobile Payment ၊ Mobile Wallet နှင့် Mobile Banking အစရှိသော အီလက်ထရွန်နစ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှု စနစ်များ အားလုံးကို ယခုထက် ပိုမို တွင်ကျယ်စွာ အသုံးပြုနိုင် စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နည်းပညာများ လျင်မြန်စွာ တိုးတက် ပြောင်းလဲနေသော ယနေ့ခေတ်တွင် မြန်မာနိုင်ငံ အနေဖြင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှု ကဏ္ဍများကို ဆောင်ရွက်ရာတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ပြည်ပနိုင်ငံ များကို မယှဉ်နိုင်သေး သော်လည်း နောက်ကျ ကျန်ရစ်ခြင်း မရှိစေရန် အီလက်ထရွန်နစ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှု စနစ်များကို လူတန်းစား အားလုံး ကျယ်ပြန့်စွာ သုံးစွဲ လာနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ် ဘဏ်ဝန်ဆောင်မှု စနစ်များစွာကို စီစဉ် ဆောင်ရွက် ပေးထားပြီ ဖြစ်သော်လည်း တချို့ဒေသ များ၌ အသုံးပြုရန် အခက်အခဲများ ရှိသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ယင်းစနစ် များနှင့် ပတ်သက်ပြီး နားလည်မှု အားနည်းနေခြင်း၊ ရရှိနိုင်သော အကျိုးကျေးဇူး များနှင့် အားသာချက် များကို မသိရှိခြင်း တို့ကြောင့် အသုံးပြုသူ အရေအတွက် နည်းပါး နေသေးကြောင်း သိရသည်။

သို့ဖြစ်၍ နိုင်ငံတစ်ဝန်း၌ အီလက်ထရွန်နစ် ဘဏ်ဝန်ဆောင်မှု စနစ်များ ကျယ်ပြန့်စွာ အသုံးပြု လာနိုင်စေရန် လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာများ တိုးမြှင့် ဆောင်ရွက်ခြင်း နှင့် အများပြည်သူ သိရှိနားလည်လာ စေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို နိုင်ငံတော် ဗဟိုဘဏ်နှင့် အတူ ပြည်တွင်းရှိ ဘဏ်များက ပူးပေါင်းဆောင်ရွက် ကြမည် ဖြစ်သည်။ နိုင်ငံတော်၌ အဆိုပါ အီလက်ထရွန်နစ် ဘဏ်ဝန်ဆောင်မှု စနစ်များကို ကျယ်ပြန့်စွာ အသုံးပြု လာပါက ငွေပေးချေခြင်း များကို လျင်မြန်စွာ အလွယ်တကူ ဆောင်ရွက် လာနိုင်မည် ဖြစ်သည့်အတွက် ကုန်သွယ်မှု လုပ်ငန်းများလည်း ပိုမို ဖွံ့ဖြိုးတိုးတက် လာနိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၃၀)


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၃၀)

Download Links


ကိုးကန့်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေအိမ်အတွင်းမှ ကျပ်သိန်းပေါင်း ၁၀၉၃၉ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၅

တပ်မတော် စစ်ကြောင်းများက လောက်ကိုင် ဒေသအတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ မတ် ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ဒေသခံပြည်သူ အချို့၏ သတင်းပေးချက် အရ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ခိုအောင်း နေထိုင်သည့် တာရွှေထန် ကျေးရွာ အရှေ့မြောက်ဘက် ကြွယ်ပါးရွာ အနီး ခြံဝင်းအတွင်းရှိ နှစ်ထပ်အိမ် တစ်လုံးအား ဝင်ရောက် ရှင်းလင်းစဉ် နေအိမ် အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၆၅၅၁၂ ပြား (ကာလတန်ဖိုး ကျပ် ၉၉၈၂ သိန်းကျော်ခန့်) ၊ အဖက်ဒရင်းမှုန့် ၁ ကီလိုခန့် (ကာလတန်ဖိုးကျပ် ၂၇ သိန်းခန့်) ၊ ဆိုဒီယမ် အက်စီတစ်အင် ဟိုက်ဒရိုက် အမှုန့် တစ်ဘူးလျှင် ၅ဝဝ ဂရမ်ပါ ၆ဝ ဘူး (ကာလတန်ဖိုး ကျပ်သိန်း ၃ဝ ခန့်) ၊ ဒိုင်မီသိုင်း ဆာလဖိတ် ၂ဝဝ လီတာပါ တိုင်ကီ ၁၅ လုံး (ကာလတန်ဖိုး ကျပ်သိန်း ၉ဝဝ ခန့်) ၊ ကတော့ပါ ဖန်ပေါင်းချောင် နှစ်ခု၊ ကြွေကတော့ အကြီးနှစ်ခု၊ လေမှုတ် မော်တာနှစ်ခု၊ ကျောက်စိမ်းတုံး အရွယ်စုံ ၃ဝ တုံး၊ စုစုပေါင်း ကာလ တန်ဖိုး ၁ဝ၉၃၉ သိန်းကျော်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများမှ ဒိုင်မီသိုင်း ဆာလဖိတ် တိုင်ကီ ၁၅ လုံးအား ကြွယ်ပါးရွာ တွင် စနစ်တကျ ဖျက်ဆီးခဲ့ပြီး ကျန်ပစ္စည်း များအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ကာကွယ်တားဆီး နှိမ်နင်းရေး တပ်ဖွဲ့သို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သိရှိရသည်။

ကိုးကန့် သောင်းကျန်းသူ များသည် တစ်မျိုးသားလုံး လူညွန့်တုံး စေမည့် မူးယစ်ဆေးဝါး များကို ထုတ်လုပ်၍ ကိုယ်တိုင် သုံးစွဲသည် သာမက ရောင်းဝယ် ဖြန့်ဖြူးခြင်း များကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၄င်းမှ ရရှိလာသော ငွေကြေးများဖြင့် လက်နက် ခဲယမ်းများ ဝယ်ယူ၍ အပြစ်မဲ့ ဒေသခံ ပြည်သူအချို့အား အတင်းအဓမ္မ လက်နက်များ တပ်ဆင်ပေးပြီး မူးယစ်ဆေးဝါး အသုံးပြု စေကာ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုက်ပွဲဝင် စေလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၃-၂၀၁၅) အင်္ဂါနေ့


မြ၀တီနေ့စဉ်သတင်းစာ (၃၁-၃-၂၀၁၅) အင်္ဂါနေ့

Download Links


Monday, March 30, 2015

မူဆယ်၌ ဖွင့်လှစ်ထားသည့် ကဏန်းအဝယ်ဒိုင်များ ရန်ကုန်နှင့် လပွတ္တာတို့တွင် ပြောင်းလဲဖွင့်လှစ်ရန် သတ်မှတ်


ရန်ကုန် ၊ ၃ဝ-၃-၂ဝ၁၅

မြန်မာနိုင်ငံမှ ကဏန်းများကို ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချ ရာတွင် ကဏန်း အဝယ်ဒိုင် များကို မူဆယ်တွင် ဖွင့်လှစ်ထားရာမှ ရန်ကုန်နှင့် လပွတ္တာမြို့ တို့၌ ပြောင်းလဲ ဖွင့်လှစ်ရန် သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦး ၏ ပြောကြားချက် အရ သိရသည်။

ယမန်နှစ်က ပြည်တွင်းမှ ထွက်ရှိသော ကဏန်းများကို တရုတ်နိုင်ငံ သို့သာ တင်ပို့ ရောင်းချနေသဖြင့် ကဏန်း အဝယ်ဒိုင်များ ကို မူဆယ်၌ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ယခုအခါ တရုတ်ဝယ်လက် များက ဈေးနှိမ်ဝယ်ယူ လာသည့်အပြင် တခြားနိုင်ငံ များသို့ ရောင်းချရန် ကဏန်း အဝယ်ဒိုင်များကို ရန်ကုန်နှင့် လပွတ္တာ တို့၌ ပြောင်းလဲ ဖွင့်လှစ်နိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းမှ ထွက်ရှိသည့် ကဏန်းများကို တရုတ်နိုင်ငံ သာမက ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယား စသည့် နိုင်ငံများက တင်သွင်းရန် ကမ်းလှမ်းမှုများ ပြုလုပ် လာသည့်အပြင် ဈေးပြိုင်ပေး စနစ်ဖြင့် ဝယ်ယူမည် ဖြစ်၍ ဈေးကောင်း ပိုမိုရရှိမည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် ပြည်ပနိုင်ငံ အများစုက ကဏန်းပျော့ကို အဓိကထား ဝယ်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ရှင်များ အဖွဲ့ချုပ်မှ သိရသည်။

''အခု လက်ရှိမှာ ကဏန်းတွေကို ပြည်ပတင်ပို့ဖို့ အတွက် ကုန်ချိန် အများကြီး ဝယ်တဲ့ဒိုင်တွေက မူဆယ်မှာပဲ ရှိတယ်။ တခြားနေရာ တွေမှာ ကဏန်း အဝယ်ဒိုင် အကြီးကြီးတွေ မရှိဘူး။ ဒီနိုင်ငံမှာ ကဏန်း အများဆုံး ထွက်တာက လပွတ္တာ ဘက်ကပေါ့။ ပြီးတော့ ဧရာဝတီတိုင်း ဒေသကြီး ထဲက တချို့မြို့နယ် တွေကလည်း ထွက်တယ်။ ဒီက ကဏန်းတွေကို မူဆယ်ဘက်ကို ပို့ရတာ။ အဲဒီအတွက် အချိန်ကြာတယ်။ စရိတ်စက ရှိတယ်။ 

ဟိုရောက်မှ တရုတ် ဝယ်လက်က မဝယ်ဘူးဆိုရင် ဒီကိုပြန်သယ် လာလို့ မရဘူး။ ရတဲ့ဈေးနဲ့ပဲ ရောင်းခဲ့ရတာ။ တရုတ် ဝယ်လက်ကလည်း အဲဒီ ပျော့ကွက် ကိုနင်းပြီး ဈေးနှိမ်တာ'' ဟု မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦး က ဆက်လက် ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ကဏန်း ထွက်ရှိမှု အများဆုံး နေရာဖြစ်သည့် လပွတ္တာမြို့ကို အခြေပြု၍ ကဏန်း အဝယ်ဒိုင်များ ဖွင့်လှစ်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်၍ ရေထွက်ကုန်များကို အရောင်းအဝယ် ပြုလုပ်ရာတွင် ဝယ်လက် ကုန်သည် များသည် ရန်ကုန်မြို့ကို အခြေပြု၍ ကဏန်း အဝယ်ဒိုင်များ ဖွင့်လှစ်ပြီး ပြည်ပ ဈေးကွက်များသို့ ဖြန့်ဖြူး ရောင်းချရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် အလေးချိန် ၁ဝဝ ဂရမ်နှင့် အထက် ကဏန်းများ ကိုသာ ဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချ ဖြန့်ဖြူးရာမှ ယခုအခါ ၈ဝ ဂရမ်အထိ တင်ပို့ ရောင်းချခွင့် လျှော့ချ ပေးလိုက် ခြင်းကြောင့် ကဏန်း အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူများ ပိုမို အဆင်ပြေ လာမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ဟိုတယ်နှင့် စားသောက်ဆိုင်များမှ ဝယ်လိုအား မြင့်တက်လာသဖြင့် စီးပွားဖြစ် မှိုစိုက်ပျိုးသူ များပြားလာ



ရွှေဒုံသား

ယခုအခါ ဟိုတယ်များ၊ စားသောက်ဆိုင် များနှင့် စားသုံးသူများ၏ ဝယ်လိုအား မြင့်တက် လာမှုကြောင့် မှိုရောင်းဝယ်ရေး ဈေးကွက်များ တွင်ကျယ်လာပြီး မှိုစိုက်ပျိုးရေး လုပ်ငန်းများ တိုးတက် များပြား လာကြောင်း ကော့မှူးမြို့နယ် နတ်စင်ကုန်း ကျေးရွာနေ မှိုစီးပွားဖြစ် စိုက်ပျိုးသူ ကိုကျော်ဇင်၏  ပြောကြားချက် အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာ တချို့၌ ယခင်က မှိုစိုက်ပျိုးရေး လုပ်ငန်းများကို တွဲဖက် စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့်သာ လုပ်ကိုင် ဆောင်ရွက် ခဲ့သော်လည်း ယခုအခါ ရန်ကုန် ဈေးကွက်မှ မှိုဝယ်လိုအား များလာသည့် အပြင် ဈေးနှုန်းမြင့်တက် လာသဖြင့် ယခုနှစ်အတွင်း စိုက်ပျိုးသူ များပြား လာကြောင်း ဒေသခံ မှိုစိုက်ပျိုးသူ များထံမှ သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်လာသော အခြေအနေ များကြောင့် နိုင်ငံတကာနှင့် ဆက်သွယ် လုပ်ကိုင်မှု များလည်း တိုးတက်များပြား လာခဲ့သည်။ ထို့ကြောင့် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ မှိုသည် အဆိုပါ ဟိုတယ်များ၊ စားသောက်ဆိုင် များ၌ လာရောက် တည်းခို စားသောက် နေကြသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကြိုက်နှစ်သက် သည့် အစားအသောက် တစ်ခု ဖြစ်ခြင်းကြောင့် မှိုဝယ်လိုအားမှာ သိသိသာသာ မြင့်တက် လာခဲ့သည်။

မှိုစိုက်ပျိုးသူ တချို့သည် ရန်ကုန်မြို့၏ အဓိက မှိုဈေးကွက် များဖြစ်သည့် သီရိမင်္ဂလာဈေး နှင့် လမ်းမတော်မြို့နယ် သံဈေး ပတ်ဝန်းကျင် ဈေးကွက်များသို့ ရောင်းချခြင်းမပြုကြဘဲ ဟိုတယ်နှင့် စားသောက်ဆိုင် များသို့ တိုက်ရိုက် ရောင်းချကာ တွက်ခြေကိုက် နေကြောင်း သိရသည်။

ထို့အပြင် မိသားစု ဟင်းလျာ စားသုံးသူများ အနေဖြင့်လည်း မှိုကို ဟင်းကောင်းတစ်ခွက် သဖွယ် မက်မက်မောမော စားသုံး လာခဲ့ကြသည်။ ထို့ကြောင့် ယခင် သီရိမင်္ဂလာဈေး နှင့် သံဈေး ပတ်ဝန်းကျင် ၌သာ မှိုဈေးကွက် ရှိခဲ့သော်လည်း ယခုအခါ ရန်ကုန်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်ဈေး များ၌ လက်လီ ရောင်းချသော ဈေးကွက်များ ဖြစ်ပေါ်လာ နေပြီဖြစ်သည်။ ထို့ကြောင့် မှိုဈေးကွက်တွင် ဝယ်လိုအား များပြား လာသဖြင့် ကော့မှူးမြို့နယ် အတွင်း ကျေးရွာများ၌ မှိုစိုက်ပျိုးရေး လုပ်ငန်းကို စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်သူ များပြား လာခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိ မှိုဈေးကွက်၌ အရောင်းအဝယ် သွက်နေသကဲ့သို့ ဈေးကောင်း ရနေသဖြင့် မှိုစိုက်ပျိုးသူများ အတွက် စီးပွားရေး အဆင်ပြေလျက် ရှိသည်။ မှိုအပွင့်၊ အလုံး အရွယ်အစားနှင့် မှိုအမျိုးအစားကို လိုက်၍ လက်ရှိ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝ မှ ငွေကျပ် ၄ဝဝဝ အထိ ဈေးနှုန်း ရှိသည်။ မှိုစိုက်ပျိုးရေး လုပ်ငန်းမှာ လက်ရှိ ဈေးနှုန်းများ အရ မှိုအပုံ ၁ဝဝ စိုက်ပျိုး လုပ်ကိုင်လျှင် ၁၅ ရက်အတွင်း မှာပင် ငွေကျပ် လေးသောင်းခန့် အမြတ်အစွန်း ရရှိနေသဖြင့် တွက်ခြေကိုက်လျက် ရှိသည်ဟု သိရသည်။

မှိုဈေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ သာရှိပြီး ယမန်နှစ်မှ စ၍ မှိုဈေးနှုန်းများ မြင့်တက် လာသဖြင့် စိုက်ပျိုး လုပ်ကိုင်သူ များပြားလာခဲ့ခြင်း ဖြစ်သည်။ မှိုစိုက်ပျိုး လုပ်ကိုင်သူများ အနေဖြင့် မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ်၂၅ဝ နှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးကြခြင်း ဖြစ်သည်။ လက်ရှိတွင် မှိုဈေးကွက်မှာ ပြည်တွင်း ဈေးကွက်များ နှင့်သာ အဆင်ပြေစွာ လုပ်ကိုင် ဆောင်ရွက် နေရသဖြင့် ပြည်ပဈေးကွက် ရရှိလာပါက နိုင်ငံတော်
အတွက်ရော စိုက်ပျိုး လုပ်ကိုင်သူများ အတွက်ပါ ပိုမို အကျိုးရှိလာ နိုင်သောကြောင့် စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသင့်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ပင်လယ်ကမ်းခြေ ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု မြင့်တက်



ရန်ကုန် ၊ ၃၀-၃-၂၀၁၅

နွေရာသီ ခရီးသွား ရာသီသို့ ရောက်ရှိလာသည့် အချိန်တွင် ပြည်တွင်း ခရီးသွား ဧည့်သည်များ အနေဖြင့် မိသားစုလိုက် အနားယူ အပန်းဖြေ ခရီးများ ထွက်လေ့ ရှိသည့်နေရာ များတွင် ပြည်တွင်း ခရီးသွား ဧည့်သည်များ အများဆုံး သွားရောက် လည်ပတ်သည့် နေရာ ဒေသများမှာ ပင်လယ်ကမ်းခြေ ဒေသများပင် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ထိုသို့ သွားရောက်အပန်းဖြေ ကြသည့် ပင်လယ် ကမ်းခြေဒေသ များတွင် ချောင်းသာ ကမ်းခြေ နှင့် ညောင်ချောင်းသာ (ခ) ရန်ကင်းသာ ကမ်းခြေတို့မှာ အပန်းဖြေ သူများနှင့် အထူးပင် စည်ကားနေပြီး ညအိပ် သွားရောက် လည်ပတ်နိုင်သည့် ချောင်းသာ ကမ်းခြေသည် ဝင်ရောက် လာသည့် ခရီးသွား ဧည့်သည်များ များပြား မှုကြောင့် ဟိုတယ်အခန်း များသည် လုံလောက်မှု မရှိသည် အထိ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ခရီးသွား ဧည့်သည် ဝင်ရောက်မှု အမြင့်ဆုံး ကာလဖြစ်သည့် ယခုလမှ စတင်၍ အပန်းဖြေ အနားယူသူ များဖြင့် စည်ကား နေသည့် ချောင်းသာ ကမ်းခြေတွင် ဟိုတယ်အခန်း လိုအပ်ချက် ရှိနေသည့် အတွက် ဒေသခံများက ၄င်းတို့ပိုင်သည့် ကမ်းခြေနှင့် နီးသည့် အိမ်ရာများအား တည်းခိုခန်း သဖွယ် ငှားရမ်းမှု များလည်း မြင့်တက်လျက် ရှိသည်။

ထို့အပြင် ညောင်တုန်း မြို့နယ် ညောင်ချောင်းသာ (ခေါ် ) ရန်ကင်းသာ ကမ်းခြေ တွင်လည်း ပြည်တွင်း ခရီးသွား များသည် ပိုမို များပြားလျက် ရှိနေပြီး အဆိုပါ ကမ်းခြေမှာ ညပိုင်း အချိန်များတွင် ကမ်းခြေကို ဆင်းခွင့် မရှိသည့် အပြင် ကမ်းခြေနှင့် နီးကပ်သည့် နေရာများ တွင်လည်း ဟိုတယ်များနှင့် တည်းခိုခန်းများ မရှိသည့် အတွက် လာရောက် လည်ပတ်သည့် ပြည်တွင်း ခရီးသွား ဧည့်သည်များ မှာ နေ့ချင်းပြန်သာ လာရောက်မှု များပြားနေခြင်း ဖြစ်ကြောင်း ကမ်းခြေ တာဝန်ရှိ သူများက ပြောသည်။

ချောင်းသာ ကမ်းခြေမှာ လက်ရှိတွင် ဧည့်သည်တွေ ပြည့်နေ သကဲ့သို့ သင်္ကြန် ပိတ်ရက်များ အတွက်လည်း အခန်းကို ကြိုတင် မှာယူမှု အနေဖြင့် ၇ဝ ရာခိုင်နှုန်းခန့် ရရှိနေပြီ ဖြစ်ကြောင်း ချောင်းသာ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချောင်းသာ ကမ်းခြေရှိ ဟိုတယ်များ အနေဖြင့် သင်္ကြန် ကာလအတွင်း ဟိုတယ် အခန်းခ များသည် ဈေးတက်လေ့ ရှိသည်မှာ အခန်း အရေအတွက် နှင့် လာသည့် ဧည့်သည် အရေအတွက်မှာ မျှတမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဈေးတက် သော်လည်း တက်သည့် ဈေးနှင့်အညီ ဝန်ဆောင်မှု ကိုလည်း တန်အောင် ပြန်ပေးကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ဟိုတယ်ဇုန် အနေဖြင့် ဖျော်ဖြေရေး ပွဲများကို လုပ်ရန် မရှိသော်လည်း ဟိုတယ်တစ်ခုချင်း အနေဖြင့် ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကံထူး

#Themyawadydaily
#မြ၀တီနေ့စဉ်

ကြယ်ကြွေတစ်ပွင့်၏ ဦးတည်ရာ


ကြယ်ကြွေတစ်ပွင့်၏ ဦးတည်ရာ 

မဒါလေး

ပြည့်ကျပ်နေသော ကားလမ်းမ ပေါ်မှ တအိအိ ကွေ့ပတ် မောင်းနေသော ကားပေါ်တွင် ဖြစ်သည်။ ရန်ကုန် ကဲ့သို့သော မြို့ကြီးတွင် ဤခရီး သွားရန် အတော်ပင် ရှည်လျားလွန်း လှသည်ဟု ခံစား လိုက်ရသည်။

လာခြင်း ကောင်းသော လူတစ်ဦး အတွက် အပြန်ခရီးကား ကွေ့ကောက် ရှည်လျားရုံ သာမက ကျပ်ညှပ်မှုများ ပြည့်နှက်၍ နေသည်။ ကားပေါ်မှ လူအားလုံး စကားများ တိတ်ဆိတ် နေကြသည်။ လူတစ်ဦး ချင်းစီ၏ မျက်နှာများကို ကြည့်မိရာ အားလုံးမှာ အေးစက် မာကျောလျက် ရှိသည်။ သူတို့ဘာများ တွေးနေကြ မည်နည်း။ တစ်ဦးချင်း စီ၏ စိတ်များကို ဝင်ကြည့်ချင် စမ်းပါဘိ။ အချိန် နာရီပေါင်း များစွာ ကျော်ဖြတ် အပြီးတွင်-

''ရေဝေး'' သုသာန်သို့ ရောက်ပါပြီ။ သူ့နေရာနှင့် သူ ဆိုင်ရာ နေရာများ သတ်မှတ် ထားသည်။ ချမည့် နေရာသည် ခရစ်ယာန် သင်္ချိုင်းတွင် ဖြစ်သည်။ ထုတ်လာသည့် အလောင်းမှာ ကိုရင်လေး တစ်ပါး၏ အလောင်း ဖြစ်နေသည်။

အံ့သြခြင်း များစွာဖြင့် မှင်တက်မိသည်။ ဘာကိုမျှ မေးမြန်းရန် အချိန်မရမီပင် ကားပေါင်း များစွာဖြင့် ကျောင်းသား ကလေးငယ်များ၊ ကိုရင်ငယ် များနှင့် ဦးပဉ္စင်းများ ဝင်လာကြသည်။ အလောင်းကို သရဏဂုံ တင်ကြသည်။ တရားနာ သူကနာ၊ မတ်တတ်ရပ် သူကရပ် နှင့် တစ်ဝက်တစ်ပျက် ကြည့်ရဆိုး လှသည်။ အပြီးတွင် ထိုကိုရင်လေး ရုပ်အလောင်းကို မီးသင်္ဂြိုဟ် စက်ထဲ ထည့်လိုက် ကြသည်။ ငိုသူမရှိ။ အားလုံးကတော့ စိတ်မကောင်းခြင်း များစွာ ဖြစ်နေကြသည်။ ဆရာတော် ဦးဆောင်သော ကျောင်းသားငယ် လေးများနှင့် ဆရာ၊ ဆရာမများ ကားများဖြင့် ပြန်လည် ထွက်ခွာ သွားကြပြီ။ ကျွန်မတို့လည်း ပြန်မည် အပြုတွင် အတူ ခေါ်လာသော ညီမငယ်က''ပြန်လို့ မရသေးဘူး...အစ်မ'' ဟု ပြောလာသည်။ ဘာဖြစ်လို့လည်း ဆိုသည့်သဘော နှင့် ကျွန်မ ကြည့်မိသည်။ ထိုညီမငယ် မှာ ကျွန်မနှင့် ခင်မင်ရင်းနှီး သော ခရစ်ယာန် ဘာသာဝင် မိန်းကလေး တစ်ဦး ဖြစ်သည်။

နာရေးသွားရန် အဖော်မရှိသဖြင့် အတူသွားရန် အကူအညီ တောင်း၍ ကျွန်မလိုက်ခဲ့ ပေးခြင်းဖြစ်ရာ သူနှင့်အတူ ပြန်ရမည်မှာ ကျွန်မတာဝန် ဖြစ်သည်။ ''အရိုးကောက်ပြီးရင် သူ့မိဘတွေ ဆန္ဒအတိုင်း ခရစ်ယာန် သင်္ချိုင်းမှာ အုတ်ဂူ လုပ်ပေး ရအုံးမယ် အစ်မ။ ဆုတောင်းပွဲလဲ လုပ်ရအုံးမယ် ပြီးမှပြန်ရမှာ''။

ထိုစကား ကြားမှ ကျွန်မတွင် မေးစရာများ တသီတတန်းကြီး ပေါ်လာသည်။ ''ဘယ်လိုကြောင့်လဲ ... အစ်မတော့ နားမလည် တော့ဘူး''။ အရိုးကောက်ရန် စောင့်ရသည်မှာ တစ်နာရီလောက် ကြာမည် ဖြစ်သဖြင့် ကားပေါ်တွင် စောင့်ရင်း အကြောင်းစုံ ပြောပြ ပါတော့သည်။ ထိုအကြောင်း ကို သိအပြီး မှာတော့ သနားစရာ ကိုရင်လေး အတွက် မျက်ရည်မှ တစ်ပါး ကျွန်မတို့ ဘာမျှ လုပ်မပေး နိုင်တော့ ပါလားဟု စိတ်မကောင်း ဖြစ်မိသည်။

ထို ကိုရင်လေး သည် နာဂတောင်တန်း ပန်ဆောင်ဒေသ မှဖြစ်ပြီး မိဘများမှာ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ လမ်းပန်း ဆက်သွယ်ရေး ကအစ ပညာရေး အဆုံး ဖွံ့ဖြိုး တိုးတက်မှု အားနည်းသော ထိုဒေသတွင်ကလေးငယ်များ အတွက် မိဘများ အဓိက ပူပင်ကြသည်မှာ ပညာရေးပင် ဖြစ်သည်။ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသော စကားကိုတော့ သူတို့ အတော်ပင် အလေးထား ကြသည်။ သို့သော် ပညာမြင့်ချင် လျှင်တော့ သူတို့ဒေသကို စွန့်ရမည် မှာလည်း အမှန်ပင် ဖြစ်နေသည်။ မူလတန်း ပြီးလျှင် အလယ်တန်း၊ အထက်တန်း အတွက် ကျောင်းစရိတ်မတတ်နိုင်ကြ သည်က များသဖြင့် ပညာရေး တစ်ပိုင်း တစ်စဖြင့် တောင်ယာ လုပ်နေကြရ သူက များသည်။

သို့အတွက် ရွာတွင် သာသနာပြု ကြွလာသော ဆရာတော် အကူအညီဖြင့် ရန်ကုန်တွင် ရှိသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ပညာသင် ယူစေရန် ထည့်လိုက် ကြသည်။ အရပ်ဒေသ အစုံမှ လာကြသော တိုင်းရင်း သား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ တို့ စုစည်းရာ နေရာဖြစ် သဖြင့် တစ်စိတ် တစ်ဝမ်းတည်း ဖြစ်စေရန် ဆရာတော်က အရွယ်ရောက်သူ အားလုံးကို ကိုရင်ဝတ်ဖြင့် ပညာသင်ကြား စေသည်။ ကျောင်းမနေ သေးသည့် အရွယ်ငယ် ကလေးများ ကိုတော့ ဝတ်စုံလေးများ စီမံကာ ကျွေးမွေးပြုစု စောင့်ရှောက် ထားသည်။ ကျောင်းထဲတွင်ပင် စာသင်ကျောင်း နှင့် ဆရာ၊ ဆရာမ နေထိုင် စားသောက်မှု ကအစ ပြည့်စုံစွာ စီမံထားသည်။ ဆရာ၊ ဆရာမ လုံလောက်မှုနှင့် ကလေးများကို စောင့်ရှောက်မှု ကောင်းမွန် ခြင်းများကြောင့် အနယ်နယ် အရပ်ရပ်မှ ကျောင်းနေရန် ခက်ခဲသော မိဘများက ကိုယ်တိုင် သော် လည်းကောင်း၊ လူကြုံနှင့် သော် လည်းကောင်း ရောက် အပ်နှံကြသည်။ ထိုကျောင်းတွင် ကိုရင်တို့ ကဲ့သို့ နာဂဒေသမှ ကလေး အများအပြား လည်း ရှိသည်။ ထိုအထဲတွင်မှ ဤ ကိုရင်လေးက ကံဆိုးသည်ဟု ပြောရမည်ပင်။ တောင်ပေါ်ဒေသ အအေးဒဏ်ဖြင့် အမြဲထိတွေ့ ခဲ့ရသော ခန္ဓာကိုယ်မှာ ရန်ကုန်နေ၏ အပူအောက်တွင် အရည် ပျော်ကုန်သည် ထင်ရသည်။ အဆုတ်ထဲ ရေဝင်ကာ ဆေးရုံ ရောက်ရသည်။ အထူးကြပ်မတ် ကုသပေးသည့် တိုင်အောင် ဆေးရုံရောက်ပြီး မကြာမီပင် ဆုံးပါးသွား ခဲ့ရသည်။ ကျန်းမာရေး မကောင်းစဉ်က မိဘများထံ ဆက်သွယ် အကြောင်းကြား ခဲ့သော်လည်း မိဘများက လာနိုင်သည့် အခြေအနေ မရှိပေ။ မိုးရာသီလည်း ဖြစ်သဖြင့် လမ်းများက သွားရန် ခက်ခဲသည်ဟု ဆိုသည်။ မိုးထဲရေထဲ လာလျှင် ရွာမှ မြစ်ကြီးနားထိ တစ်ပတ်ခန့် ကြာမည်။ ထိုမှ ရန်ကုန်ထိ ဆိုတော့ မပြောနှင့်တော့။ ယခုကတော့ လာရန်ပင် ရာသီဥတုအရ အဆင်မပြေ နိုင်သော အခြေအနေ ဖြစ်နေသဖြင့် ရန်ကုန်တွင် ရှိသော နာဂ လူမျိုးများထံ အကူအညီ တောင်းကာ သင်္ဂြိုဟ်ပေးရန် ပြောလာခြင်း ဖြစ်သည်။ သူတို့ သားလေး၏ နောက်ဆုံး ခရီးကို မြင်တွေ့စေရန် ဗီဒီယို ရိုက်ကူးကာ မှတ်တမ်းတင် ပေးကြသည်။ကုသိုလ် ကောင်းမှုများ လုပ်ပေး ကြသည်။ ယခု အရိုးကောက် ပြီးလျှင် အုတ်ဂူတည် ပေးရမည်။ သို့မှသာ မိဘများ ရန်ကုန်သို့ လာနိုင်ချိန်တွင် ထိုကလေးငယ် ၏ အရိုးဂူလေးကို အလွမ်းပြေ တွေ့မြင် နိုင်မည် ဖြစ်သည်။

ပြောနေစဉ် မှာပင် အရိုးပြာအိုး ရလာပြီ ဖြစ်သဖြင့် ကျွန်မတို့ အားလုံး ခရစ်ယာန် သင်္ချိုင်းဘက်သို့ ကူးခဲ့ ကြသည်။ ထိုသို့ ရောက်လျှင် အသင့်စောင့် နေသော လူများနှင့် ဘာသာရေး အကြီးအကဲ များက သူတို့ ဘာသာအရ ဆုတောင်းပေး ကြသည်။ ထို့စဉ် ရွာကျလာသော မိုးစက်များက ထို ကလေးငယ်၏ မျက်ရည် များလား (သို့မဟုတ်) မွေးရပ်မြေမှ မိဘများ၏ ဆို့နင့် ကြေကွဲစွာ ကျလာသည့် မျက်ရည်များကို ကိုယ်စားပြု လိုက်လေ သလား ဝေခွဲမရ ဖြစ်မိသည်။ မိဝေး ဘဝေးတွင် ပညာသင်ရန် လာခဲ့သော ကလေးငယ်မှာ မိမိ၏ အနာဂတ် အတွက် ဘာမျှ မပြင်ဆင် လိုက်ရပါဘဲ ကြွေလွင့် သွားခဲ့ရပြီ။ ပညာ ပြည့်ဝလျှင် တော့သူတို့ ဒေသအတွက် လင်းလက် လာမည့် ကြယ်တစ်ပွင့် ဖြစ်လာမည်ဟု ယုံကြည်ခဲ့သော မိဘတို့ သည်လည်း အကြွေစော ခဲ့သည့် ကြယ်ပွင့်လေး အတွက် မည်မျှခံစား နေရမည်နည်း။ ယခုတော့ ပစ္စုပ္ပန်တွင် လင်းလက်ခဲ့သော ကြယ်လေး မည်သည့် နေရာသို့ ကြွေကျကာ ဘဝသစ် ရှာနေ လေမည်နည်း . . . ။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အမျိုးသားရေးရန်သူ အရက်အန္တရာယ်


အမျိုးသားရေးရန်သူ အရက်အန္တရာယ်

ယနေ့ လူငယ်လူရွယ် များနှင့် အရွယ်ရောက်ပြီး သူများ နှစ်သက် စွဲလမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရမှုများမှာ အရက်နှင့် အရက်ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များ ဖြစ်သည်။ အရက်ကို လူတိုင်း မသောက်သုံး သော်လည်း သောက်သုံးသူ ပိုများ လာသည်ကို နေရာအနှံ့တွင် လွယ်လင့်တကူ ရောင်းချ နေကြသော အရက်ဆိုင်များက သက်သေပြလျက် ရှိသည်။

လူတို့ကို အန္တရာယ် ပေးတတ်သော အစားအစာများ အတွက် စားသုံးသူ ကာကွယ်ရေး ဆောင်ရွက်ပေး နေမှုများအပေါ် အားရမှု ရှိသော်လည်း စားသောက်ကုန်တွင် တစ်မျိုး ပါဝင်သည့် အရက် ဟူသော အဖျော်ယမကာ တို့၏ အန္တရာယ်မှ အကာအကွယ် ပေးမှုကို ပိုမိုထိရောက်စွာ အရေးယူ ဆောင်ရွက် ကြရမည် ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် အရက်ကြောင့် ဖြစ်ပွားသော ရောဂါများ၊ အရက်ကြောင့် ဖြစ်တတ်သော ရာဇဝတ်မှု များမှာ တစ်နေ့ထက် တစ်နေ့ မြင့်မား နေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် မောင်နှင့်နှမ၊ သားနှင့်အမိ မကြားဝံ့ မနာသာသော အမှုများ၊ မြန်မာ့ရိုးရာ ဘာသာဓလေ့ နှင့် ဖီလာဆန့်ကျင် ဖြစ်စေသော ကျူးလွန်မှု များကို မကြာခဏ ကြားသိ နေရသည်။

အမျိုးသားရေး ရန်သူမှာ အရက်အန္တရာယ် ဖြစ်လာ ရခြင်းသည် သောက်သုံးသူ အားလုံး၏ အသက်အရွယ် အများစုတွင် လူငယ် လူရွယ်များ ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။ လူငယ်လူရွယ် ဟူသည်မှာ အနာဂတ်၏ အညွန့်အဖူးများ ဖြစ်ပြီး ထို လူငယ်လူရွယ် များက အနာဂတ်ကို ပုံဖော်မည့် သူများ ဖြစ်ပေရာ လူငယ်များ အနက်မှ အရက် သောက်သုံးသူ တိုးတက် လာလျှင် အနာဂတ် အတွက် ရင်လေးဖွယ်ရာ ဖြစ်သည်။

ပြစ်မှု ကျူးလွန်မှုများ၊ ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ၊ ကျန်းမာရေး ထိခိုက်မှုများ၊ အသက် သေဆုံးမှုများ တွင် အရက်ကြောင့် ဖြစ်ရသည်က များသည်။ ယခင်ကာလ အရက်များထက် ယနေ့ သောက်သုံး နေကြသော အရက်များသည် လူတို့တွင် မှားယွင်း ဖောက်ဖျက်သော စိတ်များ ဖြစ်ပေါ် စေသည့် အာနိသင်များ ရှိစေသည်။

အရက်ကြောင့် ဖြစ်ပွား စေသော ရောဂါများ၊ ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှုများ၊ သေဆုံးမှုများ ကို စစ်တမ်း ကောက်ယူမည် ဆိုပါက နည်းမည် မဟုတ်ပေ။ ထို့ကြောင့် လုပ်ငန်းရှင်များ အနေဖြင့် စီးပွားဖြစ် လွယ်သော အရက် လုပ်ငန်းထက် အမျိုးသားရေး လူညွန့်တုံး မည့် အန္တရာယ် ကိုလည်း ဝိုင်းဝန်း တွေးတော ကာကွယ် ပေးကြရမည် ဖြစ်သည်။

အရက်နှင့် ပတ်သက်၍ ချမှတ်ထားသော ဥပဒေ စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြ ရမည် ဖြစ်သည်။ ဥပဒေ စည်းမျဉ်း စည်းကမ်း များကို မလိုက်နာပါက ထိရောက်သော အရေးယူမှု များကိုလည်း ပြင်းပြင်း ထန်ထန် ဆောင်ရွက် ရမည် ဖြစ်သည်။

သို့ဖြစ်ရာ အရက်သည် လူတို့ကို ကျန်းမာရေး ထိခိုက်စေခြင်း၊ ကိုယ်ကျင့် သိက္ခာနှင့် ပြစ်မှု ကျူးလွန်မှု များကို အလွယ်ကူဆုံး ဖြစ်ပေါ် စေနိုင်သောကြောင့် အမျိုးသားရေး ရန်သူ အရက် အန္တရာယ် ကို အမျိုးသားရေး အသွင်ဖြင့် ဝိုင်းဝန်း ကာကွယ်ကြ ရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ယခင်နှစ်များနှင့်မတူ အင်းအတွင်း ရေများရှိနေ၍ တောင်သမန်တံတားတွင် သင်္ကြန်ကာလ ရေကစားနိုင်


မန္တလေး ၊ ၃၀-၃-၂၀၁၅

နှစ်ပေါင်း ၁၆ဝ ကျော် သက်တမ်းရှိပြီ ဖြစ်သည့် တောင်သမန်အင်း မှ တောင်သမန် တံတားကြီးသည် သစ်သားတိုင်ပေါင်း ၁ဝဝဝ ကျော်ဖြင့် အလွန်ရှည်လျား ထူးခြားကာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို ဆွဲဆောင်လျက် ရှိသည်။

တောင်သမန်အင်း မှ တောင်သမန် တံတားကြီး ဆီသို့ အချိန်ရာသီ မရွေး လာရောက် လည်ပတ် လေ့လာကြသည့် ဧည့်သည် အများအပြား ရှိသော်လည်း သင်္ကြန်ကာလ ကဲ့သို့ ရက်များတွင် လာရောက်သူ ပိုမိုများပြား စည်ကားလျက် ရှိကြောင်း သိရသည်။

သင်္ကြန်တွင်း လည်ပတ်ကြသူ များသည် မန္တလေး သင်္ကြန်၏ အစည်ကားဆုံး ဖြစ်သော ကျုံးပတ်လည် တွင် စတင် လည်ပတ်လေ့ ရှိကြပြီး နေ့လယ်ခေတ္တ နားချိန်တွင် မန္တလေးတောင်၊ ကုသိုလ်တော် ဘုရား၊တောင်သမန် တံတား စသည့်နေရာ များသို့ သွားရောက်၍ နားခို လည်ပတ်လေ့ ရှိကြသည်။

မဏ္ဍပ်များ၌ ရေပက်ခြင်းကို ခေတ္တရပ်နားချိန် ဖြစ်သော နေ့လယ် နေ့ခင်းများတွင် မန္တလေးမြို့၏ အခြားသော အထင်ကရ နေရာများသည် ရေမရှိသောကြောင့် ရေရရှိ နိုင်သော ကန်တော်ကြီး တစ်ဝိုက်နှင့် တောင်သမန် တံတားတို့တွင် လာရောက်ကြသူ ပိုမိုများပြားလျက် ရှိသည်။ သို့သော် ယခင်နှစ် များက တောင်သမန် တံတား တောင်သမန်အင်း အတွင်း ရေလျော့နည်း မှုများ ရှိနေသောကြောင့် လာရောက် လည်ပတ်သူ များသည် တံတားပေါ် တွင်သာ ကြည့်ရှုလေ့လာ ကြရပြီး အင်းအတွင်း ရေကစားမှု မပြုလုပ် ခဲ့ကြရကြောင်း သွားရောက်ခဲ့သူ များ၏ ပြောပြချက် အရ သိရသည်။

သင်္ကြန်ကျ ရောက်ရန် ရက်ပိုင်းမျှသာ လိုတော့သော ယနေ့ အချိန်တွင် တောင်သမန်အင်း အတွင်း ရေများစွာကျန် ရှိနေ၍ သင်္ကြန် ကာလတွင် လာရောက်ကြ သူများ အနေဖြင့် တံတားပေါ်တွင် သာမက အင်းအတွင်း လှေစီးခြင်း နှင့် ရေကစားခြင်း တို့ကို ပြုလုပ်နိုင်ဖွယ် ရှိကြောင်း ဒေသခံဆိုင်ရှင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

တောင်သမန်အင်း သည် ဝါဆို၊ ဝါခေါင် ဧရာဝတီမြစ်ရေ တက်ချိန်တွင် တံတားကြမ်းခင်း ထိ ရေများ ရောက်လုနီးပါး ရေပြည့်လျှံ၍ လှေစီးသူများ အတွက် အန္တရာယ် ရှိသော်လည်း နွေရာသီ သင်္ကြန် ကာလတွင် ရှိသော ရေများသည် နှစ်ပေ၊ သုံးပေမျှသာ ဖြစ်၍ ရေကစား သူများ၊ လှေစီးသူများ အတွက် အန္တရာယ် ကင်းပြီး လွတ်လပ် ပျော်ရွှင်စွာ ဆော့ကစား နိုင်ကြောင်း၊ သင်္ကြန်တွင်း ကာလထိ ယခုကဲ့သို့ ရေဆက်လက် တည်ရှိနေပါက တောင်သမန်အင်း သို့ လာရောက်သူ များပြားလာဖွယ် ရှိနိုင်ပြီး ပိုမိုစည်ကား နိုင်ကြောင်း လှေပိုင်ရှင် တစ်ဦး၏ ပြောပြချက် အရ သိရသည်။ (၁၆၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

" Just 30 Minutes "


" Just 30 Minutes "

Tin Maung Than

People do not need to spare so much time for doing exercise to obtain maximum benefits. Generally, an adult may need just about 30 minutes of moderate exercise no less than five days per week as physical activity will make him feel better, gain extra energy and perhaps even enjoy longevity.

To stay healthy, a person needs regular exercise because physical activity can help him maintain a healthy weight, a vitally important factor for today’s desk-bound people. According to medical surveys, exercise can prevent dreadful diseases such as diabetes, hypertension, heart problems and even some cancers. What’s more, people who are leading an active life live longer and happier.

The main point here is that a person needs to find the most suitable exercise for him. Normally, brisk walking, hiking or even stair-climbing are the kind of exercises he can do without much difficulty. He can also choose dancing, swimming or gardening and there are other options such as jogging, running, bicycling and rowing. He can also join with his friends in team sports like soccer, volleyball and sepaktakraw or go to the fitness classes and centres. 

If a person wants to lose more weight or meet specific fitness goals, he may need to exercise more. But the amount of physical activity he needs to do every day is fixed by his own age. He can also take some advice from his family doctor or other physician to choose the best exercise for him and the amount of time and activity he needs.

Another bonanza is that exercise and physical activity can provide an opportunity to relax, enjoy the open-air and natural scenery or spend an enjoyable time.

A day has 1,440 minutes and a person needs only 30 of them to enjoy all the benefits of physical activity.

#Themyawadydaily
#မြ၀တီနေ့စဉ်

ဘုရားဖူးရာသီချိန် မဟုတ်သော်လည်း ကျိုက်ထီးရိုးဘုရားဖူးယာဉ် လက်မှတ်များ ပြတ်လပ်သည်အထိ ရောင်းချနေရ



ရန်ကုန် ၊ ၃၀-၃-၂၀၁၅

နှစ်စဉ် အောက်တိုဘာလ များတွင် ဘုရားပွဲတော် ကျင်းပမြဲဖြစ်ပြီး ဘုရားဖူး သွားရောက်သူ များပြားလျက် ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူး ရာသီချိန် မဟုတ်သော်လည်း ယခုလပိုင်း အတွင်း ခရီးသွား လက်မှတ်များ ပြတ်လပ်သည် အထိ ရောင်းချမှုရှိကာ ဘုရားဖူးလာသူ များပြားလျက် ရှိကြောင်း လက်မှတ် ရောင်းချသော အရောင်းဌာန များမှ သိရသည်။

''အခုက ကျိုက်ထီးရိုးကို ပွဲတော်ချိန် မဟုတ်ပေမယ့်လည်း သွားနေကြတော့ ပုံမှန် ခရီးစဉ်လို ထွက်ခွာပေး နေရပါတယ်။ အထူးသဖြင့်တော့ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ဖြေပြီး အားလပ်ချိန်လည်း ဖြစ်တာကြောင့် ခရီးသွား ပြည်သူ ပိုများလာတယ်လို့ မြင်ပါတယ်'' ဟု ခရီးသွား လက်မှတ် ရောင်းချသူ တစ်ဦးက ပြောသည်။

မတ်လ နောက်ဆုံးပတ်တွင် ရုံးပိတ်ရက် ၃ ရက်ဖြစ်သဖြင့် ခရီးတို ထွက်ခွာမည့်သူ အများစုသည် ယင်းရက်များအတွင်း စုပြုံ သွားလာမှုတို့ ကြောင့်လည်း ဘုရားဖူး လက်မှတ်များ ပြတ်လပ်သွားသည် အထိ ရောင်းချခဲ့ရခြင်း ဖြစ်သည်။ ခရီးသွားများ အနေဖြင့်လည်း ပွဲတော်ရာသီ အတွင်းထက် ယခုကဲ့သို့ အားလပ်ချိန် အတွင်း အေးချမ်းစွာ ဘုရားဖူးနိုင်ရန် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် အား ရွေးချယ် သွားရောက် ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားများတွင် ပါဝင်သော ကျိုက်ထိုမြို့ ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ယခင်နှစ်များထက် ပိုမိုများပြား နိုင်ပြီး အာရှနိုင်ငံသား အများစု လာရောက် လည်ပတ်ရာ တွင် ထိုင်းနိုင်ငံသားများ အများဆုံး လာရောက် ကြကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

70 percent of hotels in Chaungtha already booked



Yangon ၊ March 30

Seventy percent of hotels on Chaugtha beach has already been booked for Thingyan holidays to this date thanks to the increasing number of domestic vacationers at the sea resort, said an official of the regional business group. 

Normally, there is a rise in room and service charges during the water festival because of the huge imbalance between demand and supply. Actually, we are selling better room facilities and hotel services at higher prices. Moreover, hotels will also provide entertainment programs. So, it is a win-win situation for both the vacationers and hoteliers.

Domestic vacationing in popular destinations like Chaungtha has increased since the completion of matriculation examinations in March. Previous year saw over 400,000 visitors to the beach that is accommodating more and more guests every year.


Hsu Latt

#Themyawadydaily
#မြ၀တီနေ့စဉ်

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော တရားမ၀င် အလုပ်သမားများအား ပြန်လည်ခေါ်ဆောင် လာသည့် တပ်မတော်(ရေ) မှ စစ်ရေယာဉ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရ ဖြင့် ပြန်လည်ခေါ်ဆောင်လာသော မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံ ထားရသည့် မြန်မာအလုပ်သမား များကိုတွေ့ရစဉ်


နေပြည်တော် ၊ ၃၀-၃-၂၀၁၅

မြန်မာ့ တပ်မတော်(ရေ )မှ စစ်ရေယာဉ် မဟာသီဟသူရ သည် မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်း ၌ မတ် ၁၇ ရက်မှ ၂၁ ရက်ထိ ကျင်းပ ပြုလုပ်ခဲ့သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲသို့ တက်ရောက်၍ မတ် ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သန်လျင် သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ပြန်လည်ရောက်ရှိ လာရာ ရေတပ် သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး၊ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်သည် မလေးရှားနိုင်ငံ တွင် တရားမဝင် ရောက်ရှိနေသော မြန်မာ အလုပ်သမား ၁ဝ၂ ဦးအား ပြန်လည် ခေါ်ဆောင်ခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများထံ စနစ်တကျ လွှဲပြောင်းပေး ခဲ့သည်။ ဝန်ကြီးဌာန မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသော အလုပ်သမား များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေရပ်ပြန်ရန် အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ များနှင့် ဆက်သွယ် ဆောင်ရွက် ပေးခြင်း၊ ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ဆောင်ရွက် ပေးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲများ ကြုံတွေ့ နေရသည့် မြန်မာ အလုပ်သမား များကို ကူညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တစ်ဆင့် ဆက်သွယ် ညှိနှိုင်း လာခဲ့ရာ မိခင်နိုင်ငံသို့ ပြန်ရန် ကြိုးစားနေသည့် မြန်မာ အလုပ်သမား များအား စာနာ ထောက်ထားစွာ ကူညီပံ့ပိုး ပေးသည့် အနေဖြင့် စစ်ရေယာဉ် မဟာသီဟသူရ အပြန်ခရီး တွင် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ တပ်မတော် စစ်ရေယာဉ် နှင့်အတူ လိုက်ပါလာသော အလုပ်သမား များကို လမ်းခရီး တစ်လျှောက် အဆင်ပြေစွာ လိုက်ပါနိုင်ရေး အတွက် စားသောက် နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များအား စစ်ရေယာဉ် ပေါ်တွင် တာဝန် ထမ်းဆောင် နေသော တပ်မတော်သား များက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၃-၂၀၁၅) တနင်္လာနေ့


မြ၀တီနေ့စဉ်သတင်းစာ (၃၀-၃-၂၀၁၅) တနင်္လာနေ့

Download Links


Sunday, March 29, 2015

Facebook ၏ Aquila ဒရုန်းလေယာဉ်က လူပေါင်း ငါးဘီလီယံ ကို အင်တာနက် သုံးစွဲနိုင်ခွင့် ပေးမည်


Facebook’s Aquila Drone Will Beam Down Internet Access With Lasers

ဆန်ဖရန်စစ္စကို ၊ ၂၉-၃-၂၀၁၅

Facebook သည် ၄င်းတို့၏ နေရောင်ခြည် စွမ်းအင်သုံး ဒရုန်းများဖြင့် လူဦးရေ ငါးဘီလီယံ ခန့်ကို အင်တာနက် အသုံးပြုခွင့် ပေးနိုင်မည် ဖြစ်ကြောင်း မတ် ၂၅ ရက်က ကြေညာခဲ့သည်။

မောင်းသူမဲ့ပြီး V ပုံစံရှိသည့် Aquila ဒရုန်းမှာ အင်တာနက် အသုံးပြုရန် ခက်ခဲနေသည့် နေရာများရှိ လူဦးရေ ငါးဘီလီယံ ခန့်ကို အင်တာနက်လိုင်း ပေးနိုင်မည် ဖြစ်ပြီး ၄င်းတို့၏ နည်းပညာကို ဆန်ဖရန်စစ္စကို မြို့၌ ပြသခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ Aquila ဒရုန်းမှာ သုံးလတိုင် လေထဲ ပျံဝဲနိုင်စွမ်းရှိပြီး Boeing 767 လေယာဉ်၏ အတောင်ပံနှင့် အရွယ်အစား တူသည့် လေယာဉ် အတောင်ပံ ပါရှိကာ ၄င်း၏ အလေးချိန်မှာ ကားငယ် တစ်စီးမျှသာ လေးလံကြောင်း သိရသည်။

၎င်းဒရုန်း များမှာ ကမ္ဘာမြေပေါ်မှ ပေ ၆ဝဝဝဝ မှ ပေ ၉ဝဝဝဝ ထိ မြင့်တက်၍ အချက်အလက် များကို လေဆာစနစ်ဖြင့် ကမ္ဘာ၏ အင်တာနက် သုံးစွဲရန် ခက်ခဲသော နေရာများသို့ အချက်အလက် များ အပေးအယူ လွယ်ကူစွာ လုပ်စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

Facebook သည် လူဦးရေပေါင်း ငါးဘီလီယံ ခန့် အင်တာနက် သုံးစွဲနိုင်ရန် အတွက် ဒရုန်း အစီးရေပေါင်း ၁ဝဝဝ ကျော်ကို အသုံးပြု သွားနိုင်ရန် မျှော်လင့်သည်။ Facebook ဝန်ထမ်းတစ်ဦး ဖြစ်သူ Yael Maguire က Facebook မှာ ကမ္ဘာပေါ်ရှိ လူသားများကို အင်တာနက် အသုံးပြုခွင့် ပေးလိုပြီး ထိုကဲ့သို့ လုပ်ဆောင် နိုင်ပါက ကမ္ဘာ တစ်ဝန်းရှိ လူအားလုံးမှာ အွန်လိုင်းမှ အချက်အလက် များကို တစ်ချိန်တည်း ရယူ နိုင်လိမ့်မည်ဟု Yael Maguire က ပြောပြသည်။

Facebook သည် အဆိုပါ ဒရုန်း များကို နွေရာသီလများ အတွင်း စမ်းသပ်သွား နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

လူ၏မျက်လုံးထဲသို့ ညမြင်ကွင်းကြည့် ဆေးထည့်သွင်း စမ်းသပ်


Chlorin e6 (Ce6) Night Vision Eye Drops for Future Warfare Night Ops?

ဝါရှင်တန် ၊ ၂၉-၃-၂၀၁၅

အမေရိကန် နိုင်ငံရှိ ဓာတုဇီဝ စူးစမ်းလေ့လာ သည့် အသင်း တစ်သင်းမှာ လူတို့၏ မျက်လုံးထဲ၌ ညမြင်ကွင်းဆေး ထည့်သွင်းခြင်းကို စမ်းသပ်ခဲ့ရာ စမ်းသပ်ခံ သူမှာ မီတာ ၅ဝ အကွာအဝေးရှိ ပစ္စည်းများကို တိကျစွာ ဖော်ပြနိုင် ခဲ့ကြောင်း သိရသည်။

ပညာရှင်များ က စမ်းသပ်ခံ၏ မျက်လုံးထဲသို့ ထည့်သွင်း ခဲ့သည့် ဓာတုပစ္စည်းမှာ Ce6 ဟုခေါ်သည့် Chlorin e6 ဖြစ်ပြီး ၄င်းမှာ ရေနေ သတ္တဝါများမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Chlorin e6 မှာ ညအခါတွင် ကောင်းစွာ မမြင်နိုင်သူ များကို ကုသရာ၌ အသုံးပြုရာတွင် စမ်းသပ် အောင်မြင်ခဲ့ရာ Science for the Masses သုတေသီ အသင်းတစ်သင်း က Chlorin e6 ကို အသုံးပြု၍ လူတို့ကို ညအခါတွင် ပို၍ ကောင်းမွန်စွာ တွေ့မြင်နိုင် စေမည့် နည်းလမ်းများကို လေ့လာခဲ့ ကြသည်။

မျက်စိ ဆေးပညာတွင် Ce6 နှင့်အတူ အင်ဆူလင်၊ ဆလိုင်း တို့ကို ရောစပ်၍ မျက်လုံးထဲ ထည့်ပေးပါက မျက်လုံး၏ ရတီနာက ၄င်းကိုစုပ်ယူကာ အလင်းရောင်း နည်းသည့်နေရာ များတွင် ကောင်းစွာ တွေ့မြင် စေနိုင်သည်ဟု ဖော်ပြသည်။ အင်ဆူလင် နေရာတွင် ဓာတုပစ္စည်း တစ်မျိုး ဖြစ်သော ဒိုင်မီသိုင် ဆာလ်ဖောက်ဆိုဒ် (DMSO) ကိုလည်း အသုံးပြု၍ ရကြောင်း ဖော်ပြရာ Science for the Masses အသင်းက အင်ဆူလင်နှင့် DMSO ဓာတုပစ္စည်း နှစ်မျိုးလုံးကိုပါ အသုံးပြု ခဲ့ကြသည်။

သုတေသီ Gabriel Licina မှာ အဆိုပါ ညမြင်ကွင်း ဆေးကို စမ်းသပ်ခံခဲ့ရာ ပထမအဆင့် တွင် မျက်လုံးကို ဆလိုင်းဖြင့် ဆေးကြောပြီး Ce6 ပျော်ရည် အနည်းငယ်ကို သုံးကြိမ်ခန့် ထည့်ခဲ့သည်။

ဆေးထည့်သည့် အဆင့်ပြီးသော် အလင်း ဝင်ရောက်မှု လုံးဝ မရှိစေရန် အမည်းရောင် မျက်ကပ်မှန်များ အပြင် အမည်းရောင် နေကာမျက်မှန် များကို ထပ်မံ တပ်ဆင်ပေးကာ မည်းမှောင်သည့် အခန်း တစ်ခုထဲတွင် အမြင်အာရုံကို စမ်းသပ်ခဲ့သည်။ တစ်နာရီ ကြာသော် စမ်းသပ်ခံ Licina မှာ လက်တစ်ဖက်မျှ ကြီးသော အရွယ်ရှိ အရာဝတ္ထု များ၏ ပုံပန်း သဏ္ဌာန်ကို ၁ဝ မီတာအကွာမှ ပြောပြနိုင်ခဲ့ပြီး မိနစ် အနည်းငယ် ကြာသော် ၂ဝ မီတာ အကွာမှ တွေ့မြင် လာနိုင်ခဲ့ရာ ထိုအခါတွင် စာနှင့်နံပါတ်များ ကိုပါ ဖတ်နိုင်ခဲ့သည်။ မည်းမှောင်သော သစ်တော ထဲတွင်လည်း ထပ်မံ စမ်းသပ်ခဲ့ရာ မီတာ ၅ဝ အကွာတွင် တည်ရှိနေသော လူများကို လေဆာဖြင့် ထိုးပြခိုင်း ရာတွင်လည်း Lucina မှာ မှန်ကန်စွာ ပြသနိုင်ခဲ့သည်။

စက်ပစ္စည်း မပါဘဲ ရရှိနိုင်မည့် ညမြင်ကွင်း ဆေးကို စမ်းသပ်ခဲ့သည့် အသင်းမှာ ၄င်းတို့၏ စမ်းသပ်ချက် အတွက် ပါဝင် ပစ္စည်းများမှာ ဈေးကြီးသည့် ပစ္စည်းများ မဟုတ်သဖြင့် ညမြင်ကွင်း ဆေးကို ဈေးနှုန်း ချိုသာစွာဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်း ပြောပြခဲ့သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ဟိုတယ်အခြေခံ ၀န်ဆောင်မှုသင်တန်း (အခမဲ့) ကို ဆွစ် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း က သင်ကြားပေးမည်


ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း ( Swisscontact )

ရန်ကုန် ၊ ၂၉-၃-၂၀၁၅

ဟိုတယ် အခြေခံ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ သင်တန်းများကို ဆွစ်ဇာလန်နိုင်ငံ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း ( Swisscontact ) က လာမည့် ဧပြီလမှ စတင်၍ အခမဲ့သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ ဆွစ်ဇာလန် နိုင်ငံရှိ ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ အတွက် အကူအညီများ ပေးလျက် ရှိရာတွင် အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု၊ အတတ်ပညာ ဖွံ့ဖြိုးမှု အစီအစဉ်များ ပါဝင်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် လူငယ်များ အနေဖြင့် ဟိုတယ်လုပ်ငန်း များနှင့် ပတ်သက်သည့် သင်တန်းများသို့ တက်ရောက် နိုင်ကြစေရန် အခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သင်တန်း ပို့ချခြင်းများကို ဟိုတယ် အများစု တည်ရှိသော မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် စသည့် မြို့ကြီးများ တွင် ကနဦးရွေးချယ် ပြုလုပ်သင်ကြား ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် ဟိုတယ်လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ အခြေခံ ပညာရပ်များကို သင်ယူရန် လက်လှမ်း မမီနိုင်သော၊ အခွင့်အရေး မရနိုင်သော လူငယ်များ အတွက် အခွင့်အရေး ရရှိစေမည် ဖြစ်သည်။ အဆိုပါ အခမဲ့ သင်ကြားပို့ချ ပေးသွားမည့် အစီအစဉ်များတွင် ကနဦး သင်ကြား ပို့ချပေးမည့် သင်တန်းများမှာ စားသောက် ဝန်ဆောင်မှု သင်တန်း၊ အိပ်ဆောင် ထိန်းသိမ်းရေး သင်တန်း၊ နှင့် ခရီးဦးကြို သင်တန်းများ ဖြစ်သည်။

သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်သူ များကို စိစစ်ရွေးချယ်ကာ သင်ကြားပို့ချမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်းရှိ အခြေခံအင်္ဂလိပ်စာ တတ်ကျွမ်းသူ များကို ရွေးချယ်ကာ အခမဲ့သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ သင်တန်းများကို ဟိုတယ်လုပ်ငန်း လေ့ကျင့်ရေး မိတ်ဖက်ဟိုတယ် များတွင် ဆွစ်ဇာလန် နိုင်ငံမှ ဟိုတယ်လုပ်ငန်း ကျွမ်းကျင်သည့် ပညာရှင်များက တစ်ကြိမ်လျှင် လူဦးရေ ၅ဝဝ ကို သင်ကြားပေး သွားမည် ဖြစ်သည်။

အဆိုပါ အခမဲ့ သင်တန်းများကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်မည် ဖြစ်ရာ မြန်မာနိုင်ငံရှိ တစ်နှစ်လျှင် လူငယ် ၁ဝဝဝ ခန့်မှာ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း (Swisscontact ) ၏ ဟိုတယ်အခြေခံ ဝန်ဆောင်မှု အခမဲ့သင်တန်း များကို တက်ရောက်နိုင်မည် ဖြစ်သည်။ လူငယ်များကို ဟိုတယ်လုပ်ငန်း လေ့ကျင့်ရေး ကနဦး ဆောင်ရွက်မှု အကောင် အထည်ဖော်ခြင်း နှင့် စပ်လျဉ်းသည့် နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနနှင့် ဆွစ်ဇာလန် နိုင်ငံ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း (Swisscontact) တို့ ဖေဖော်ဝါရီ လကုန်ပိုင်း ကတည်းက လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

" Thingyan Fever "



" Thingyan Fever "

Tin Maung Than

We are travelling on the road passing through Meiktila plain, a vast stretch of mostly flatland with no mountain or mountain ranges in sight till reaching the horizons. Only few trees and some groves of bushes grow naturally on this dry area which now sees a gigantic greening plan covering a network of irrigation facilities supplying water for crops, tree plantations, regeneration projects, farms and the local people.

The plan in fact is for sustainable development of the multiple sectors and the environment of the plain home to a large number of people living in villages or towns big and small engaging in various kinds of businesses to earn their living or to stay wealthy. The plain is famous all over Myanmar for its business, trade and production activities, its important location in the central part of the country and the Meiktila Lake which is a significant topographical character in Myanmar literature and an important water storage and supply facility throughout history.

The plain saw real action during the World War II, may be the first ever major tank battle between the two rival armies -- one the British army and the other the Japanese Imperial Army – on Myanmar soil. Sherman tanks of the British army and Type 95 Ha-Go light tanks and 16 Type 97 Chi-Ha medium tanks of the Imperial Army battled against each other for control of the militarily strategic position during their Myanmar campaign.

Every activity whether implementing a project with the help of machinery light and heavy or in battling against enemy using mechanized troops need fuel as all machines run on it. They need a large amount of fuel as these machines are gas guzzlers. But my article is not about the heavy machines with high fuel consumption, but about my car that we are riding on our journey to Wundwin a town in the northern part of the plain. We start our trip from our home in the compound of the News and Periodicals Enterprise in Zeyathiri Township to the town where two NPE staffs make a solemn promise to each other for a new journey into life sharing joys and sorrows and overcoming difficulties together forever both making a declaration “Till death do us part”.


The car we are riding is not a gas guzzler. It’s a Japanese made Honda Accord. When it is at its fifth speed the car goes fastest and burns least fuel carrying us conveniently all along the trip till reaching the destination. So, we don’t need to fill gas during our up trip to Wundwin famous for its weaving industry producing cotton sarongs of beautiful designs and patterns for both man and woman of all ages.

On our return trip back home, we need to fi ll some gasoline. We see a lot of private filling stations all along the road, hoping to find the one selling gas at a price lower than any one of its rivals. Then we see one and stop there to fill gas. The good part is that young male and female staffs are so polite and hospitable, but the bad part is that they do not have gasoline which they call the white fuel. They only have another kind of fuel they call octane or the red one apart from diesel. And when we stop at three more private filling stations, they too have no gasoline left and only octane is available. One of the staffs tells us that gasoline supply will come only after Thingyan holidays. Station staffs suggest us to use octane as a substitution. We do not want to use octane as our car engine is designed to run with gasoline. Besides running on octane will cause damage to the engine and weaken its power in the long run. So we keep on finding a filling station that still has gasoline left to sell.


In the end, we find one where gasoline is available, but at a much higher price. But we decide to fill as we know that such things always happen whenever Thingyan is just around the corner. It is usual that prices of essential commodities like fuel, rice or cooking oil go up high or they are in short supply when the water festival is drawing nearer and in some years they never go down again even after the annual holidays. So, we Myanmars are accustomed to it. Every year when the water festival comes, Thingyan fever is always high among youths who want fun, older people who search Dhamma, government employees who love holidays, artists who love entertaining the public and the businessmen who take it as an opportunity for self interest. So, Thingyan is a win-win festival bringing happiness to youth, serenity to older people, relaxation to employees, satisfaction to artistes and profits to businessmen. Everyone enjoys the festival.

A pleasant Thingyan and a very happy New Year to all!

#Themyawadydaily
#မြ၀တီနေ့စဉ်

လာမည့်ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဆားငန်ဒဏ်ခံ မျိုးစပါးတင်း ၃၀၀၀၀ ကျော် ဖြန့်ဝေပေးမည်



မြောက်ဦး ၊ ၂၉-၃-၂၀၁၅

ရခိုင်ပြည်နယ်ရှိ လယ်ယာ စိုက်ခင်းများ၌ ဆားငန်ရေ ဝင်ရောက်မှုကို ကာကွယ်ရန်နှင့် ဆားငန်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် စပါးစိုက်ခင်းများ ပြန်လည် စိုက်ပျိုးရန် ဆားငန်ဒဏ်ခံ မျိုးစပါးတင်း ၃ဝဝဝဝ ကျော်ကို လာမည့် ဘဏ္ဍာနှစ် အတွင်း အခမဲ့ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ဖြန့်ဖြူးပေး ရာတွင် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် ဆင်းသွယ်လတ်၊ ရွှေဝါထွန်း၊ ရေဆင်း(၃) နှင့် ရွှေဘို ပေါ်ဆန်းမွှေး များကို အဓိက ဖြန့်ဖြူး ပေးသွားမည် ဖြစ်ပြီး ဆားငန်ရေ ဝင်ရောက်မှုကြောင့် ပျက်စီးသည့် လယ်ယာမြေများ အတွက် အခမဲ့ ဖြန့်ဖြူး ပေးမည်ဖြစ်ပြီး ကျန်စိုက်ပျိုးဧက များအတွက် စပါးမျိုးကောင်း မျိုးသန့်များကို ဈေးနှုန်း သက်သာစွာ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။

''ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုတဲ့အနေနဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွက် မျိုးစပါး ဖြန့်ဝေပေး ခဲ့တာ စုစုပေါင်းတင်း ၁၉ဝဝဝ ကျော် ဖြစ်ပါတယ်။ တစ်နှစ်ကို ဧက သုံးသောင်းကျော် အတွက် မျိုးစပါးတွေ ဖြန့်ဝေပေးနိုင် တာဖြစ်ပြီး နောင်နှစ် အတွက်လည်း မျိုးစပါးတွေ စုဆောင်းနေပြီ ဖြစ်ပါတယ်'' ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၌ မြို့နယ်ပေါင်း ၁၇ မြို့နယ် နှင့် မြို့နယ်ခွဲ သုံးမြို့နယ် ရှိရာ ယခု ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၏ သီးသန့် ရန်ပုံငွေဖြင့် မျိုးစပါးတင်း ပေါင်း ၁၉ဝဝဝ ကျော်ကို မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးများမှ ကြီးကြပ် ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

နှစ်တိုအတွင်း အရင်းကျေ၍ နှစ်စဉ် ၀င်ငွေကောင်းရရှိသည့် နဂါးမောက်သီး


နှစ်တိုအတွင်း အရင်းကျေ၍ နှစ်စဉ် ၀င်ငွေကောင်းရရှိသည့် နဂါးမောက်ပင်များ

နဂါးမောက်သီးသည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သော သီးနှံဖြစ်သည်။ နှင်းကျပြီး အေးခဲသော ရာသီဥတု ရှိသည့် ဒေသများ၌ ဖြစ်ထွန်းမှု နှေးကွေးသည်။ နဂါးမောက်သီးကို စတင်စိုက်ပျိုးပြီး သုံးနှစ်အတွင်း ၀င်ငွေ ငွေကျပ် သိန်း ၃၀ ခန့် ရရှိနိုင်ကြောင်း သိရသည်။

နဂါးမောက်သီး သည် မိုးရေချိန် ၂၅ လက်မ မှ လက်မ ၅၀ အတွင်း ရရှိသည့် ဒေသများတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်များသော ဒေသများ၌ ဖြစ်ထွန်းနိုင် သော်လည်း အပွင့်ပွင့်သည့် အချိန်တွင် မိုးများပါက အပွင့်များ ဝတ်မှုန်ကူးခြင်း မပြုနိုင်ဘဲ ကြွေကျသဖြင့် အသီးတင်မှု နည်းပါးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အသီးသီးမည့် အချိန်ကို ရွှေ့ပြောင်းပြီး စိုက်ပေးရသည်။ နဂါးမောက်သီးသည် မိုးရေချိန် များလျှင် ပျက်စီးနိုင်ပြီး အပူချိန်မြင့်တက် ပါကလည်း ပျက်စီးနိုင်သည်။

ပြည်တွင်း၌ စိုက်ပျိုးနေသော နဂါးမောက်မျိုး များမှာ အပူချိန်ကို ခံနိုင်ရည် မြင့်သော မျိုးများ ဖြစ်သော်လည်း အပူချိန် ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် ကျော်လျှင် နဂါးမောက် အပင်များကို အရိပ် တစ်ဝက်ပေး စိုက်ပျိုးပါက အကျိုးရှိ ဖြစ်ထွန်း နိုင်သည်။ လက်ရှိတွင် နဂါးမောက်မျိုး သုံးမျိုးသာ စိုက်ပျိုးလျက် ရှိသည်။ ၄င်းတို့မှာ အပြင်အခွံ အနီရောင်နှင့် အတွင်းသား အဖြူရှိသောမျိုး၊ အပြင်အခွံ အနီရောင်နှင့် အတွင်းသား အနီရောင် ရှိသောမျိုး၊ အပြင်အခွံ အဝါရောင်နှင့် အတွင်းသား အဖြူရောင် ရှိသောမျိုးတို့ ဖြစ်သည်။

အဖြူမျိုးသည် အပြင်မှ အသီးအရောင်မှာ ပန်းရောင်ဘက် သန်းသော အနီရောင် ရှိပြီး အတွင်းသား အဖြူရောင် ဖြစ်ကာ နူးညံ့သည်။ အသားတွင်း ၌ အမည်းစေ့များ ထင်ရှားစွာ ပါရှိပြီး အရသာသည် ချိုရုံသာ ရှိသည်။ ဤအဖြူမျိုးသည် ဖြစ်ထွန်းမှု အလွန်ကောင်းပြီး သက်တမ်း တစ်နှစ် နှစ်နှစ်အတွင်း အသီးစတင် သီးကြောင်း ၊ အနီမျိုးမှာ ဖြစ်ထွန်းမှု အားနည်းပြီး အသီး အရွယ်အစား အားဖြင့် အလွန် မကြီးကြောင်း သိရသည်။ သို့သော် အသား အနီရောင် အသီးမှာ ကျန်းမာရေး အတွက် ပိုမို သင့်လျော်ကြောင်း သိရသည်။ အဖြူမျိုးမှာ တစ်နှစ်လျှင် ငါးကြိမ်ခန့် သီးနိုင်ပြီး အနီးမျိုးမှာ ခြောက်ကြိမ်ခန့် သီးနိုင်ကြောင်း သိရသည်။ အဝါမျိုးမှာ မျိုးတစ်မျိုး အနေဖြင့် စမ်းသပ် စိုက်ပျိုးခြင်း ဖြစ်ပြီး သက်တမ်းအားဖြင့် ပိုရှည်ကြောင်း သိရသည်။

နဂါးမောက်ပင်၏ မျိုးအရင်း အမြစ်သည် ရှားစောင်းလက်ပတ် ပင်များနှင့် မျိုးတူသဖြင့် ရေအလွန်အကျွံ မလောင်းမိစေရန် အရေးကြီးသည်။ နဂါးမောက်ပင်မှာ တိုင်နှင့်စိုက် ရသောမျိုး ဖြစ်သောကြောင့် အမှီတိုင် အဓိက လိုအပ်ကြောင်း သိရသည်။ သစ်သားတိုင်၊ ကွန်ကရစ်တိုင်နှင့် နှစ်လက်မ သုံးလက်မရှိ ဂျီအိုင်ပိုက် များကိုလည်း အသုံးပြု နိုင်ကြောင်း သိရသည်။

နဂါးမောက်ပင်ကို စတင်စိုက်ပျိုးသည့် တစ်နှစ်အတွင်း နွားချေးမြေဆွေး ဆိုလျှင် လေးပြည်မှ ရှစ်ပြည်၊ ပုလဲ ဓာတ်မြေသြဇာ ဆိုလျှင် နှစ်ပေါင်မှ သုံးပေါင်၊ စူပါမြေသြဇာ ဆိုလျှင် သုံးပေါင်မှ လေးပေါင်၊ ပိုတက် မြေသြဇာဆိုလျှင် တစ်ပေါင် မှ နှစ်ပေါင် စသည်ဖြင့် အနည်းဆုံး ငါးကြိမ်မှ ခုနစ်ကြိမ်ခန့် အထိ ကျွေးပေးရမည်။

နဂါးမောက်သီး တစ်ဧက စတင်စိုက်ပျိုးပြီး ဒုတိယနှစ်တွင် တိုင်တစ်တိုင်၌ နဂါးမောက်သီး ငါးကီလိုခန့် ရရှိမည် ဖြစ်၍ ခန့်မှန်း ငွေကျပ် သိန်း ၂ဝ ခန့် ဝင်ငွေ ရရှိမည် ဖြစ်သည် ဒုတိယနှစ်တွင် နဂါးမောက်သီး တစ်ဧကလျှင် နဂါးမောက်သီး ကီလို ၃ဝဝဝ မှ ၄ဝဝဝ အထိ ထွက်ရှိနိုင်ပြီး တတိယနှစ်တွင် အရင်းကျေ၍ နှစ်စဉ်ဝင်ငွေ ငွေကျပ်သိန်း ၃ဝ ခန့် အသားတင် ရရှိမည် ဖြစ်သောကြောင့် ရာသီဥတု ပူပြင်းသော ဒေသရှိ တောင်သူကြီးများ စိုက်ပျိုးရန် သင့်လျော်ပါသည်။ 

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

သဘာဝကို အခြေခံသည့် ခရီးသွားဝန်ဆောင်မှု အစီအစဉ် ယခုနှစ်အတွင်း စတင်နိုင်မည်



ရန်ကုန် ၊ ၂၉-၃-၂ဝ၁၅

သဘာဝရှုခင်း များနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှု အခြေအနေများ အပါအဝင် သဘာဝကို အခြေခံသည့် ခရီးသွား ဝန်ဆောင်မှု အစီအစဉ်ကို ၂ဝ၁၅ ခုနှစ်အတွင်း စတင် ဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ အစီအစဉ်တွင် ခရီးသွားကဏ္ဍနှင့် စပ်လျဉ်း၍ နှစ်အလိုက် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များ ထည့်သွင်းထားပြီး ၂ဝ၂ဝ ပြည့်နှစ်အထိ အကောင် အထည်ဖော် သွားရမည့် ရေရှည်အစီအမံ ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ရှေ့အလားအလာ တိုးတက်ဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ ဝန်ဆောင်မှု အပိုင်း အားနည်းချက် တွေတော့ ရှိနေပါသေးတယ်။ နောက်တစ်ခုက လာမယ့်နှစ်မှာ အကောင်အထည် ဖော်မယ့် အစီအစဉ်တွေ အရ ကျေးလက် တောရွာတွေအထိ ခရီးသွားတွေ ရောက်နိုင်ရမယ်။ သူတို့ တည်းခိုနိုင်မယ့် လုံးချင်း အိမ်ငှား ဝန်ဆောင်မှုတွေလည်း တိုးချဲ့ ရပါမယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ယခု ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၀င်ရောက်မှုကို သုံးသန်းအထိ မျှော်မှန်း ထားကြောင်းနှင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် နှစ်သန်းကျော် ဝင်ရောက်ခဲ့ကာ မြန်မာ့ ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိခဲ့ကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger