www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

အစိုးရကျောင်းများသို့ ပြောင်းရွှေ့လိုသူများ အတွက် အရည်အချင်းစစ် စာမေးပွဲများ ကျင်းပမည်



ရန်ကုန် ၊ ၁၈-၂-၂၀၁၅

ပြည်တွင်း ပြည်ပရှိ နိုင်ငံတကာ သင်ရိုးသင်ကျောင်း များမှ ပြည်တွင်းရှိ အစိုးရ သင်ရိုးညွှန်းတမ်း သင်ကြားသော အခြေခံပညာ ကျောင်းများသို့ ပြောင်းရွှေ့ တက်ရောက် လိုသော ကျောင်းသား၊ ကျောင်းသူ များအား ပြောင်းရွှေ့ တက်ရောက်ခွင့် ပြုရန် အရည်အချင်းစစ် စာမေးပွဲ ( Placement Test ) များကို မေလတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ များသည် နိုင်ငံတကာ ကျောင်းများ၌ နောက်ဆုံး တက်ရောက် အောင်မြင်ခဲ့သော အတန်းနှင့် သက်ဆိုင်သည့် စစ်ဆေးမှု များကို ဖြေဆိုကြရမည် ဖြစ်သည်။

အလယ်တန်း နှင့် နဝမတန်း သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ များသည် ဘာသာရပ် ခြောက်ခုကို လည်းကောင်း၊ မူလတန်း အဆင့် တက်ရောက်မည့် သူများသည် ဘာသာရပ် ငါးခုကို လည်းကောင်း အသီးသီး ဖြေဆိုကြ ရမည်ဖြစ်ပြီး သူငယ်တန်း နှင့် ပထမတန်း သို့ တက်ရောက်မည့် ကလေးငယ် များမှာ အကြား၊ အဖတ်၊ အရေး စွမ်းရည် စစ်ဆေးမှု များကို ခံယူကြရမည် ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုလိုပါက ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများမှာ ယခင် နိုင်ငံတကာ ကျောင်း၌ နောက်ဆုံး အောင်မြင်ခဲ့သော အတန်းနှင့် ပတ်သက်သည့် သက်ဆိုင်ရာ ကျောင်းမှ ထောက်ခံချက် နှင့် မွေးစာရင်းကို တင်ပြရမည် ဖြစ်သည်။ 

ထို စာမေးပွဲများကို မေလတွင် ကျင်းပပြီး ဖြေဆို အောင်မြင် သူများသည် ဇွန်လ ကျောင်းဖွင့်ချိန် တွင် ကျောင်းပြောင်းရွှေ့ တက်ရောက် နိုင်စေရေး မေလအတွင်း အောင်စာရင်းများ ထုတ်ပြန် ကြေညာ ပေးရန် စီစဉ် ထားကြောင်း သိရသည်။

နိုင်ငံတကာ ကျောင်းများမှ အစိုးရ ကျောင်းများသို့ ပြောင်းရွှေ့ တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ စေရန်အတွက် အရည်အချင်းစစ် စာမေးပွဲကို ပညာရေး ဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက် ပေးခြင်း ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ပထမဆုံး အကြိမ် ကျင်းပ ပေးခဲ့ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger