www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2012

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်



ပဒဲကော ကျေးရွာတွင် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်စဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၂

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်း တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ (၃)ဖွဲ့ဖြင့် ဒေသခံ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက် ပေး လျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နယ်လှည့် ဆေးကုသရေး အဖွဲ့ (၁)မှ ကရင်ပြည်နယ် ၊ လိပ်သိုမြို့နယ်ခွဲ ၊ ဗဟုန်းကျေးရွာ တွင် အခြေပြု၍ ဗဟုန်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ (၄၆၁)ဦး ၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)မှ ပဲခူးတိုင်း ဒေသကြီး ၊ ကျောက်ကြီး မြို့နယ် ၊ ကျောင်းစုကျေးရွာ တွင် အခြေပြု၍ ကျောင်းစု ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များ မှ ဒေသခံ ပြည်သူ (၂၂၀) ဦးနှင့် နည်လှည့် ဆေးကုသရေး အဖွဲ့(၃)မှ ပဲခူးတိုင်း ဒေသကြီး ၊ ရွှေကျင်မြို့နယ် ၊ ပဒဲကော ကျေးရွာတွင် အခြေပြု၍ ပဒဲကော ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ (၂၅၇)ဦး ၊ စုစုပေါင်း ဒေသခံ ပြည်သူ (၉၃၈)ဦး တို့ကို ဆေးဝါး ကုသပေး ခဲ့ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ (၇)ဦးအား တောင်ငူမြို့ နယ်မြေခံ တပ်မတော် ဆေးရုံသို့ ပြောင်းရွှေ့ ဆေးဝါးကုသ ပေးခဲ့ကြောင်း သိရသည်။

တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ကျန်းမာရေး ပညာပေး သရုပ်ပြ လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြို့ပြအင်ဂျင်နီယာ နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

စင်ကာပူ နိုင်ငံရောက် မြန်မာ မြို့ပြ အင်ဂျင်နီယာ များအသင်း၏ နည်းပညာရပ် ဆိုင်ရာ ဆွေးနွေး ပွဲ နှင့် နှီးနှော ဖလှယ်ပွဲကို ဒီဇင်ဘာ ၂၃ ရက် ၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ လမ်းမတော် မြို့နယ် ၊ မင်းရဲကျော်စွာ လမ်းရှိ UMFCCI ရုံးချုပ်တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒေါက်တာ စိုးသိမ်း က Marina Coastal Express Way Construction Work in Singapore ၊ ဦးတိုးတိုးအောင် နှင့် ဒေါ် စန်းစန်းတင် တို့က Technical Requirements for Deep Excavation in Singapore ၊ ဦးကျော်သက်ဦး က Large Diameter Pipe Jacking Work for Sewer Net-work ၊ ဦးစန်းနွယ် က Principle and Practie of Quality Control in Highway Construction Projects ၊ ဦးတင်မိုးလွင် က Contract Strategies နှင့် ဦးသန့်ဇော်အောင် က Workplace Safety in Singapore Construction Industry တို့အကြောင်း ရှင်းလင်း ဆွေးနွေး မည်ဖြစ်ပြီး စိတ်ပါဝင်စား သူများ တက်ရောက် လေ့လာ နိုင်ကြောင်း သိရှိရသည်။

ကျေးလက်ဒေသနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ သရုပ်ပြ ဓာတ်ပုံပြပွဲ ၊ ပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နှင့် အပြည်ပြည် ဆိုင်ရာ ဓာတ်ပုံ ၀ါသနာရှင် များအသင်း (မလေးရှား နိုင်ငံ) တို့ ပူးပေါင်း၍ ကျေးလက် ဒေသနှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ ဓာတ်ပုံ ပြပွဲ ၊ ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လိုသူများ အနေဖြင့် ပြိုင်ပွဲဝင် ဓာတ်ပုံများကို Soft copy ၊ Hard copy များဖြင့် ရန်ကုန်မြို့ ၊ မင်းရဲ ကျော်စွာလမ်း ၊ UMFCCI Office Tower ၊ (၈)လွှာရှိ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံးသို့ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျေးလက်ဒေသ နှင့် ဆန်စပါး အပါအ၀င် ၊ လယ်ယာ ထွက်ကုန် ကောက်ပဲ သီးနှံများအား စိုက်ပျိုး ထုတ်လုပ်မှု ၊ ကြိတ်ခွဲ သိုလှောင် ပြုပြင်မှု ၊ တန်ဖိုးမြှင့်တင်မှု ၊ ကုန်သွယ် ရောင်းဝယ်မှု ၊ ပြည်ပ တင်ပို့မှု အစရှိသော ကဏ္ဍများဖြင့် သရုပ်ဖော် ရိုက်ကူး ပြသရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲဝင် ဓာတ်ပုံများကို စိစစ် ရွေးချယ်ပြီး ပထမဆု ငွေကျပ် (၁၀)သိန်း ၊ ဒုတိယဆု ငွေကျပ် (၈)သိန်း ၊ တတိယဆု ငွေကျပ် (၅)သိန်း နှင့် နှစ်သိမ့်ဆု ငွေကျပ် (၁)သိန်း (၁၀)ဆု ချီးမြှင့် သွားမည် ဖြစ်ရာ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံး သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

အိန္ဒိယမှ လှူဒါန်းသည့် ဓမ္မစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား အနေကဇာတင် ရောင်တော်ဖွင့်ပွဲ မကြာမီ ကျင်းပ ပြုလုပ်မည်



ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

အိန္ဒိယ နိုင်ငံမှ မြန်မာ နိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြူ ဖြင့် ထုလုပ် ထားသည့် ဓမ္မစင်္ကြာ ဗုဒ္ဓ ရုပ်ပွားတော် မြတ်သည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း အိန္ဒိယ သံရုံးမှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူ များထံသို့ အကြောင်းကြား ခဲ့ကြောင်း ရွှေတိဂုံ စေတီတော် တာဝန်ရှိသူ ထံမှ သိရှိရသည်။

အဆိုပါ ရုပ်ပွားတော် မြတ်သည် အမြင့် ၁၆ ပေ ၊ အကျယ် ၁၂ ပေ ရှိ အုတ်ခွက် ဘုရားကဲ့သို့ ပုံသဏ္ဍာန် ရှိပြီး နမူနာ ပုံစံငယ်အား ရွှေတိဂုံ ပြတိုက်တွင် ထားရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၇ နာရီတွင် ရဟန်း သံဃာများမှ အနေကဇာတင် ကာ " အနေကဇာတင် ရောင်တော်ဖွင့် ပူဇော်ပွဲ " ကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဓမ္မစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပြည်လမ်း ၊ အနောက် ဘက် ကားဝင်း ကုန်းစောင်း နေရာတွင် ထားရှိ အပူဇော်ခံမည် ဖြစ်သည့်အတွက် ပြတိုက်၏ အောက်ဘက် အနောက်ဘက် ကားဝင်းတွင်း မှပင် ဖူးမြှောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဓမ္မစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား လှူဒါန်းသည့် အိန္ဒိယအဖွဲ့သည် ရန်ကုန်မြို့ရှိ သီတဂူ ဆရာတော် ကျောင်းတွင် ဗုဒ္ဓ အမွေအနှစ် ပြပွဲနှင့် ဓာတ်ပုံ ပြပွဲများပါ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ " မြန်မာနိုင်ငံသို့ ပြည်ပ နိုင်ငံများမှ ဓမ္မလက်ဆောင် အဖြစ် လှူဒါန်းသည့် ရုပ်ပွားတော်များ များစွာ ရှိသော်လည်း ကြီးကြီး မားမား မဟုတ်ဘဲ ယခု လှူဒါန်းသည့် အကြီးမားဆုံး အနေဖြင့် ပထမဆုံး အကြိမ် ဖြစ်ကြောင်း အနောက်ဘက်တွင် ထားရှိ အပူဇော်ခံ ရသည့် ရည်ရွယ်ချက်မှာ အနောက်ဘက် သည် ပိုမို ကျယ်ဝန်းသည့် အတွက် အနောက်ဘက်ကို ပိုမို စည်ကား လာစေချင်တယ် ၊ အနောက် ဘက်တွင် ဗုဒ္ဓ၀င် ပြခန်း လည်းရှိပါတယ် ၊ ဗုဒ္ဓ၀င် ပြခန်းကို ဘုရားဖူးတွေ ရောက်ရှိ စေချင်တယ် ၊ ဗုဒ္ဓနဲ့ ပတ်သက်သမျှ တစ်လုံးပဲ သိသိ ၊ နှစ်လုံးပဲ သိသိ သိသွားစေချင် ပါတယ် ... " ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Most Amazing Yangon Exhibition and Car Show ဖွင့်ပွဲကျင်းပ




ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

Creation Strength Co., Ltd မှ ကြီးမှူး ပြုလုပ်သည့် The Most Amazing Yangon Exhibition and Car Show ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီး ၊ Creation Strength Co., Ltd ဥက္ကဋ္ဌ ၊ မန်နေဂျင်း ဒါရိုက်တာ ၊ ကမ္ဘောဇဘဏ် လီမိတက် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ နှင့် ရတနာမြိုင် ဆောက်လုပ်ရေး ဥက္ကဋ္ဌ တို့က ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၁-၂၀၁၂)


Scribd
Mediafire
Minus

Wednesday, November 28, 2012

Sports View Journal အတွဲ(၁) အမှတ် (၄၇)


Sports View Journal အတွဲ(၁) အမှတ် (၄၇) ကို
အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါပြီ ။


Download >> mediafire

ပထမအကြိမ် သွားဘက်ဆိုင်ရာ ဆေးပညာာ နှီးနှောဖလှယ်ပွဲ ကျင်းပ




ရန်ကုန် ၊ ၂၈-၁၁-၂၀၁၂

ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း နှင့် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဝေ့ဌာနဆေးရုံ သွားဘက်ဆိုင်ရာ ဌာနတို့ ပူးပေါင်း၍ သွားဘက် ဆိုင်ရာ ဆေးပညာ နှီးနှော ဖလှယ်ပွဲကို နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ UMFCCI အသင်းချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ခေတ်မီ တိုးတက် နေသည့် ကုထုံးများကို လေ့လာ နိုင်ကြခြင်းဖြင့် မြန်မာနိုင်ငံ သွားဘက်ဆိုင် ရာ ဆေးပညာ အဆင့်အတန်း မြင့်မား လာစေရန် ရည်ရွယ်၍ ကျင်းပသော အဆိုပါ ဆေးပညာ နှီးနှော ဖလှယ်ပွဲတွင် ထိုင်းနိုင်ငံမှ သွားဘက်ဆိုင်ရာ ပညာရှင် ၃ ဦးတို့က သွားအမြစ် အစားထိုး ကုသခြင်း ( Implant Surgery Update ) နှင့် သွားပြုပြင် ထိန်းသိမ်းခြင်း ပညာ ( Cosmetic Dentistry Update ) တို့ကို ဟောပြော ခဲ့ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger